22 September, 2014

အနံ့စူးရှသော်ငြား အမျိုးသမီးများအတွက် ကောင်းကျိုးရှိသည့် အစာလေးမျိုး


အနံ့ပြင်းပေမယ့် အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် စားသင့်တဲ့ အစားအစာလေးမျိုးကို ဖော်ပြပေးလိုက် ပါတယ်။

(၁) ဒူးရင်းသီး

အသီးဘုရင်လို့ တင်စားကြတဲ့ ဒူးရင်းသီးဟာ ချွန်ထွက်တဲ့ ဆူးတွေနဲ့ စူးရှတဲ့ အနံ့ရှိပါတယ်။ ဒူးရင်းသီးကို အသင့်အတင့် စားတာကြောင့် အမျိုးသမီးတွေမှာ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု ဝေဒနာကို သက်သာစေ ပါတယ်။

(၂) ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ကင်ဆာကို ကာကွယ်နိုင်ရုံသာမက သွေးခဲမှုမဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။ ဒါ့ အပြင် ဆံပင်သားကို စိုပြည်သန်စွမ်းစေပါတယ်။

(၃) နံနံပင်

သက်လတ်ပိုင်း အမျိုးသမီးတွေဟာ ဘိုရွန်ပါဝင်တဲ့ အစာကို စားပေးရင် ခန္ဓာကိုယ်မှ သတ္တုဓာတ်စုပ်ယူနိုင် စွမ်းအား ကောင်းစေပြီး အရိုးတွေကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဘိုရွန်ပါဝင်မှု မြင့်မားတဲ့ နံနံပင်ကို စားပေးသင့်တာဖြစ်ပါတယ်။

(၄) မုန်ညင်းစေ့က ထုတ်ထားသည့် စားမြိန်ရည်

ဟင်းခတ်အမွှေးကြိုင်အဖြစ် စားလေ့ရှိတဲ့ မုန်ညင်းစေ့စားမြိန်ရည်ဟာ အမျိုးသမီးတွေရဲ့ အင်ဒိုခရိုင်းစနစ်ကို ဟန်ချက်ညီစေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို အားကောင်းစေပါတယ်။ ဒါ့အပြင် မျက်နှာပြင်အနှံ့
သွေးလှည့်ပတ်မှု ကောင်းစေကာ ပန်းနုရောင်သမ်းတဲ့ အသားအရေကို ပိုင်ဆိုင်စေပါတယ်။

ဇွန်

05 September, 2014

အမျိုးသားအများစု ပြုလုပ်နေကျ ကျန်းမာရေး ထိခိုက်စေသည့် အပြုအမှု သုံးရပ်


အမျိုးသားအများစုမှာ ရှိတတ်တဲ့အပြုအမူသုံးရပ်ဟာ သက်ရှည်ကျန်းမာရေးကို ထိခိုက်စေပြီး ရောဂါဝေဒနာ
တွေကို ရရှိစေပါတယ်။

ကျန်းမာရေးအတွက် ရေနွေးကြမ်း၏ အသုံးဝင်ပုံ




ရေနွေးကြမ်းကို သောက်လေ့ရှိပါသလား။ လက်ဖက်ခြောက်၊ လက်ဖက်စိမ်းခြောက် စတာတွေ ခတ်ထားတဲ့ ခတ်ထားတဲ့ ရေနွေးကြမ်းသောက်တာကြောင့် အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

04 September, 2014

အသားအရေအကြောင်း အံ့အားသင့်စရာ အယူအဆလေးရပ်


အသားအရေနဲ့ ပတ်သက်ပြီး လူအများစုကြားမှာ တွေ့ရတဲ့ အယူအဆတွေကို ရေးသားလိုက်ရပါတယ်။

မျက်နှာပေါ်တွင် အညိုစက်များ မထင်စေရန်


           ခရမ်းလွန်ရောင်ခြည်ဒဏ်ကို နှစ်ရှည်လများ ခံခဲ့ရတာကြောင့် မျက်နှာပေါ်မှာ အညိုရောင် အစက် အပြောက်တွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့်မျက်နှာပေါ်မှာ အညိုစက်၊ အမည်းစက်တွေ မထင်စေဖို့ ကာ ကွယ်ကုသသင့်တဲ့ နည်းတွေကို ရေးသားလိုက်ရပါတယ်။

25 August, 2014

ချိုင်း မည်းနေသလား


ချိုင်း မည်းတာဟာ အရည်အသွေးနိမ့်တဲ့ ချိုင်းလိမ်းဆေး၊ အမွေးကျွတ်ခရင်မ်နဲ့ ချွေးထွက်များတာ စတဲ့ အကြောင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ချိုင်းချွေးထွက်နှုန်း များရင် တင်းကျပ်လွန်းတဲ့ အ၀တ်အစားတွေ ကို မ၀တ်ပါနဲ့။ ချိုင်းမည်းတာကို သက်သာစေဖို့ အောက်ပါ သဘာဝနည်းတွေကို လိုက်နာသင့်ပါတယ်။

ကျန်းမာရေးအတွက် ပွေ့ဖက်ခြင်း၏ အသုံးဝင်ပုံ


ပွေ့ဖက်တာက သင့်စိတ်ခံစားမှု အခြေအနေကို ဖော်ပြနိုင်ရုံသာမက ကျန်းမာရေးအကျိုးကျေးဇူးတွေကို လည်း ရရှိစေပါတယ်။ ချစ်ခင်သူနဲ့ ပွေ့ဖက်တာနဲ့လက်ချင်းဆုပ်ကိုင်တာတွေဟာ ပျော်ရွှင်မှုကို ရရှိစေ သလို နှလုံးရောဂါနဲ့ စိတ်ဓာတ်ကျတာလို ပြင်းထန်တဲ့ ရောဂါဝေဒနာတွေမရအောင်လည်း ကာကွယ်ပေး ပါတယ်။

ကလေး ကြီးထွားဖွံ့ဖြိုးမှု မှန်ကန်စေရန်


ကလေးရဲ့ ကိုယ်၊ စိတ်ကြီးထွားဖွံ့ဖြိုးမှု မြန်ဆန်စေဖို့နဲ့ မှန်ကန်စေဖို့ရာအတွက် မိဘအုပ်ထိန်းသူတိုင်း သိထားသင့်တဲ့ နည်းလမ်းတွေကို အကြံပြုပါရစေ။

23 August, 2014

သင်သောက်နေတဲ့ ဆေးတွေကြောင့် ကိုယ်အလေးချိန်တိုးလာတာလား


                ကိုယ်အလေးချိန် တိုးလာတာဟာ တချို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ ဆေးသစ်တစ်မျိုးကို သောက်ပြီး ကိုယ်အလေးချိန် အလွန်မြင့်တက်လာတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်နေပါပြီ။

သန္ဓေတားချင်တယ်


       ဒေါက်တာနီလာရဲ့ ဆေးခန်းကို လူနာအမျိုးမျိုး၊ အထူးသဖြင့် အမျိုးသမီးလူနာ အမျိုးမျိုး လာပြလေ့ရှိကြ ပါတယ်။ အမျိုးသမီးလူနာတွေထဲမှာ စုစုတို့လို ငယ်ရွယ်တဲ့ သူတွေလည်း ပါသလို အသက် ၆၀ ကျော် အမျိုး သမီးတွေလည်းပါတယ်။ စုစုတို့အရွယ်တွေက ဓမ္မတာရာသီနဲ့ပတ်သက်တဲ့ ဝေဒနာတွေ ခံစားရတာကြောင့်
လာပြတာများသလို အသက် ၆၀ ကျော်ချိန်မှာတော့ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ၊ သားအိမ်ကျတာစတဲ့
ဝေဒနာတွေကြောင့် လာတိုင်ပင်ကြတာ များပါတယ်။
      ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ လာပြတတ်ပေမယ့် သန္ဓေတားချင်လို့ဆိုပြီး လာရောက်တိုင်ပင်တာ
တော့ နည်းပါတယ်။ တစ်ခါတလေ လင်မယားစုံတွဲတွေ ရောက်လာပြီး သုံးလခံသန္ဓေတားဆေး ထိုးချင်လို့
ဆိုပြီး ရောက်လာတာရှိပေမယ့် ဒီသန္ဓေတားနည်းအကြောင်းကို ပြည့်ပြည့်စုံစုံမေးမြန်း တိုင်ပင်တတ်သူတွေ
တော့ ရှားလှပါတယ်။ ဒီနေ့တော့ ထူးထူးခြားခြားအသက် ၂၇ နှစ်အရွယ် စုံတွဲတစ်တွဲရောက်လာပါတယ်။

14 August, 2014

သင့်ချစ်သူကို ဘယ်လိုအဓိပ္ပာယ်နဲ့ နှင်းဆီပန်း ပေးချင်သလဲ



    ကိုယ်ချစ်တဲ့ ချစ်သူမိန်းကလေး၊ ဇနီးမယားတွေကို အမျိုးသားတွေက မွေးနေ့၊ Valentine's Day တွေနဲ့ ချစ်သူသက်တမ်းအထိမ်းအမှတ်နေ့ရက်တွေလို နေ့တွေမှာ နှင်းဆီပန်းလက်ဆောင်ပေးလေ့ရှိကြပါတယ်။
သင်ပေးတဲ့ နှင်းဆီပန်းအရောင်က ဘယ်လို အဓိပ္ပာယ်မျိုးရှိတယ်ဆိုတာ သင်သဘော ပေါက်နားလည်ပြီး
ပေးရင် သင့်ချစ်သူအတွက် ပိုလှပပြီး ပိုမွှေးမြနေမှာပါ။

31 July, 2014

ရင်သားအရေပြားနီမြန်းခြင်း ကင်းဝေးစေရန်

ရင်သားကြီးတဲ့ အမျိုးသမီးတွေဟာ တစ်ခါတစ်ရံ ရင်သားနီမြန်းမှု၊ အထူးသဖြင့် ပူပြင်းတဲ့ နွေရက်တွေမှာ 
ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးအများစုဟာ ရင်သားနီမြန်းတာ၊ နာကျင်တာ၊ ယားယံတာနဲ့ ပူစပ်ပူ
လောင်ဖြစ်တာ စတဲ့ ဝေဒနာတွေကို ဘယ်လို ကာကွယ်ရမယ်ဆိုတာ မသိကြပါဘူး။ ရင်သားအရေပြား နီမြန်းတာက အဖြစ်များပြီး ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ တကယ်တော့ ရင်သားအရေပြား နီမြန်းမှုမဖြစ်အောင် အလွယ်တကူ ကာကွယ်နိုင်ပါတယ်။

ကိုယ်အလေးချိန် ထိန်းနိုင်မည့် နံနက်စာစားနည်း


အစာမစားဘဲနေတာက ကိုယ်အလေးချိန်လျော့ကျစေတဲ့ နည်းလမ်းကောင်းမဟုတ်ပါဘူး။ အထူးသဖြင့် မနက်စာမစားဘဲ မနေပါနဲ့။ မနက်စာကိုပုံမှန်စားတာဟာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်း မွန်စေပြီး တစ်နေ့တာအတွင်း ကယ်လိုရီလောင်ကျွမ်းမှုနှုန်းကို မြင့်တက်စေပါတယ်။

အိပ်ရာထဲတွင် မြန်ဆန်စွာ အိပ်မောကျစေမည့် နည်းခြောက်သွယ်


လူအများစုဟာ ခေါင်းအုံးနဲ့ ခေါင်းထိလိုက်ရုံနဲ့ အိပ်မောကျသွားတတ်ပါတယ်။ လူအနည်းစုကတော့ အတွေး
တွေများပြီး တော်တော်နဲ့ အိပ်မပျော်နိုင်ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်ရာထဲဝင်ပြီး အချိန်အတော်ကြာတဲ့ အထိ လူးလူးလွန့်လွန့်နဲ့ အိပ်မပျော်နိုင်တာမျိုး မကြုံဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေဖို့ အောက်ပါနည်း
ခြောက်သွယ်ကို ရေးသားလိုက်ရပါတယ်။

10 July, 2014

သင့်အသားအရေ အပြစ်အနာအဆာတို့အတွက် အကောင်းဆုံး ဗီတာမင်များ



တချို့အာဟာရဓာတ်တွေဟာ အရေပြားအိုမင်းမှု လက္ခဏာ
တွေကို ကာကွယ်ပေးနိုင်တယ်၊ ဖြစ်ပေါ်နေတဲ့ အိုမင်းမှုပြဿ
နာတွေကို လျော့ချပေးနိုင်တယ် ဆိုတာ လေ့လာမှုတွေ အရ သိရပါတယ်။ ကောင်းမွန်မျှတတဲ့ အစားအသောက်ဟာ အသားအရေကိုနူးညံ့ပျော့ပျောင်းကာ တောက်ပစေတဲ့ အ တွက် အစား အသောက်ကို အာဟာရပြည့်ဝအောင်စားဖို့ လိုအပ်နေပါတယ်။ ဒါ့အပြင် ဗီတာမင်တွေကို လိမ်းခြယ်တာ
ကြောင့်လည်း အရေးကြောင်းဖြစ်တာ၊ မျက်ကွင်းညိုတာ စတဲ့
ပြသနာတွေကို ကင်းစင်စေပြီး အိုမင်းမှုကို ဟန့်တားပေးနိုင် ပါတယ်။ သင့်မှာ ဖြစ်ပေါ်တဲ့ပြသနာတွေပေါ် မူတည်ပြီး အသုံး
ပြုသင့်တဲ့ ဗီတာမင်အမျိုးအစားတွေကို ရေးသားလိုက်ရပါ တယ်။

သင်ချစ်သောသူ သေဆုံးသည့်အခါ ပူဆွေးသောကရောက်နေခိုက် သက်သာရာရစေမည့် အပြုအမူများ

ကိုယ်ချစ်ခင်တဲ့သူ (ဥပမာ- ဆွေမျိုးသားချင်း၊ မိတ်ဆွေသူငယ်ချင်း ၊ ခင်မင်ရသူ) သေဆုံးသွားတဲ့အခါ “သေသောသူ ကြာရင်မေ့”   ဆိုတဲ့ စကားလိုမျိုး သူ့ကိုမမေ့နိုင်ဘဲ ၀မ်းနည်းကြေကွဲနေရင် အောက်ပါ နည်းလမ်းတွေကို လုပ်ဆောင်သင့်ပါတယ်။

03 July, 2014

နောက်တစ်ကြိမ် မိန်းမကိုယ်မှိုစွဲခြင်း မဖြစ်စေရန်

မိန်းမကိုယ်တစ်ဝိုက် ဘက်တီးရီးယားပိုးတွေ မမျှတမှုကြောင့် မိန်းမကိုယ်ယားယံတာနဲ့ မသက်မသာဝေဒနာ တို့ဖြစ်တတ်ပါတယ်။ မိန်းမကိုယ် မှိုစွဲဝေဒနာကို မကြာခဏ ရတတ်သူတွေအနေနဲ့ နောက်တစ်ကြိမ် မိန်းမ ကိုယ် မှိုစွဲဝေဒနာမဖြစ်စေဖို့ ရှောင်လွှဲနိုင်မယ့် နည်းတွေကိုရေးသားလိုက်ရပါတယ်။

သင့်ကျန်းမာရေးအတွက် မိဘတို့ကို မေးသင့်သော မေးခွန်း ၁၀ ခု


သင့်မိဘတွေ သွားကျိုးတဲ့ အရွယ်ကနေ ရင်ပူဝေဒနာခံစားရတဲ့အထိ ကျန်းမာရေးရာဇ၀င်ကို မေးမြန်းပါ။ သင့်မိဘရဲ့ ကျန်းမာရေးရာဇ၀င်ကို သိနားလည်တာဟာ သင့်မှာ ရောဂါဝေဒနာအများစု ဖြစ်နိုင်ခြေကို ခန့်မှန်းသိရှိနိုင်တာကြောင့် သင့်မိဘတွေကို မေးသင့်တဲ့ မေးခွန်း ၁၀ခုကို ဖော်ပြပေးလိုက်ပါတယ်။

02 July, 2014

နို့နှင့် နို့ထွက် ပစ္စည်းတို့၏ ကျန်းမာရေးအကျိုးကျေးဇူးများ


အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးတာကြောင့် အသက်ရှည်တာ၊ စိတ်ခံစားမှုကောင်းတာနဲ့ ကိုယ်အလေးချိန်ထိန်းနိုင်တာစတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေကြောင်း သိပြီးဖြစ်ပါတယ်။ အခု အခါ သိပ္ပံပညာရှင်တွေရဲ့ လတ်တလော လေ့လာအတည်ပြုထားတဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးသွားမှာ
ဖြစ်ပါတယ်။

သင့်မျက်ခုံးက ပြောသော သင့်အကြောင်း




 
မျက်ခုံးတွေက မျက်နှာပုံပန်းသဏ္ဌာန်ကို ကြည့်ကောင်းအောင် ပုံဖော်ပေးရုံသာမက သင့် ကိုယ်ရည်ကိုယ်သွေးကိုပါ လှစ်ဟ
ဖော်ပြပေးနေပါတယ်။ သင့်အကြောင်းကို လေ့လာသိရှိစေဖို့ သင့်မျက်ခုံးပုံစံကို ဆန်းစစ်ကြည့်ပါ။

LinkWithIn

Related Posts Plugin for WordPress, Blogger...