29 March, 2013

Tips ~ ကိုက်ခဲတာတွေဖြစ်ရင်

ခေါင်းကိုက်တာ၊ အဆစ်ကိုက်တာ ဒါမှမဟုတ် တခြားကိုက်ခဲတာတွေဖြစ်ရင်
စက္ကန့် ၆၀ အတွင်း သက်သာနိုင်အောင် မတ်မတ်ရပ်ပါ ( ဒါမှမဟုတ် ) မတ်မတ်ထိုင်ပါ လို့ 
စိတ်ပိုင်းဆိုင်ရာဂျာနယ်မှ လေ့လာမှုအသစ်အရ ဖော်ပြထားပါတယ်။ 
အနေအထား မှန်ကန်တာကြောင့် နာကျင်မှုကို အောင်မြင်ရာမှာ နှစ်ဆခန့်မြင့်တက် သွားတယ်လို့ ဆိုပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်စိတ်မြင့်တက်လာပြီး သင့်ကိုပြဿနာ ဖြစ်စေတဲ့ အကြောင်းအရာကို ပိုမိုထိန်းချုပ်နိုင်တာကြောင့်လို့ဆိုပါတယ်။ ဒါ့အပြင်နာကျင်မှုကို အဖြစ်နည်းတဲ့ 
တက်စထရိုစတီ ရုန်းဟော်မုန်းတွေ ခန္ဓာကိုယ်မှ ထွက်ရှိလာတာကြောင့်လို့လည်း ဆိုပါတယ်။  

Good Health ဂျာနယ်

အိမ်ထောင်သည်များ အသက်အရွယ်မရွေး ကျန်းမာနေစေမည့် စမတ်ကျသော နည်းလမ်း ၇ သွယ်


 
ပေါင်းသင်းခဲ့တဲ့ နှစ်ကာလတွေ ဘယ်လောက်ပဲ ကြာခဲ့၊ ကြာခဲ့ တစ်ဦးနဲ့ တစ်ဦး အချစ်မပြယ်ဘဲ ကိုယ်ကျန်းမာ စိတ်ချမ်းသာ
နေစေမယ့် စမတ်ကျကျ နည်းလမ်းတွေရှိပါတယ်။


(၁) ခါးအတိုင်းအတာကို စောင့်ကြည့်ပါ

အိမ်ထောင်သည် အများစုဟာ ခါးတုတ်ပြီး ဗိုက်ပူလာတတ်ပါတယ်။ ဒါကြောင့် အထွေထွေ ကျန်းမာရေး ထိခိုက်စေနိုင်သလို ဆွဲဆောင်မှု လည်း လျော့ကျတတ်ပါတယ်။ နယူးအင်္ဂလန် ဂျာနယ်ရဲ့ လေ့လာမှု တစ်ရပ်အရ သင်အဝလွန်ရင် သင့်အိမ်ထောင်ဖက် အဝလွန်နိုင်ခြေ ၃၇ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ အဝလွန်တာကြောင့်နှလုံး
ရောဂါ၊ ဆီးချို သွေးချိုရောဂါတို့လို နာတာရှည်ရောဂါတွေဖြစ်နိုင်ခြေ
မြင့်မားတာကြောင့် အဝမလွန်အောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့နေထိုင်စားသောက်မှု ပုံစံကို လိုက်နာသင့် ပါတယ်။

နိုင်ငံတကာက လက်ခံထားသော အိမ်ထောင်မှုသုခ မြင့်တက်စေမည့် အလွယ်နည်းများ


တချို့စုံတွဲတွေမှာ အိမ်ထောင် သက်တမ်းက ကြာမြင့်လာ
တာကြောင့် ချစ်ကြည်နူးဖို့ငြီးငွေ့လာတတ်သလို တချို့
စုံတွဲတွေမှာ အသက်ကြီးလာတာကြောင့် စိတ်ဆန္ဒတွေ
လည်း လျော့ပါးလာ တတ်ပါတယ်။ အဲဒီအခါ အိမ်ထောင်မှု သုခ လျော့ပါး လာတတ် တာကြောင့် အိမ်ထောင်မှုသုခ
မြင့်တက်ဖို့ရာအတွက် နိုင်ငံတကာက လက်ခံထားတဲ့ လွယ်ကူတဲ့ အောက်ပါနည်းတွေကို ကျင့်သုံးပေးသင့်ပါတယ်။

ကမ္ဘာ့ အကောင်းဆုံး အလှအပရေးရာနည်း ၁၃သွယ်

 

ကမ္ဘာတစ်ဝန်းရှိ အလှအပရေးရာ  ကျွမ်းကျင်သူတွေက အကောင်းဆုံး အလှအပနည်းလမ်းတွေကို အောက် ပါအတိုင်း ဖော်ပြခဲ့ပါတယ်။
 

 အရွယ်မရွေး ငယ်နုနေအောင် 


"သင့်လက်တွေနဲ့ လည်ပင်းကို အမြဲတမ်း
နေကာခရင်မ်လိမ်းပေးပါ" လို့ ဩစတြေးလျ မိတ်ကပ်ပညာရှင် စူးက ဆိုပါတယ်။ "လက်နဲ့လည်ပင်းဟာ အိုမင်း မှုကို အမြန်ဆုံး
ပြသနိုင်တာကြောင့် မျက်နှာလိုပဲ အရေးကြီးပါတယ်။ ဒါကြောင့် ငယ်ရွယ်နုပျိုတဲ့ အသွင်ရရှိစေဖို့ မျက်နှာလိုပဲ လက်နဲ့လည်ပင်း အရေပြားကိုလည်း ဂရုစိုက်သင့်ပါတယ်" လို့သူက ရှင်းပြပါတယ်။

28 March, 2013

သင့် ကျန်းမာရေးအတွက် တရားထိုင်ကြည့်ပါ


တရားထိုင်တယ်ဆိုတာ လွယ်လွယ်ပြောရရင်တော့ ရှုပ်ထွေးပျံ့လွင့်နေတဲ့ စိတ်အာရုံကို ငြိမ်သက်အေး ချမ်းသွားအောင် အာရုံတစ် ခုတည်းမှာ စုစည်းလိုက်တာပါ၊ တရားထိုင်ခြင်းကြောင့် ရရှိလာတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အရှေ့တိုင်း တွေးခေါ်ပညာရှင်တွေဟာ နှစ်ထောင်ပေါင်းများစွာ ကတည်းက သိရှိပြီး ပါပြီ၊ အခုအချိန်မှာ အနောက်တိုင်း အတွေးအခေါ်ပညာရှင်တွေကလည်း တရားထိုင်ခြင်းအကြောင်း လက်တွေ့သုတေသန ပြုလေ့လာ ယုံကြည်လာပြီဖြစ်ပါတယ်။

အသက် ၂၅ နှစ် ကျော်လာချိန်မှာ


သင့်အသက် ၂၅ နှစ် ရှိနေပြီလား။ 

ဒီအချိန်ဟာ ခန္ဓာကိုယ်တွင်း စနစ်တွေ အားလုံး အပြည့်အဝ ဖွံ့ဖြိုးပြီး အမြင့်မားဆုံး စွမ်းဆောင်နိုင်တဲ့ အချိန် ဖြစ်ပါတယ်။ ဒီအချိန်ဟာ သင်ရဲ့ကျန်းမာရေးကို ကောင်းမွန်အောင် လုပ်ဖို့ အကောင်းဆုံးအချိန် ဖြစ်တာကြောင့် သင့်ကျန်းမာရေးနဲ့ သင့်အနာဂတ်ကို တည်ဆောက်ဖို့  အကောင်းဆုံး အချိန်လည်း ဖြစ်နေပါတယ်။




အိပ်မက်အကြောင်း စိတ်ဝင်စားဖွယ်ရာ အချက် ၁၀



အိပ်မက်ဆိုတာ လူတိုင်းမက်လေ့ရှိတဲ့ အရာပါ။ အိပ်မက်မက်ခဲ့မှန်း သိပေမယ့် ဘာကို မက်လို့မက်မှန်း မသိအောင် စဉ်းစားလို့မရတဲ့ အဖြစ်တွေ ရှိကောင်းရှိပေမယ့်  ပီပီသသနဲ့ ဇာတ်လမ်းတစ်ပုဒ်လို ထင်ကျန် ရစ်တဲ့ အိပ်မက်တွေလည်း ရှိကြမှာပါ။ ကျွန်မတို့တွေ အိပ်တဲ့အခါ မက်လေ့ရှိတဲ့ အိပ်မက်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ရာ ကောင်းတဲ့ အချက်တွေကို လေ့လာမှုတွေက အခုလို ဖော်ပြထားပါတယ်။

ဝမ်းပျက်ဝမ်းလျှောနေချိန် ဆောင်သင့်၊ ရှောင်သင့်သည့် အချက်များ





ဝမ်းလျှောတယ်ဆိုတာ  ယေဘုယျအားဖြင့် ပျော့ပျောင်းတဲ့  အရည်ကြည်ဝမ်းတွေ သွားနေပြီး မကြာခဏ ဝမ်းသွားနေတဲ့ အခြေအနေကို ခေါ်ပါတယ်။  ဝမ်းလျှောတာ က အများအားဖြင့် နှစ်ရက်လောက်ပဲ ကြာပေမယ့် ကြာရှည်ဝမ်းသွားတဲ့ အခြေအနေဆိုရင် နှစ်ရက်ကျော် ကြာတဲ့အထိ ဝမ်းသွားတတ်ပါတယ်။ ဒီအခြေ အနေမျိုးမှာ ရေဓာတ်ခမ်းခြောက်မှု ဖြစ်တတ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာက ဘက်တီးရီးယားပိုး ဝင်တာ၊ ဗိုင်းရပ်စ်ပိုး ဝင်တာ၊ အစာနဲ့ မတည့်တာ၊ ကပ်ပါးပိုးတွေ ဝင်တာ၊ ဆေးနဲ့ မတည့်တာနဲ့ အူလမ်းကြောင်း ဆိုင်ရာရောဂါတွေကြောင့် ဖြစ် တတ်ပါတယ်။ ဝမ်းပျက်တဲ့အခါ ခံစားရတဲ့ လက္ခဏာတွေက ဗိုက်အောင့်တာ၊ လေ ထတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ၊ အိမ်သာကို အလောတကြီး သွားချင်စိတ် ပေါ်တာ စတာတွေ ဖြစ်ပါတယ်။ ဘယ်လို အကြောင်းကြောင့်ပဲ ဝမ်းပျက်ပါစေ၊ ဝမ်းပျက်ဝမ်းလျှောနေချိန်မှာ ဆောင် သင့်၊ ရှောင်သင့်တဲ့ အချက်တွေကို သိနားလည်ထားဖို့ လိုပါတယ်။

သင်ခံစားနေရသော နာကျင်ကိုက်ခဲမှုက ပုံမှန်လား၊ အန္တရာယ်ရှိလား


လူတိုင်းလိုလိုဟာ ခေါင်းကိုက်ခြင်း၊ ကြွက်သား တင်းတောင့်ခြင်း၊ ဗိုက်နာ ဗိုက်အောင့်ခြင်းစတဲ့ နာကျင်ကိုက် ခဲမှုကို မကြာခဏ ခံစားရတတ်ပါတယ်။ နာကျင်ကိုက်ခဲမှုဟာ ပျောက်လိုက်၊ ပြန်ဖြစ်လိုက် ဖြစ်တတ်သလို နာတာရှည် ခံစားနေရတာမျိုးလည်း ရှိပါတယ်။ ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုက ပုံမှန်ပဲလား၊ ပုံမှန်မဟုတ် ဘဲ အန္တရာယ်ရှိသလားဆိုတာ သိနိုင်ဖို့ လိုအပ်ပါတယ်။

နုံးချည့် ညောင်းညာ ကိုက်ခဲနေသူများအတွက် နည်းလမ်းလေးများ


နုံးချည့်ညောင်းညာကိုက်ခဲမှု ဝေဒနာတွေကို ခံစားရတဲ့အခါ ဘဝဟာ အနှစ်သာရ ကင်းမဲ့သလိုလို မပျော်ရွှင် မှုတွေ ခံစားရတတ်ပါတယ်။ စိတ်သွားတိုင်း ကိုယ်မပါနိုင်တာကြောင့် အချိန်ပြည့် အိပ်ရာထဲခွေပြီး လှဲလျောင်းနေချင်တတ်ပါတယ်။ ဒါကြောင့် နုံးချည့် ညောင်းညာကိုက်ခဲတတ်သူတွေ မေးလေ့ရှိတဲ့ မေးခွန်း
တွေအတွက် ကျွမ်းကျင်သူတွေ ဖြေဆိုထားတဲ့ အဖြေတွေကို ဖော်ပြပေးလိုက်ပါတယ်။

တစ်နေကုန် စွမ်းအင်အပြည့် ရှိနေစေရန် နံနက်ခင်းတွင် လုပ်ဆောင်သင့် သည့် လှည့်ကွက် ခြောက်မျိုး


အိပ်ရာ နိုးထကာစ နံနက်ခင်း အချိန်မှာ အားအင် အပြည့်နဲ့ လန်းလန်း ဆန်းဆန်း အလုပ်လုပ်နိုင်ပေမယ့် ညနေခင်းအချိန်ရောက်တဲ့အခါ ပင်ပန်းနွမ်း နယ်နေသလို ဖြစ်တတ်ပါသလား။ နံနက်ခင်းကနေ ညနေဘက် အထိ တစ်နေ့လုံး စွမ်းအင်အပြည့်ရှိပြီး စိတ်ရော ကိုယ်ပါ လန်းဆန်းတက်ကြွနေစေဖို့ အောက်ပါ နည်းခြောက်မျိုးကို လိုက်နာကြည့်ပါ။

25 March, 2013

ကျန်းမာရေးအတွက် အရေးကြီးသည့် BMI

မိမိ၏ ကိုယ်အလေးချိန်ကို ပေါင်ဖြင့်လည်းကောင်း၊ အရပ်အမောင်းကို ပေ၊လက်မ ဖြင့်လည်းကောင်း သိထားရုံနှင့် BMI တွက်နိုင်ပါတယ်။ BMI 18.5 မှ 24.9 ကြားမှာရှိရင် ကျန်းမာရေးအတွက်အကောင်းဆုံးပါ။ BMI 18.5 ထက်နည်းရင် ကိုယ်အလေးချိန် စံမပြည့်သူလို့ သတ်မှတ်ပါတယ်။ BMI 25 နဲ့ 29.9 ကြားမှာရှိရင် အ၀လွန်သူလို့သတ်မှတ်ပါတယ်။ BIM 30 နဲ့အထက်ရှိသူကို အလွန်ဝသူ ဟုသတ်မှတ်ပါတယ်။

ကျန်းမာရေးကို ထိခိုက်စေသောလုပ်ငန်းခွင် အလေ့အထ ဆိုးများ



 လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှု ခံစားရတာကြောင့် စိတ်ကျန်းမာရေးကို ထိခိုက်စေရုံသာမက နာမကျန်းမှုတွေ
လည်း ဖြစ်စေနိုင်ပါတယ်။  ဒါ့အပြင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ငန်းခွင် အလေ့အထဆိုးတွေကို
သုတေသနတွေက လေ့လာ ဖော်ထုတ်ခဲ့ပါတယ်။


LinkWithIn

Related Posts Plugin for WordPress, Blogger...