25 August, 2014

ကျန်းမာရေးအတွက် ပွေ့ဖက်ခြင်း၏ အသုံးဝင်ပုံ


ပွေ့ဖက်တာက သင့်စိတ်ခံစားမှု အခြေအနေကို ဖော်ပြနိုင်ရုံသာမက ကျန်းမာရေးအကျိုးကျေးဇူးတွေကို လည်း ရရှိစေပါတယ်။ ချစ်ခင်သူနဲ့ ပွေ့ဖက်တာနဲ့လက်ချင်းဆုပ်ကိုင်တာတွေဟာ ပျော်ရွှင်မှုကို ရရှိစေ သလို နှလုံးရောဂါနဲ့ စိတ်ဓာတ်ကျတာလို ပြင်းထန်တဲ့ ရောဂါဝေဒနာတွေမရအောင်လည်း ကာကွယ်ပေး ပါတယ်။



ဟေမိုဂလိုဘင်ပမာဏကိုမြင့်တက်စေပါတယ်


ချစ်ခင်တဲ့သူတွေနဲ့ ထိတွေ့ပွေ့ဖက်လိုက်တဲ့အခါ သွေးထဲမှာ ဟေမိုဂလိုဘင် အဆင့်မြင့်တက်လာပါတယ်။
ဟေမိုဂလိုဘင်ဟာ ခန္ဓာကိုယ်အနှံ့ (နှလုံးနဲ့ဦးနှောက်အပါအ၀င်) အောက်ဆီဂျင်သယ်ဆောင်ပေးတဲ့ အရာ ပါ။ နာမကျန်းဖြစ်နေသူကို ပွေ့ဖက်လိုက်တဲ့အခါ ဟေမိုဂလိုဘင်ပမာဏမြင့်တက်လာပြီး အနာကျက်တဲ့ ဖြစ် စဉ်ကို မြင့်တက်စေပါတယ်။

စိတ်ဓာတ်ကျဝေဒနာသက်သာစေပါတယ်


တစ်နေ့ လေးကြိမ်ခန့် သင်ချစ်ခင်တဲ့သူကို ပွေ့ဖက်တာကြောင့် စိတ်ကျရောဂါဖြစ်နှုန်းကို လျော့ကျစေပါ တယ်။ သိပ္ပံနည်းကျ လေ့လာမှုအရ တစ်နေ့ရှစ်ကြိမ်ခန့် ပွေ့ဖက်ပေးရင် စိတ်တည်ငြိမ်သန်စွမ်းစေကြောင်း၊ တစ်နေ့ ၁၂ ကြိမ်ပွေ့ဖက်တာကြောင့် စိတ်ဖိစီးမှု လျော့ကျပြီး အိပ်စက်မှုစနစ်ကို တိုးတက်ကောင်းမွန်စေ ကာ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေကြောင်း သိရပါတယ်။

နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလျော့ကျစေပါတယ်


သွေးဖိအားမြင့်မားတာဟာ နှလုံးရောဂါဖြစ်စေနိုင်တဲ့ အချက်တစ်ခုပါ။ လေ့လာမှုအရ ချစ်ခင်တဲ့သူကို ပွေ့ ဖက်တာကြောင့် မြင့်တက်နေတဲ့ သွေးဖိအားကို လျော့ကျစေကြောင်း သိရပါတယ်။ စိတ်ဖိစီးမှု လျော့ကျပြီး စိတ်တည်ငြိမ်စေပါတယ်လေ့လာမှုတချို့အရ ပွေ့ဖက်တာက သင့်ကို ပိုမိုပျော်ရွှင်စေတယ်လို့ သိရပါတယ်။
ပွေ့ဖက်တာကြောင့် အချင်းချင်း ရင်းနှီးချစ်ခင်မှု ဖြစ်စေတဲ့ အောက်ဆီတိုစင်ဟော်မုန်းထွက်နှုန်းကို မြင့်တက်
စေလို့ပါ။ အောက်ဆီတိုစင်ဟော် မုန်းဟာ စိတ်တည်ငြိမ်အေးချမ်းစေပြီး ပူပင်သောကကို လျော့ကျစေပါ တယ်။

ချစ်ခြင်းမေတ္တာကို အဓွန့်ရှည်စေပါတယ်


ချစ်ခင်တဲ့ သူတွေကို ပွေ့ဖက်တာကြောင့် ဆီရိုတိုနင်နဲ့ ဒိုပါနင် ဟော်မုန်းထွက်ရှိမှု တိုးစေပါတယ်။ ဒီဟော် မုန်းနှစ်မျိုးဟာ စိတ်ခံစားမှုကို မြင့်တက်စေပြီးပျော်ရွှင်မှု ဖြစ်စေပါတယ်။ သင်ဟာသင့် အိမ်ထောင်ဖက်နဲ့ ရင်းနှီးချစ်ခင်မှုရှိလေလေ၊ အထွေထွေ ကျန်းမာရေးကောင်းမွန်လေလေဖြစ်ပါတယ်။

နာကျင်ကိုက်ခဲမှု လျော့ကျစေပါတယ်


ကယ်လီဖိုးနီးယားတက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ ခင်ပွန်း၊ဇနီး၊ ချစ်သူ စတဲ့ သူတွေနဲ့ ချစ်ခင်
ပွေ့ဖက်နေတာကြောင့် နာကျင်မှုဝေဒနာကိုသက်သာစေကြောင်း သိရပါတယ်။ အမျိုးသမီး ၂၅ ဦးကို လေ့ လာမှုအရနာကျင်မှုဝေဒနာခံစားရချိန်မှာ ဘ၀အဖော်ရဲ့လက်ကို ကိုင်တာကြောင့် နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာလျော့ပါးစေကြောင်းသိရပါတယ်။

မိဘတို့ ပွေ့ဖက်မှုကြောင့်ကလေးတွေ လုံခြုံမှုရရှိစေပါတယ်


ပတ်ဝန်းကျင်ကျန်းမာရေး လေ့လာမှုတစ်ခုအရ ကလေးငယ်တွေကို ပွေ့ဖက်တာ၊ နမ်းတာ၊ စောင့်ရှောက် တာတို့လိုချစ်ခင်မှုကို ပြသတာကြောင့် ကလေးငယ်တွေဟာ စိတ်ဖိစီးမှု ကင်းကင်းနဲ့ လုံခြုံနွေးထွေးမှုကို ရရှိကြောင်း သိရပါတယ်။

ကေအမ်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...