04 September, 2014

အသားအရေအကြောင်း အံ့အားသင့်စရာ အယူအဆလေးရပ်


အသားအရေနဲ့ ပတ်သက်ပြီး လူအများစုကြားမှာ တွေ့ရတဲ့ အယူအဆတွေကို ရေးသားလိုက်ရပါတယ်။

အယူအဆ

ရေနွေးနဲ့ ရေချိုးတာကြောင့် အသားအရေခြောက်သွေ့စေပါတယ်

အမှန် - ချမ်းအေးတဲ့ နေ့ရက်တွေမှာရေနွေးနဲ့ ရေချိုးတာကြောင့် အရေပြားကို အလွန်အမင်း ခြောက်သွေ့
စေပါတယ်။ ရေပူတွေနဲ့ ထိတွေ့လိုက်တဲ့အတွက် သွေးကြောကျယ်ပြန့်စေပြီး အရေပြားအပေါ်ယံအလွှာ တစ်လျှောက် ရေဓာတ်ဆုံးရှုံးမှု ဖြစ်စေပါတယ်။ ဒါကြောင့်ရေပူနဲ့ ရေချိုးရတာ သဘောကျရင်တောင် ငါးမိနစ်
လောက်ပဲ ချိုးပါ။ ပြီးရင်ချက်ချင်း ခြောက်အောင် သုတ်ပြီး အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးပါ။

အယူအဆ

နှုတ်ခမ်းဆိုးဆေးအဆီ ခပ်ထူထူလိမ်းရင် နှုတ်ခမ်းကွဲတာကို ကာကွယ်နိုင်တယ်

အမှန် - သင့်တင့်ကောင်းမွန်တဲ့ နှုတ်ခမ်းဆိုးဆေးအဆီဟာ နှုတ်ခမ်းကွဲတာကို ကာကွယ်နိုင်ပါတယ်။ နှုတ် ခမ်းပေါ်မှာရေနံဂျယ်လီ၊ Shea နဲ့ Cocoa Butter လို သဘာဝအဆီတွေကို ဆိုးပေးတာကြောင့် နှုတ်ခမ်းကို စိုပြည်စေပါတယ်။ အရင်ဆုံး နှုတ်ခမ်းကို နူးညံ့တဲ့ သွားပွတ်တံအဟောင်းနဲ့ ညင်ညင်သာသာ ပွတ်တိုကပေး ပါ၊ ဆဲလ်သေတွေကို ကွာကျစေပါတယ်။ ပြီးမှ သဘာဝအဆီပါးပါးဆိုးပေးပါ။

အယူအဆ

မိတ်ကပ်ခရင်မ်က ပိုထူလေလေ၊ အစိုဓာတ် ပိုထိန်းနိုင်လေလေ။

အမှန် - မိတ်ကပ်ခရင်မ်တွေကို ပိုထူထူလိမ်းတာဟာ ရေဓာတ်ကို အမြင့်ဆုံးထိန်းနိုင်တာ မဟုတ်ပါဘူး။
စေးပျစ်တဲ့ခရင်မ်ကို အများအပြား လိမ်းတာကြောင့်ဆဲလ်သေတွေကို စုဆောင်းမိစေပြီး အသားအရေ ကို ပိုမို နွမ်းနယ်စေပါတယ်။ အစိုဓာတ်ကို ကောင်းကောင်း ထိန်းနိုင်ဖို့ မိတ်ကပ်ခရင်မ်အောက်မှာ ဆီကြည်
(Serum) ကို အောက်ခံအဖြစ် လိမ်းသင့်ပါတယ်။

အယူအဆ

အဆီပြန်တဲ့ အသားအရေဆိုရင် အစိုဓာတ်ထိန်းခရင်မ်ကို မေ့ထားနိုင်ပါတယ်

အမှန် - သင့်အသားအရေက အလွန်အမင်း အဆီပြန်နေရင် ဂျဲလ်အမျိုးအစားခရင်မ် ဒါမှမဟုတ် လိုးရှင်း အမျိုးအစားအစိုဓာတ်ထိန်းခရင်မ်ကို လိမ်းသင့်ပါတယ်။ ပေါင်းစပ်အသားအရေဆိုရင် အသားအရေ ခြောက်
သွေ့တဲ့ ပါးနှစ်ဖက်မှာ ခရင်မ် ခပ်ထူထူလိမ်းပြီး အဆီပြန်တဲ့အရေပြားနေရာမှာ ခပ်ပါးပါးလိမ်းပါ။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...