14 August, 2014

သင့်ချစ်သူကို ဘယ်လိုအဓိပ္ပာယ်နဲ့ နှင်းဆီပန်း ပေးချင်သလဲ



    ကိုယ်ချစ်တဲ့ ချစ်သူမိန်းကလေး၊ ဇနီးမယားတွေကို အမျိုးသားတွေက မွေးနေ့၊ Valentine's Day တွေနဲ့ ချစ်သူသက်တမ်းအထိမ်းအမှတ်နေ့ရက်တွေလို နေ့တွေမှာ နှင်းဆီပန်းလက်ဆောင်ပေးလေ့ရှိကြပါတယ်။
သင်ပေးတဲ့ နှင်းဆီပန်းအရောင်က ဘယ်လို အဓိပ္ပာယ်မျိုးရှိတယ်ဆိုတာ သင်သဘော ပေါက်နားလည်ပြီး
ပေးရင် သင့်ချစ်သူအတွက် ပိုလှပပြီး ပိုမွှေးမြနေမှာပါ။

 

ချစ်ခြင်းမေတ္တာနှင့် စိတ်ကူးယဉ်ဆန်မှုကို ကိုယ်စားပြုလိုလျှင် အနီရောင်နှင်းဆီပန်းပေးပါ




 တစ်ကမ္ဘာလုံးလက်ခံထားတဲ့ သင်္ကေတတစ်ခုက အနီရောင်
နှင်းဆီဟာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုပါတယ်။
ချစ်သူနဲ့ ပထမဆုံးချိန်းတွေ့တဲ့နေ့၊ ချစ်သူနဲ့ အကြာကြီး ဝေးကွာ
နေပြီး ပထမဆုံးပြန်ဆုံတွေ့တဲ့ နေ့တွေမှာ ပေးလေ့ရှိသလို အထိမ်းအမှတ်နေ့ရက်တွေမှာ လည်း ပေးလေ့ရှိပါတယ်။





ခင်မင်မှု၊ ပျော်ရွှင်ခြင်းနှင့် ကျန်းမာရေးကောင်း မွန်မှုတို့ကို ကိုယ်စားပြုလိုလျှင် အ၀ါရောင်

နှင်းဆီပန်းပေးပါ



ရာဇ၀င်အရ အ၀ါရောင်နှင်းဆီက ထွန်းလင်းနေတဲ့ နေရောင်
ခြည်ကို ကိုယ်စားပြုသလို ပျော်ရွှင်မြူးထူးနေ သူတွေအတွက် အကောင်းဆုံးလက်ဆောင်ပါ။ အ၀ါရောင်နှင်းဆီဟာ သင့်ချစ် သူရဲ့ အောင်မြင်မှု၊ နာမကျန်းဖြစ်ပြီး ပြန်လည်ကောင်းမွန်လာ
တဲ့ အချိန်နဲ့ သင့်အတွက် ရဲဘော်ရဲဘက်လို အားကိုးအားထား
ပြုရတဲ့ အခိုက်အတန့်တွေမှာ ပေးသင့်တဲ့လက်ဆောင်ပါ။ အ၀ါ
ရောင်က ပျော်ရွှင်မှုနဲ့ ၀မ်းမြောက်မှုတို့ကို ခံစားရစေပါတယ်။


 

မြင်မြင်ချင်း ချစ်မြတ်နိုးမှု၊ အောင်မြင်မှုနှင့် နှစ်သက်ကြည်နူးမှုတို့ကို ကိုယ်စားပြုလိုလျှင် ခရမ်းရောင်နှင်းဆီပန်း ပေးပါ




ခရမ်းရောင်ဟာ တော်ဝင်ဆန်မှုနဲ့ ဆက်နွယ်နေပါတယ်။ လာဗန်ဒါရောင် နှင်းဆီဟာ တန်ဖိုးမဖြတ်နိုင်တာနဲ့ မြင်မြင်ချင်း
ချစ်မြတ်နိုးမှုတို့ကို ကိုယ်စားပြုပါတယ်။






 

 

ချစ်ခြင်းမေတ္တာ၊ ကျေးဇူးတင်ရှိခြင်းနှင့် တန်ဖိုးထားခြင်းတို့ကို ကိုယ်စားပြုလိုလျှင် ပန်းရောင်နှင်းဆီပန်း ပေးပါ




ပန်းရောင်ဟာ ကျက်သရေရှိမှုနဲ့ ခမ်း နားကြီးကျယ်မှုတို့ကို
ဆောင်ယူလာပါတယ်။ ဒါ့အပြင် ချိုမြိန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ မိန်းကလေးဆန်မှုတွေကိုလည်း ဖြစ်စေပြီး ပန်းရောင်အရင့် ဟာ ကျေးဇူးတင်ရှိတာနဲ့ တန်ဖိုးထားဂုဏ်ပြုတာတို့ကို ဖြစ်
စေပါတယ်။ ပန်းရောင်အနုကတော့ နူးညံ့သိမ်မွေ့မှုနဲ့ လေး စားတန်ဖိုးထားတာကို ဖော်ပြနေပါတယ်။



စစ်မှန်မှု၊ အပြစ်ကင်းစင်မှု၊ ကိုယ်ချင်းစာနာ မှုနှင့် လေးစားမှုတို့ကို ကိုယ်စားပြုလိုလျှင် အဖြူရောင်နှင်းဆီပန်း ပေးပါ




အဖြူရောင် နှင်းဆီပန်းတွေက စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတတစ်ခုဖြစ်ပြီး မင်္ဂလာအခမ်းအနားတွေရဲ့ သင်္ကေတ အရောင်လည်း ဖြစ်ပါတယ်။ အဖြူရောင်က စည်းလုံးညီညွတ် မှု၊ အချစ်သစ်ရဲ့ စစ်မှန်မှုနဲ့ ကိုယ်ချင်းစာနာမှုတို့ကို ဖော်ပြနေ
တဲ့ အရောင်လည်း ဖြစ်ပါတယ်။ ဝေးကွာနေတဲ့ ချစ်သူ အ တွက် အမှတ်တရဖြစ်စေလိုတဲ့ အထိမ်းအမှတ်အနေနဲ့လည်း
ပေးလေ့ရှိပါ တယ်။



 

 

စိတ်အားထက်သန်ခြင်း၊ အလိုဆန္ဒနှင့် ချစ် ခြင်းတရားတို့ကို ကိုယ်စားပြုလိုလျှင် လိမ္မော် ရောင်နှင်းဆီပန်း ပေးပါ




အ၀ါရောင်နဲ့ အနီရောင် ရောစပ်ထားတဲ့ လိမ္မော်ရောင်
နှင်းဆီပန်းတွေက အ၀ါရောင်ရဲ့ ခင်မင်မှုနဲ့ အနီရောင်ရဲ့ ချစ်ခြင်းမေတ္တာတို့ အကြား တံတားတစ်ခုသဖွယ် ဖြစ်နေ
ပါတယ်။ "အချစ်..မင်းအတွက် ကိုယ်ဂုဏ်ယူတယ်"ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ပေးလေ့ရှိကြပါတယ်။




ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

1 comment:

  1. Casino & Poker - DRMCD
    Find our latest review for 김천 출장샵 Casino & Poker. With our 상주 출장마사지 latest rating, you can 김제 출장안마 try a 동두천 출장안마 wide range of games including 군산 출장샵 slot machines, table games, and live

    ReplyDelete

LinkWithIn

Related Posts Plugin for WordPress, Blogger...