04 May, 2013

သွေးတိုးခြင်းကို ထိန်းချုပ်နိုင်မည့် နည်းလမ်း ၁၀


သွေးတိုးတဲ့အခါ ခံစားရတတ်တဲ့ လက္ခဏာတွေကတော့ ထိတ်လန့်တာ၊ ပူပင်သောကများတာ၊ ရင်တုန်တာ၊
ခေါင်းကိုက်တာ၊ နှာခေါင်းသွေးယိုတာ၊ ဦးနှောက်ထိခိုက်တာ၊ နှလုံးဝေဒနာ၊ အသက်ရှူမ၀တာနဲ့ ခေါင်းမူးပြီး သတိလစ်တာစတာတွေဖြစ်ကြပါတယ်။ ဒီလို လက္ခဏာတွေကို ထိန်းချုပ်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

တမာရွက်၏ ကျန်းမာရေးအကျိုးကျေးဇူးများ






အညာဒေသမှာ ပေါပေါများများတွေ့ရတဲ့ တမာ ရွက်တွေကို ပြုတ်ပြီး ငါးပိရည်၊ ငါးပိချက်နဲ့ တို့စား
လေ့ရှိကြပါတယ်။ တမာပင်ကို မှော်သစ်ပင်လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ အကြောင်းကတော့ တမာရွက်မှာ ဆေးဖက်ဝင်အာနိသင်တွေရှိလို့ပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးရအောင် ကြိုးစားနေချိန်တွေမှာ တမာရွက်ကို မစားသင့်ပါဘူး။


03 May, 2013

Tip ~ အသက်ကြီးသော်လည်း မှတ်ဥာဏ် ကောင်းမွန်နေအောင်


အသက်အရွယ် ကြီးလာတဲ့အခါ သော့ကို ဘယ်နေရာမှာ ထားမိသလဲဆိုပြီး
မကြာခဏ မေ့လျော့နေတတ် ပါသလား။

ဂီတာလို တူရိယာတစ်မျိုးမျိုးကို တီးခတ်ပြီး အနုပညာဖန်တီးမှုတစ်ခုခုကို လုပ်ဆောင်လိုက်ပါ။

ကန်ဆက်တက္ကသိုလ်ဆေးစင်တာရဲ့ လေ့လာမှုအရ တစ်ရာစုကျော်ကြားတဲ့အထိ တေးဂီတတူရိယာကို တီးခတ်သူတွေဟာ မှတ်ဥာဏ်နဲ့ တွေးခေါ်နိုင်စွမ်းအား အကောင်းဆုံး ရှိကြကြောင်း သိရပါတယ်။ 

အကြောင်းကတော့ တေးဂီတတူရိယာကို တီးခတ်တာကြောင့် ဦးနှောက်ရဲ့ အစိတ်အပိုင်းအမျိုးမျိုးကို လှုံ့ဆော်ပေးနိုင်ပြီး မှတ်ဥာဏ်စွမ်းအားကို ထက်မြက်စေလို့ပဲ ဖြစ်ပါတယ်။

Good Health ဂျာနယ်

အုန်းဆီ၏ အံ့အားသင့်ဖွယ်ရာ အသုံးဝင်ပုံများ


အုန်းဆီဟာ သင့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းလှပရေးအတွက် အောက်ပါအတိုင်း အသုံးဝင်နေပါတယ်။

သက်သက်လွတ်စားသူတို့အတွက် ပရိုတင်းဓာတ်ပါဝင်သော ဟင်းသီးဟင်းရွက်များ




ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ်ကြွက်သားတွေကို တည်
ဆောက်ပေးပြီး တစ်သျှူးတွေကို ပြန်လည်ပြုပြင်ပေးပါတယ်။ ပရိုတင်းက ခန္ဓာကိုယ်ဖြစ်စဉ်တွေကို ထိန်းညှိပေးတဲ့ ဟော် မုန်းနဲ့ အင်ဇိုင်းတွေကို ထုတ်ပေးပါ တယ်။ ပရိုတင်းဓာတ် အလုံအလောက်ရရှိရင် ရောဂါဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးကာနေ့စဉ် လိုအပ်တဲ့ စွမ်းအင်တွေကို ရရှိစေ ပါတယ်။ ဦးနှောက်လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး အာရုံစူးစိုက် အားကို တိုးတက်စေပါတယ်။ ယေဘုယျအားဖြင့် အမျိုးသားတွေက တစ်နေ့မှာ ပရိုတင်းဓာတ် ၅၀-၆၀ ဂရမ် လိုအပ် ပြီး အမျိုးသမီးတွေက တစ်နေ့မှာ ပရိုတင်းဓာတ် ၄၀-၄၅ ဂရမ်လိုအပ်ပါတယ်။ ပရိုတင်းဓာတ် ပါဝင် မှုအများဆုံး အစာတွေက အသား၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ ဖြစ်ကြပါတယ်။ သက်သတ်လွတ်စားသူတွေ အနေနဲ့ ပရိုတင်း ဓာတ်ကို အလုံအလောက် ရရှိစေဖို့ရာအတွက် အောက်ပါ ဟင်းသီးဟင်းရွက်တွေကို စားပေးနိုင်ပါတယ်။

ဖျော်ရည်ဖျော်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်စေရန်


သစ်သီးတွေကို ဖျော်ရည် ဖျော်သောက်တာက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် သကြားအများ အပြား၊ အဆီ၊ အချိုတုစတာတွေကို သုံးတာကြောင့် ခါးအတိုင်းအတာကို တုတ်လာစေပါတယ်။

30 April, 2013

သင့်တစ်မိသားစုလုံး ပိုမို ကျန်းမာလာစေမည့် နည်းသုံးသွယ်


သင့်အိမ်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေရာဖြစ်စေဖို့နဲ့ သင့်တစ်မိသားစုလုံး ပိုမို ကျန်းမာလာစေဖို့ လိုက်နာသင့်တဲ့ အချက်သုံးရပ်ကို ဖော်ပြလိုက်ပါတယ်။

အိပ်မက်ဆိုးမှ နိုးထနိုင်အောင်


အိပ်မက်မက်ရတာက ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် အိပ်မက်ဆိုးတွေ မက်ရင်တော့ ထိတ်လန့်
ချောက်ချားဖွယ်ရာပါပဲ။ ကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုးတွေကြောင့် အော်ဟစ်ရင်း လန့်နိုးလာရင်၊
နိုးလာချိန်အထိ ရင်တုန်ရတာ၊ ၀မ်းနည်းရတာတွေတောင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလို အိပ်မက်ဆိုး
တွေကနေ နိုးထနိုင်ဖို့ရာအတွက် သင်ပြုလုပ်နိုင်တဲ့ အဆင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အမျိုးသားတို့၏ သွေးတွင်း အယ်လ်ကိုဟော ပမာဏအနည်းအများနှင့် ပြောင်းလဲမှု


ဒီအတိုင်းအတာတွေက ပေါင် ၁၈၀-၂၀၀ ရှိတဲ့အမျိုးသားတွေကို အခြေခံပြီး အချိန်တစ်နာရီအတွင်း
လေ့လာမှတ်တမ်းတင်ထားတာပဲ ဖြစ်ပါတယ်။ အရက်ပြင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဥပမာ- အရက်
ပြင်းနှစ်ပက်သောက်ရင် သွေးတွင်းကို ရောက်ရှိသွားတဲ့ အယ်လ်ကိုဟော ပမာဏက ၀ ဒသမ ၁၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။

အစာစားချင်စိတ် မများစေရန် လှည့်စားနည်း


အစာစားချင်စိတ်များတာကြောင့် အ၀လွန်မှာကို စိုးရိမ်နေပါသလား။ အစာစားချင်စိတ် မများစေဖို့ သင် လုပ်ဆောင်သင့်တဲ့ နည်းလမ်းလေးသွယ်ကို ရေးသားလိုက်ရပါတယ်။

လမ်းလျှောက်စအရွယ် သင့်ကလေးငယ်အတွက် အဓိကအာဟာရ


အသက်တစ်နှစ်ကျော်ပြီးချိန်မှာ ကလေးတွေဟာ မိသားစုဝင်အားလုံးအတွက် ပြင်ဆင်ထားတဲ့ ဟင်းလျာ အများစုကို စားသောက်နိုင်လာပါပြီ။ ဒါပေမယ့် လူကြီးတွေလိုတော့ စားသောက်နိုင်ဦးမှာ မဟုတ်ပါဘူး။ စွမ်းအင်လိုအပ်ချက်မြင့်မားပေမယ့် အစာအိမ်က သေးငယ်နေတာကြောင့် တစ်နေ့မှာ ထမင်း၊ ဟင်း အနည်းငယ် ခြောက်ကြိမ်ခန့်နဲ့ သရေစာခြောက်ကြိမ်ခန့် ခွဲကျွေးဖို့လိုပါတယ်။ ထမင်း၊ ဟင်းကျွေးခါနီးနဲ့
ကျွေးနေတဲ့အချိန်မှာ သရေစာမကျွေးပါနဲ့၊ ထမင်း၊ ဟင်းကျွေးပြီး အချိန်တစ်နာရီလောက်ကြာမှ သရေစာ
ကျွေးပါ။ ဒီအရွယ်ကလေးတွေအတွက် အစားအသောက်ပုံစံ မျိုးစုံကျွေးဖို့လိုအပ်နေပါတယ်။

တစ်သျှူးပုပ်ဆွေးမှု မဖြစ်စေမည့် နည်းလမ်းများ


တစ်သျှူးတွေဆီကို သွေးစီးဆင်းမှု အဟန့်အတားရှိတာကြောင့် တစ်သျှူးတွေ ပျက်စီးထိခိုက်တာကို Gangrene လို့ ခေါ်ပါတယ်။ အရေပြား၊ ကြွက်သားနဲ့ အင်္ဂါဆဲလ်တွေက ဘက်တီးရီးယားပိုးဝင်မှု ဒါမှမဟုတ်
သွေးကြောစနစ်ထိခိုက်မှု ဖြစ်စေတဲ့ အခြေခံကျန်းမာရေးအခြေအနေတစ်ခုခုကြောင့် တစ်သျှူးပုပ်ဆွေးမှု
ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဟာ သွေးထောက်ပံ့မှု ဆုံးရှုံးတဲ့အခါ ဆဲလ်တွေ အသက်မ
ရှင်နိုင်တော့ပါဘူး။ တစ်သျှူးပုပ်ဆွေးမှုကို စောစောစီးစီး ကုသမှုမခံယူရင် မြန်မြန်ကုသမှုမယူရင် ပြင်းထန် တဲ့ နာမကျန်းမှု၊ ပုပ်ဆွေးတဲ့အစိတ်အပိုင်းကို ဖြတ်ပစ်ရတာနဲ့ သေဆုံးတဲ့အထိတောင် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်သျှူးပုပ်ဆွေးမှုမဖြစ်အောင် ကာကွယ်နိုင်မယ့်နည်းတွေကို ရေးသားလိုက်ရပါတယ်။

29 April, 2013

Tips ~ အမျိုးသမီးတိုင်း မျိုးဆက်ပွားစနစ် ကျန်းမာစေရန်

အမျှင်ဓာတ်များများပါပြီး အဆီဓာတ်နည်းတဲ့ သင့်တင့်မျှတတဲ့ အစားအသောက်တွေကို စားပါ။ 
ကိုယ့်အရပ်အမောင်းနဲ့ ကိုက်ညီတဲ့ကိုယ်အလေးချိန်ရှိအောင် ထိန်းပါ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရေကောင်းရေသန့်ကိုသာ သောက်ပါ။ ဆေးလိပ်၊ အရက်နဲ့ 
မူးယစ်ဆေးဝါးတို့ကို လုံးဝ မသုံးစွဲပါနဲ့။
စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ချပြီး ပြည့်ပြည့်၀၀ အနားယူပါ။
ပုံမှန် လေ့ကင့်ျခန်းလုပ်ကာ ကိုယ်အလေးချိန်ကို အနေတော်ဖြစ်အောင်နဲ့ အရိုးအဆစ်သန်စွမ်းကျန်းမာအောင် ထိန်းသိမ်းပါ။

ကြယ်စင်

အမျိုးသမီးတို့ ကျန်းမာရေးကို အားဖြည့်ပေးမည့် အချက်လေးရပ်



အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ အလှအပကို အားဖြည့်ပေးမယ့် အိမ်သုံးပစ္စည်းတွေနဲ့ သူတို့ရဲ့အသုံးဝင် ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

အရေပြားအဖုအပိမ့်များအတွက် အိမ်တွင်းကုထုံး


မပျောက်နိုင်သော ၀က်ခြံအတွက်


♠ ဆားကြမ်း၊ တမာသီးနှင့် ဒိန်ချဉ်သုံးပါ
နာတာရှည်ဖြစ်ပေါ်နေတဲ့ ၀က်ခြံဖုတွေရှိနေရင် ပိုးသေစေတဲ့ ဆားကြမ်း သုံးပြီး မျက်နှာကို ညင်ညင်သာ သာ ပွတ်တိုက်ပေးပါ။ ပြီးရင် ဖန်းဂပ်စ်သေစေတဲ့ အစွမ်းရှိတဲ့ တမာဆီအနည်းငယ် တို့ပေးနိုင်ပါတယ်။

ဒေါသကို ချစ်ခြင်းမေတ္တာနဲ့ ဘယ်လို အစားထိုးမလဲ





ကျွန်မတို့အားလုံး တစ်ခါတစ်ရံ စိတ်အလိုမကျတဲ့အခါ
ဒေါသထွက်တတ်ကြပါတယ်။ အဲဒီဒေါသကြောင့် မပြောသင့်တာတွေ ပြောမိတတ်သလို အရင်က ဘယ်လောက်ပဲ ချစ်ခင်ခဲ့ပါစေ၊ ရန်သူတွေလိုလည်း မုန်းသွားတတ်ကြပါတယ်။ ဒါ့အပြင် ဒေါသကြောင့် ခေါင်းကိုက်တာ၊ သွေးတိုးတာ၊ နှလုံးရောဂါထတာစတဲ့ ဝေဒနာတွေလည်း ဖြစ်တတ်
ပါသေးတယ်။ ဒါကြောင့် ဒေါသထွက်တဲ့အခါ ချစ်ခြင်း မေတ္တာနဲ့ အစားထိုးနိုင်ဖို့ အောက်ပါအဆင့်တွေကို လိုက်နာသင့်ပါတယ်။

သင့် ဆိုဖာပုံစံက ပြောပြနေသော သင့်ကိုယ်ရည်ကိုယ်သွေး


ညမှာ တီဗီကြည့်တာကနေ မိစားစု စကားဝိုင်းဖွဲ့ပြောတာအထိ သင့်အိမ်က ဆိုဖာတွေက အရေးပါတတ်ပါ တယ်။ သင့်မှာရှိတဲ့၊ သင်ကြိုက်တဲ့ဆိုဖာက သင့်အကြောင်းကို အများကြီးပြောပြနိုင်ပါတယ်။

LinkWithIn

Related Posts Plugin for WordPress, Blogger...