23 August, 2014

သင်သောက်နေတဲ့ ဆေးတွေကြောင့် ကိုယ်အလေးချိန်တိုးလာတာလား


                ကိုယ်အလေးချိန် တိုးလာတာဟာ တချို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ ဆေးသစ်တစ်မျိုးကို သောက်ပြီး ကိုယ်အလေးချိန် အလွန်မြင့်တက်လာတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်နေပါပြီ။


စိတ်ကျရောဂါကုသဆေးအချို့

စိတ်ကျရောဂါကုသဆေး မှီဝဲနေသူ ၂၅ ရာခိုင်နှုန်းကျော်ဟာ အနည်းဆုံး ကိုယ်အလေးချိန် ၁၀ ပေါင်ခန့် မြင့် တက်လာတတ်ပါတယ်။ စိတ်ကျကုသဆေး စသောက်ပြီးချိန်မှာ ကိုယ်အလေးချိန်မြင့်တက် လာတတ်သလို တချို့လူနာတွေကျတော့ ဆေးသောက်တာ ခြောက်လခန့်ကြာမှ ၀လာတတ်ပါတယ်။ စိတ်ကျ ကုသဆေး
aသာက်သူတိုင်း ကိုယ်အလေးချိန်တက်လာတာမျိုးတော့ မဟုတ်ပါဘူး။

စတီးရွိုက်ဆေးအချို့

ပန်းနာရင်ကျပ်ရောဂါ၊ အဆစ်ရောင်နာနဲ့ ကင်ဆာရောဂါတချို့ကို ကုသရာမှာသုံးတဲ့ စတီးရွိုက်ဆေးတချို့ ဟာ ကိုယ်အလေးချိန် မြင့်တက်စေပြီး မျက်နှာက လပြည့်ဝန်းကြီးလို ဖောင်းနေတတ်ပါတယ်။

ဆီးချိုရောဂါကုဆေးအချို့

ဆီးချိုရောဂါကုသဆေးတချို့ဟာ ကိုယ်အလေးချိန်ကို မြင့်တက်စေနိုင်ပါတယ်။ ဒီဆေးတစ်ချို့က အစာစား ချင်တဲ့ ဆန္ဒကို မြင့်တက်စေတာကြောင့်ပါ။ သင်သောက်နေတဲ့ ဆေးတွေကြောင့် အစာစားချင်စိတ် များနေ တယ်ဆိုရင် အမျှင်ဓာတ်များတဲ့ အစာနဲ့ ကယ်လိုရီနည်းတဲ့ အစာတွေကို များများစားပေးပါ။

သွေးတိုးရောဂါကုဆေးအချို့

သွေးတိုးရောဂါကုသဆေးတချို့ဟာ ကိုယ်ခန္ဓာထဲကို ရေဆွဲအား များစေတဲ့အတွက် ကိုယ်အလေးချိန် မြင့် တက်စေနိုင်ပါတယ်။ ဒီဆေးတွေက နုံးချည့်ညောင်းညာစေပြီး လူနာကို လှုပ်ရှားချင်စိတ် လျော့နည်းစေတဲ့ အတွက် ကိုယ်အလေးချိန် မြင့်တက်ရတတ်ပါတယ်။

အတက်ရောဂါကုဆေးအချို့

အတက်ရောဂါကုသဆေး တချို့ကလည်း ကိုယ်အလေးချိန် မြင့်တက်စေနိုင်ပါတယ်။

ရင်ပူဝေဒနာကုဆေးအချို့

ရင်ပူဝေဒနာကုသဆေးတချို့ဟာ ကိုယ်အလေးချိန် မြင့်တက်မှုကို ဖြစ်စေပေမယ့် တခြားဆေးတွေက ကိုယ် အလေးချိန်ကို လျေျာ့ကစေတတ်ပါတယ်။ သင့်ခနာကိုယ်က ဆေးတွေကို ဘယ်လို တုံ့ပြန်မှု ရှိမလဲဆိုတာ ဆရာဝန်တွေက မခန့်မှန်းနိုင်ဘူးလို့ Medicine Net အရ သိရပါတယ်။ ရင်ပူဝေဒနာကုသဆေးတချို့ကို
သောက်ပြီး ကိုယ်အလေးချိန် မြင့်တက်လာတယ်ဆိုရင် ဆရာဝန်နဲ့ ပြန်လည် ဆွေးနွေးသင့်ပါတယ်။


ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...