05 September, 2014

ကျန်းမာရေးအတွက် ရေနွေးကြမ်း၏ အသုံးဝင်ပုံ




ရေနွေးကြမ်းကို သောက်လေ့ရှိပါသလား။ လက်ဖက်ခြောက်၊ လက်ဖက်စိမ်းခြောက် စတာတွေ ခတ်ထားတဲ့ ခတ်ထားတဲ့ ရေနွေးကြမ်းသောက်တာကြောင့် အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။





ရောဂါဝေဒနာများကို ကာကွယ်နိုင်ခြင်း

ရေနွေးကြမ်းကို တစ်နေ့ ခွက်အနည်းငယ်သောက်တာကြောင့် ကျန်းမာရေးကောင်း Camellia sinensis အပင်ကနေ ရရှိတဲ့ လက်ဖက်ရွက်တွေမှာ အင်တီအောက်ဆီးဒင့်ပါဝင်တာကြောင့် ဆဲလ်တွေကို ထိခိုက်
စေတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဒါကြောင့် ရောဂါဝေဒနာတွေ မရအောင် ကာ ကွယ်ပေးနိုင်တာပါ။

နှလုံးရောဂါဖြစ်နှုန်း လျော့ကျစေခြင်း

လေ့လာမှုတစ်ချို့အရ လက်ဖက်စိမ်းလက်ဖက်ရည်သောက်တာကြောင့် ကိုယ်အလေးချိန်၊ သွေးဖိအားနဲ့ ကိုလတ်စထရော စတာတွေ အပါအ၀င် နှလုံးရောဂါဖြစ်စေတဲ့ အချက်တချို့ကို လျော့ကျစေကြောင်း သိရပါ တယ်။

သွေးတွင်းသကြားဓာါတ် ထိန်းနိုင်ခြင်း

လက်ဖက်စိမ်းလက်ဖက်ရည်ဟာ သွေးတွင်း ဂလူးကို့စ် (သကြား) ဓာတ်ကို ထိန်းချုပ်ပေးနိုင်တယ်လို့ လေ့ လာမှု တချို့က ဖော်ပြထားပါတယ်။ ဒါပေမယ့် တိကျသေချာတဲ့ ရလဒ်အတွက် လေ့လာမှုအများအပြားလုပ် ဖို့ လိုနေပါသေးတယ်။

Tip!

လတ်ဆတ်စွာ နပ်ပြီး သောက်ပါ

လတ်လတ်ဆတ်ဆတ် နှပ်ထားတဲ့ ရေနွေးကြမ်းမှာ အင်တီအောက်ဆီးဒင့် ပိုမိုပါရှိတာကြောင့် ကျန်းမာရေး နဲ့ ပိုညီညွတ်မှု ရှိပါတယ်။

လက်ဖက်ခြောက်ကို ၃-၅ မိနစ်ခန့်နှပ်ပါ

လက်ဖက်ခြောက်ကနေ အင်တီအောက်ဆီးဒင့် ပမာဏ အများဆုံးရရှိဖို့ရာအတွက် လတ်လတ်ဆတ်ဆတ်
နှပ်ပြီး အချိန် ၃-၅မိနစ်ခန့်ထားရှိပါ။ ဒါဆိုရင် အမြင့်မားဆုံး အာနိသင်ရရှိဖို့ လုံလောက်ပါတယ်။

ရေနွေးကြမ်းပူပူကို သောက်ပါ

အေးတဲ့ ရေနွေးကြမ်းထက် ပူနွေးတဲ့ ရေနွေးကြမ်းမှာ ကတ်တီချင်ပမာဏပိုမိုပါဝင်တာကြောင့် ကျန်းမာရေး အာနိသင် ပိုမိုရရှိစေပါတယ်။

★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...