31 July, 2014

ရင်သားအရေပြားနီမြန်းခြင်း ကင်းဝေးစေရန်

ရင်သားကြီးတဲ့ အမျိုးသမီးတွေဟာ တစ်ခါတစ်ရံ ရင်သားနီမြန်းမှု၊ အထူးသဖြင့် ပူပြင်းတဲ့ နွေရက်တွေမှာ 
ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးအများစုဟာ ရင်သားနီမြန်းတာ၊ နာကျင်တာ၊ ယားယံတာနဲ့ ပူစပ်ပူ
လောင်ဖြစ်တာ စတဲ့ ဝေဒနာတွေကို ဘယ်လို ကာကွယ်ရမယ်ဆိုတာ မသိကြပါဘူး။ ရင်သားအရေပြား နီမြန်းတာက အဖြစ်များပြီး ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ တကယ်တော့ ရင်သားအရေပြား နီမြန်းမှုမဖြစ်အောင် အလွယ်တကူ ကာကွယ်နိုင်ပါတယ်။


♦ အဆင်ပြေအံဝင်ခွင်ကျရှိသော အတွင်းခံ ဘရာစီယာ


အဆင်မပြေဘဲ ကျပ်လွန်းတဲ့ ဘရာစီယာကို ၀တ်ဆင်တာကြောင့် ရင်သားမှာ အရေပြားနီမြန်းမှုနဲ့ စပ်ဖျဉ်း ဖျဉ်းဖြစ်မှုကို ဖြစ်စေနိုင်ပါတယ်။ ဘရာစီယာထဲမှာ နန်းကြိုးတွေ ပါဝင်ပါက အံဝင်ခွင်ကျမရှိရင် မကြာခဏ အရေပြားပွတ်တိုက်မှု ဖြစ်ပြီး အရေပြားနီမြန်းမှု ဖြစ်တတ်ပါတယ်။ အမျိုးသမီးအများစုဟာ မှားယွင်းတဲ့ ဘရာ စီယာအရွယ်အစားကို ၀တ်ဆင်နေကြပါတယ်။

♦ ရေချိုးပြီးနောက် ခြောက်သွေ့အောင်သုတ်ခြင်း


ရင်သားအရေပြားနီမြန်းမှု မဖြစ်စေဖို့ ရေချိုးပြီးချိန်မှာ ရင်သားနေရာတစ်ဝိုက်ကိုပါ ခြောက်သွေ့အောင် သုတ်
ပေးပါ။ အရေပြားစိုစွတ်မှုနဲ့ လေ၀င်လေထွက်နည်းပါးတာဟာ ဘက်တီးရီးယားနဲ့ ဖန်းဂပ်စ်မှိုပိုး ပေါက်စေတဲ့ အခြေခံအကြောင်းရင်းပါ။ ဒီပြသနာကိုကာကွယ်ဖို့ရေချိုးပြီးချိန်မှာ ရင်သားအရေပြားကို ခြောက်သွေ့အောင် ထားပါ။

♦ ဘရာစီယာကို မကြာခဏ လျှော်ဖွပ်ခြင်း၏ အရေးပါပုံ


အမျိုးသမီးအများစုဟာ ဘရာစီယာတစ်ထည်တည်းကို မလျှော်ဖွပ်ဘဲ နေ့ရက်အတော်များများမှာ ၀တ်ဆင်
လေ့ရှိတတ်ပါတယ်။ ရင်သားမှာ အရေပြားနီမြန်းမှုနဲ့ ယားယံမှု မဖြစ်စေဖို့ ဘရာစီယာ တစ်ထည်ကို မလျှော် ဖွပ်ဘဲ နှစ်ကြိမ်ထက်ပိုပြီး မ၀တ်ပါနဲ့။ ဘရာစီယာကို သန့်စင်အောင် လျှော်ဖွပ်မှု မရှိရင်လည်း အရေပြားမှာ ပိုးဝင်မှု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ဘရာစီယာကို ၀ယ်ပြီးချိန်မှာလည်း လျှော်ဖွပ်လိုက်ပါ။ နောက်ရက်တွေ မှာလည်းဘရာစီယာကို ပုံမှန်လျှော်ဖွပ်ပြီး ခြောက်သွေ့အောင် ထားပြီးမှ ၀တ်ဆင်ပါ။

♦ သဘာဝ လာနိုလင်၏ အစွမ်း


သဘာဝလာနိုလင် (Lanolin) ဟာဘရာစီယာကြောင့် ရင်သားအရေပြား နီမြန်းမှုမဖြစ်အောင် ကာကွယ်
ပေးနိုင်ပါတယ်။ လာနိုလင်ဆီဟာ ရေစိုခံတဲ့ အကာအကွယ် ဖြစ်ပြီး အရေပြားကို ကျန်းမာခြောက်သွေ့ သန့်စင်စေပါတယ်။

♦ ခြေထောက်လိမ်း ပေါင်ဒါမှုန့်များ


လာနိုလင်ဆီလိမ်းတဲ့အတွက် စေးကပ်ကပ်ဖြစ်တာကို မကြိုက်ရင် ခြေထောက်လိမ်းတဲ့ ပေါင်ဒါမှုန့်ကို သုံးပေးပါ။ အဲဒီပေါင်ဒါမှုန့်ဟာ အစိုဓာတ်ကို စုပ်ယူပြီး ဖန်းဂတ်စ်မှိုပိုးသေစေတဲ့ အာနိသင်ရှိပါတယ်။

♦ ဆေးကုသမှု


ရင်သားမှာ ပြင်းထန်တဲ့ အရေပြားနီမြန်းမှုဖြစ်ရင် ဆေးဝါးကုသမှု ခံယူသင့်ပါတယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...