31 July, 2014

ကိုယ်အလေးချိန် ထိန်းနိုင်မည့် နံနက်စာစားနည်း


အစာမစားဘဲနေတာက ကိုယ်အလေးချိန်လျော့ကျစေတဲ့ နည်းလမ်းကောင်းမဟုတ်ပါဘူး။ အထူးသဖြင့် မနက်စာမစားဘဲ မနေပါနဲ့။ မနက်စာကိုပုံမှန်စားတာဟာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်း မွန်စေပြီး တစ်နေ့တာအတွင်း ကယ်လိုရီလောင်ကျွမ်းမှုနှုန်းကို မြင့်တက်စေပါတယ်။



တစ်နေ့တာမှာ ပထမဆုံးစားတဲ့ အစာကြောင့် စိတ်ကျေနပ်မှုရှိရင် နောက်ပိုင်းမှာ ကယ်လိုရီကို လျော့နည်း ပြီးစားဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကယ်လိုရီထိန်းနိုင်မယ့်မနက်စာကို ဖော်ပြပေးလိုက်ပါတယ်။

အိပ်ရာနိုးပြီး တစ်နာရီအတွင်း နံနက်စာ စားပါပုံမှန်အတိုင်း နံနက်စာစားသူတွေဟာ ကိုယ်အလေးချိန်များ တာမျိုး အဖြစ်နည်းပါတယ်။ ဒါကြောင့်တစ်နေ့တာရဲ့ အစောဆုံးစားတဲ့ အစာက အရေးကြီးပါတယ်။ အိပ် ရာနိုးပြီး တစ်နာရီအတွင်း မနက်စာကိုစားတာ အကောင်းဆုံးပါ။ အစောပိုင်း မနက်စာစားတာကြောင့် ခန္ဓာ ကိုယ်ရဲ့ ဇီဝနရီကို ဟန်ချက်ညီမျှစေပြီး ဇီဝရုပ်ဖြစ်ပျက်မှုကို ခပ်မြန်မြန်အားကောင်းစေပါတယ်။

ပရိုတင်းဓာတ်စားပါ၊ သကြားမစားပါနှင့်မနက်စာမှာ ဥအမျိုးမျိုး၊ ဒိန်ချဉ်၊ အခွံချွတ်မထားတဲ့ ကောက်နှံစာနဲ့ အခွံမာတဲ့ အစေ့အဆန်တို့လို ပရိုတင်းဓာတ် များများပါတဲ့ အစာတွေ ထည့်စားရင် ကယ်လိုရီပမာဏ လျော့ နည်းစေပြီး စွမ်းအင်ကို များများရရှိစေပါတယ်။

အနည်းဆုံး အမျှင်ဓာတ် ရှစ်ဂရမ် မှီဝဲပါ။ ကိုယ်အလေးချိန် လျော့ကျဖို့ အဓိကသော့ချက်ဟာ ကြာကြာ ဗိုက်
ပြည့်နေစေတဲ့ အစာတွေစားဖို့ ဖြစ်ပါတယ်။ ဗိုက်အလွန်အမင်း ဆာနေရင်ကယ်လိုရီများတဲ့ အစားအ
သောက်တွေကို စားဖြစ်စေလို့ မနက်စာမှာ အမျှင်ဓာတ်များများပါတဲ့အစာတွေကို စားသင့်ပါတယ်။ သစ်သီး
ဖျော်ရည်မှာ အမျှင်ဓာတ် များများပါဝင်ပါတယ်။

ကယ်လိုရီကို အလွန်အမင်း မစားပါနှင့်သင့်ကိုယ်အလေးချိန်နဲ့ ကိုယ်အလေးချိန် လျှော့ချရေးပန်းတိုင်အပေါ် မူတည်ပြီး တစ်နေ့တာမှာကယ်လိုရီ ဘယ်လောက်ပမာဏ စားသင့်တယ်ဆိုတာ မှတ်ထားပါ။ ဟင်းသီးဟင်း ရွက်ပါတဲ့ ဟင်းလျာတွေကို ရွေးချယ်စားသုံးပါ။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...