26 April, 2013

အရွယ်မအိုခင် အရေးကြောင်းထင်လို့ စိတ်ညစ်နေသလား


မိန်းကလေးတိုင်း နုပျိုတင်းရင်းတဲ့ အလှကို အလိုရှိကြပါတယ်။ ဒါပေမယ့် ငယ်စဉ်က အသားအရေကိုစနစ် တကျ ထိန်းသိမ်းမှုမရှိခဲ့တာကြောင့် အရွယ်မတိုင်ခင် အရေးအကြောင်းထင်လာတတ်ပါတယ်။ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက်နဲ့ နှုတ်ခမ်းဘေးပတ်လည်မှာ အရေးအကြောင်း စတင်ပေါ်လာတတ်ပါတယ်။ ဒီအရေး
ကြောင်းတွေကင်းစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာပေးပါ။

ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ


သင့်ချစ်ဇနီးက ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန်စွန်းရွက်ချည်ရည်ဟင်း စသဖြင့် ကန်စွန်းရွက်ကို ပင်တိုင်စံ ဟင်းတစ်ခွက်လို မပါမဖြစ် ချက်ပြုတ်ကျွေးတဲ့အခါ “ဒီနေ့လည်း ကန်စွန်းရွက်ပဲလားကွာ” ဆိုပြီး မညည်းတွားလိုက်ပါနဲ့။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လ် စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ ကာရိုတင်း စတဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်တာကြောင့် သင့်ကျန်း မာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုးပဲ ဖြစ်ပါတယ်။


သြဇာသီး၏ ကျန်းမားရေး အကျိုးကျေးဇူးများ


ကမ္ဘာတစ်ဝန်းလုံးမှာ ပေါက်ရောက်နေတဲ့ ချိုတဲ့သစ်သီးဖြစ်တဲ့ သြဇာသီးဟာ အရသာရှိသလို ဆေးဖက် ၀င်တဲ့ အစွမ်းလည်းအများအပြားရှိပါတယ်။

အားနည်းပြီး မူးမေ့ချင်သလို ဖြစ်နေသလား


ဆယ်ကျော်သက်အရွယ်တွေမှာ အဖြစ်များတဲ့ အားနည်းပြီးမူးမေ့တဲ့ ဝေဒနာအကြောင်း ဖော်ပြပေး လိုက်ပါတယ်။

24 April, 2013

ကိုယ်ဝန်ဆောင်စဉ် နာတာရှည် စိတ်ဖိစီးမှု မဖြစ်စေရန်







ကိုယ်ဝန်ဆောင်စဉ် နာတာရှည်စိတ်ဖိစီးမှုခံစားရသူတွေဟာ မိခင်ဘ၀ ရောက်လာချိန်မှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့ယွင်းနေတယ်လို့ လေ့လာမှုအသစ်ကဆိုပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း နာတာရှည် စိတ်ဖိစီးမှု ခံစားနေရတာက ကလေးမွေးပြီးချိန်မှာ စိတ်ဓာတ်ကျဝေဒနာကို ဖြစ်စေနိုင်တဲ့ အဓိက အချက်ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ်အတွင်းနာတာရှည် စိတ်ဖိစီးမှု မဖြစ်စေဖို့ လိုက်နာသင့်တဲ့ အချက်တွေရှိပါတယ်။

22 April, 2013

သုက်ကောင်အရေအတွက် တိုးမြင့်လာစေရန်

ကမ္ဘာတစ်ဝန်းက အမျိုးသားအများစုဟာ သုက်ကောင်အရေအတွက် လျော့နည်းနေကြကြောင်း သိရပါ တယ်။ ဒါကြောင့် သုက်ကောင် အရေအတွက် ထုတ်လုပ်မှု အားကောင်းစေဖို့ရာ လိုက်နာသင့်တဲ့ နည်းတွေ ကို ဖော်ပြလိုက်ပါတယ်။

ကျောက်ကပ်ကျန်းမာရေး အစဉ်ကောင်းမွန်နေစေရန်

သင်က အသက်ငယ်သည်ဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ၊ ကျောက်ကပ် ကျန်းမာနေဖို့ အလွန်အရေးကြီး ပါတယ်။ ကျောက်ကပ်ဟာ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာတွေ ပြုလုပ်ဖို့ အရေးပါတာကြောင့် အသည်း၊
နှလုံးတို့လို အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာဖို့ရာအတွက် လိုက်နာသင့်တဲ့ အခြေခံအဆင့် ငါးရပ်ကို ဖော်ပြလိုက်ရပါတယ်။

အာဟာရဓာတ်ချို့တဲ့နေသော ကလေးငယ်၏ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေရန်


ကလေးတွေ အာဟာရဓာတ်ချို့တဲ့နေချိန်မှာ ကျန်းမာရေးထိခိုက်မှုတွေလည်း ကြုံရပါတယ်။ အာဟာရ ဓာတ်ချို့တဲ့မှုကြောင့် ကူးစက်ပိုးဝင်လွယ်တာ၊ နာမကျန်းမှုဖြစ်တာ၊ ရောဂါဝေဒနာတွေ ခံစားရလွယ်တာ တို့ ဖြစ်တတ်တဲ့အတွက် သူတို့ရဲ့ ကျန်းမာရေးကောင်းမွန်စေဖို့ နည်းလမ်းတွေကို အကြုံပြုလိုက်ပါတယ်။

အပူကြောင့်ဖြစ်သော နာမကျန်းမှု အဆင့်သုံးဆင့်ကို သိရှိကာကွယ်နိုင်ရန်

သင့်ခန္ဓာကိုယ်က အပူဒဏ်ဆုံးရှုံးမှုကို ဟန်ချက်ညီအောင် မလုပ်ဆောင်နိုင်တဲ့အခါ ဒါမှမဟုတ် ကိုယ်အပူချိန်က ပုံမှန် ထက် မြင့်တက်တဲ့အခါ အပူဒဏ်ကြောင့် နာမကျန်းမှုဖြစ်လာ ပါတယ်။ ဒီအဆင့်ကို သုံးဆင့် သတ်မှတ်ထားပါတယ်။

အဆင့်တစ်က ရေဓာတ်ခန်းခြောက်တဲ့အဆင့်ပါ။
အဆင့်နှစ်က အပူဒဏ်ကြောင့် ရေနဲ့ဓာတ်ဆားတွေ လွန်လွန်ကဲကဲဆုံးရှုံးပြီး မောပန်းနွမ်းလျတဲ့ အဆင့်ဖြစ်ပြီး
အဆင့်သုံးက အပူရှိန်နဲ့ တာရှည်ထိတွေ့ရာကချွေးမထွက်
နိုင်တော့ဘဲ ကိုယ်အပူချိန်တက်တဲ့အဆင့်ဖြစ်ပါတယ်။ 

အပူကြောင့်နာမကျန်းမှုဖြစ်ရင်နောက် ဆက်တွဲအနေ နဲ့ပြင်းထန်တဲ့ပြသနာဖြစ်လာတတ်ပြီး ကုသမှုမခံယူ ရင် အသက်အန္တရာယ်တောင်ရှိနိုင်ပါတယ်။

21 April, 2013

ညအချိန် ချောင်းခြောက်ဆိုးခြင်း သက်သာစေမည့် အိမ်တွင်းကုထုံးများ


ညဘက်မှာ ချောင်းခြောက်ဆိုးပြီး အိပ်မပျော် ဖြစ်နေသလား၊ ဒါမှမဟုတ် ချောင်းခြောက်ဆိုးပြီး အိပ်ရာက လန့်နိုးလာပါသလား။ ချောင်းခြောက်ဆိုးတဲ့ ဝေဒနာသက်သာစေဖို့ အောက်ပါနည်းတွေကို လိုက်နာသင့် ပါတယ်။

သင့်ကိုယ်ခံစွမ်းအားစနစ်ကို အားနည်းစေသော အံ့အားသင့်ဖွယ် အချက်များ





တချို့လူတွေက အအေးမိတာနဲ့ တုပ်ကွေးဖြစ်လွယ်ပေမယ့် တချို့လူတွေ ကတော့ နှာစေးတာတောင် မဖြစ်ဘဲ ကျန်းမာကြပါတယ်။ ဒီလို ကွဲပြားရတဲ့ အကြောင်းရင်းကတော့ ကိုယ်ခံစွမ်းအားစနစ်ချင်းမတူလို့ပါ။ ဒါက ကိုယ်ခံစွမ်းအားစနစ်ကို အားနည်းစေတဲ့ အချက်တွေကို လုပ်ဆောင်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။


 •   •   •   •   •   •   •   •   •   •   •   •   •   •   •   •   •   •   •   •   •   •   •   •   •   • 


ဂျပန်နိုင်ငံသူတို့ ခန္ဓာကိုယ် သွယ်လျလှပရခြင်း လျှို့ဝှက်ချက် ခုနှစ်ရပ်


ဂျပန်အမျိုးသမီး သုံးရာခိုင်နှုန်းခန့်ကသာ အ၀လွန်နေကြပြီး ကျန်တဲ့အမျိုးသမီးတွေက ခန္ဓာကိုယ်သွယ်လျ လှပနေကြကြောင်း လေ့လာမှုတွေအရ သိရပါတယ်။ သူတို့မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေလို့ ဒီလို သွယ်လျလှပနေရသလဲဆိုတာ လေ့လာကြည့်ရအောင်။

သင့်ကလေးငယ် နေမကောင်း ဖြစ်နေသလား




မွေးကင်းစကလေးငယ်နဲ့ လသားကလေးငယ်တွေက စကားမပြောတတ်
သေးတာကြောင့် သူတို့ နေမကောင်းဖြစ်နေသလား၊ မအီမသာဖြစ်နေ သလားဆိုတာ သူတိုရဲ့ အမူအရာတွေကို ကြည့်ပြီးသိဖို့ ကြိုးစားရပါမယ်။ သူတို့လေးတွေ နေမကောင်းဖြစ်နေချိန်မှာ အတွေ့ရများတဲ့ အမူအရာတွေ ကို ကြည့်ရင်း သူတို့ကို ပြုစုပေးသင့်တဲ့ အချက်တွေကို ရေးသားလိုက် ရပါတယ်။


                                         

LinkWithIn

Related Posts Plugin for WordPress, Blogger...