05 September, 2014

အမျိုးသားအများစု ပြုလုပ်နေကျ ကျန်းမာရေး ထိခိုက်စေသည့် အပြုအမှု သုံးရပ်


အမျိုးသားအများစုမှာ ရှိတတ်တဲ့အပြုအမူသုံးရပ်ဟာ သက်ရှည်ကျန်းမာရေးကို ထိခိုက်စေပြီး ရောဂါဝေဒနာ
တွေကို ရရှိစေပါတယ်။

(၁) လေ့ကျင့်ခန်း မလုပ်ခြင်း

လမ်းလျှောက်တာက အမျိုးသားတွေ အလွယ်တကူလုပ်နိုင်တဲ့ လေ့ကျင့်ခန်းပါ။ ငွေကုန်ကြေးကျလည်း မများ ပါဘူး။ ဘယ်နေရာမဆို၊ ဘယ်အချိန်မဆို လမ်းလျှောက်နိုင်ပါတယ်။ ဒါပေမယ့် အမျိုးသားအများစုဟာအထိုင် များပြီး လှုပ်ရှားမှုနည်းနေကြတာကိုတွေ့ရပါတယ်။ တစ်နေ့မှာ မိနစ်၃၀ခန့် လမ်းလျှောက်ပေးရင် လုံလောက် ပါတယ်။

(၂) ဆရာဝန်နှင့် ပြသရန် ငြင်းဆန်ခြင်း

ပြင်းထန်တဲ့ ရောဂါဝေဒနာတွေကို ခံစားနေရတဲ့ အမျိုးသား ၈၀ ရာခိုင်နှုန်းဟာ ရောဂါ အစောပိုင်း အခြေ အနေမှာ ဆရာဝန်နဲ့ ပြသဖို့ ငြင်းဆန်ခဲ့တာကြောင့် ဆိုးရွားတဲ့ရောဂါအဆင့်အထိ ဖြစ်ပေါ်ခံစားရကြောင်း
ပြောပြခဲ့ပါတယ်။ ဒါကြောင့် တချို့လူနာတွေဆိုရင် ရောဂါကို ခွဲစိတ်ကုသမှု ခံယူရတဲ့ အဆင့်အထိ ရောက် သွားတယ်လို့ လေ့လာသူတွေက ရှင်းပြထားပါတယ်။

(၃) နံနက်စာ မစားခြင်း

လေ့လာမှုအရ နံနက်စာမစားတဲ့ အမျိုးသားတွေဟာ ဇီဝရုပ်ဖြစ်ပျက်နှုန်း လျော့နည်းကြကြောင်းသိရပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းနိုင်စွမ်း ခက်ခဲပြီး တစ်နေ့လုံး အလုပ်လုပ်နိုင်တဲ့ စွမ်းအား ကျဆင်းတတ်ပါ တယ်။

ကေအမ်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...