25 August, 2014

ချိုင်း မည်းနေသလား


ချိုင်း မည်းတာဟာ အရည်အသွေးနိမ့်တဲ့ ချိုင်းလိမ်းဆေး၊ အမွေးကျွတ်ခရင်မ်နဲ့ ချွေးထွက်များတာ စတဲ့ အကြောင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ချိုင်းချွေးထွက်နှုန်း များရင် တင်းကျပ်လွန်းတဲ့ အ၀တ်အစားတွေ ကို မ၀တ်ပါနဲ့။ ချိုင်းမည်းတာကို သက်သာစေဖို့ အောက်ပါ သဘာဝနည်းတွေကို လိုက်နာသင့်ပါတယ်။

၁။ သံပရာရည်နှင့် သကြားကိုသုံးပါ


သံပရာရည်နဲ့ သကြားတို့ကို ရောမွှေပြီး ချိုင်းမှာ လိမ်းကာ အချိန် ၁၅ မိနစ်ကြာထားပါ။ ပြီးမှ ရေဆေးချ လိုက်ပါ။ နှစ်ပါတ်ကြာတဲ့အထိ ပုံမှန်ပြုလုပ်သွားရင် ချိုင်းအရောင်က ဖြူသွားပါလိမ့်မယ်။


၂။ အာလူးကို သုံးပါ


အရောင်ကျွတ်အာနိသင်ပါတဲ့ အာလူးရည်ကို မည်းနေတဲ့ ချိုင်းအရေပြားမှာ လိမ်းပေးနိုင်ပါတယ်။ အာလူး ရည်ကို ချိုင်းအောက်မှာ နှစ်ပတ်ကြာ လိမ်းပေးရင် ချိုင်းအရေပြားအရောင် ပြောင်းလဲမှု ကို တွေ့မြင်လာရပါ လိမ့်မယ်။


၃။ သံပရာရည်၊ ဂလစ်ဆရင်းအလှဆီနှင့် နှင်းဆီရေကို ဆတူသုံးပါ


သံပရာရည်၊ ဂလစ်ဆရင်းအလှဆီနဲ့ နှင်းဆီရေတို့ကို ဆတူရောပြီး မည်းနေတဲ့ ချိုင်းအရေပြားတစ်ဝိုက် သုတ်လိမ်းပေးပါ။ တစ်ညတာ ထားပြီးမှ နောက်တစ်နေ့မနက်မှာ ရေဆေးချလိုက်ပါ။ ရက်အနည်းငယ် အတွင်း သိသာတဲ့ ရလဒ်ကို တွေ့မြင်ရပါလိမ့်မယ်။


၎။ ဆော်ဒါမှုန့် သုံးပါ


ဆော်ဒါမှုန့်နဲ့ ရေကို စေးပျစ်အောင် ဖျော်ပြီး ချိုင်းအောက်မှာ လိမ်းပြီး ခြောက်သွေ့တဲ့အထိထားပြီးမှ ကြက် သီးနွေးရေနဲ့ ဆေးကြောပေးပါ။ ချိုင်းအရေပြား သန့်စင်လာတာကို တွေ့ရပါလိမ့်မယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...