04 September, 2014

မျက်နှာပေါ်တွင် အညိုစက်များ မထင်စေရန်


           ခရမ်းလွန်ရောင်ခြည်ဒဏ်ကို နှစ်ရှည်လများ ခံခဲ့ရတာကြောင့် မျက်နှာပေါ်မှာ အညိုရောင် အစက် အပြောက်တွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့်မျက်နှာပေါ်မှာ အညိုစက်၊ အမည်းစက်တွေ မထင်စေဖို့ ကာ ကွယ်ကုသသင့်တဲ့ နည်းတွေကို ရေးသားလိုက်ရပါတယ်။

နေကာခရင်မ်ကို လိမ်းပါ


နေ့စဉ် နေကာနိုင်စွမ်း SPF ၃၀ဆ ပါဝင်တဲ့ နေကာခရင်မ်ကို လိမ်းပါ။ အရေပြား ညိုမည်းစေတဲ့ မယ်လာနင်
ရောင်ခြယ်ပစ္စည်း ထွက်နှုန်းကို မြင့်တက်စေတဲ့ခရမ်းလွန်ရောင်ခြည်ဒဏ်ကို နေကာခရင်မ် မှာပါဝင်တဲ့ SPF က ပိတ်ပင်ဟန့်တားနိုင်ပါတယ်။ ကာကွယ်နိုင်စွမ်းရှိစေဖို့လက်ဖက်စိမ်း၊ ဗီတာမင်စီတို့လို အင်တီအောက် ဆီးဒင့် တစ်မျိုးမျိုးပါဝင်တဲ့ ခရင်မ်ဒါမှမဟုတ် လိုးရှင်းကို လိမ်းပေးပါ။

အမည်းစက်နေရာတွင် ခရင်မ်လိမ်းပါ


HQ(Hydroquinone)  နှစ်ရာခိုင်နှုန်းပါဝင်တဲ့ ခရင်မ်ဟာ မယ်လာနင် ထွက်ရှိစေတဲ့ အင်ဇိုင်းကို ဖိနှိပ်ထား တာကြောင့်ညဘက်မှာ အဆက်မပြတ်လိမ်းရင် လေးပတ်အတွင်း အညိုစက်၊ အမည်းစက်တွေကို ကင်းစင် သွားစေနိုင်ပါတယ်။ တကယ်လို့ HQ ခရင်မ်လိမ်းပြီး အသားအရေ စပ်ဖျဉ်းဖျဉ်းဖြစ်တယ်ဆိုရင် ပိုပြီးကောင်း မွန်တဲ့ ရလဒ်ရရှိစေဖို့ ဗီတာမင်ဘီပါတဲ့ ခရင်မ်နဲ့ တစ်ညခြားစီ လိမ်းပေးပါ။

ရက်တီနောပေါင်းစပ်ပြီး လိမ်းပါ


HQ လေးရာခိုင်နှုန်း ခရင်မ်နဲ့ ရက်တီးနွိုက်ခရင်မ်ကို ပေါင်းစပ်ပြီး လိမ်းတာကြောင့် ၄-၆ ပတ်အတွင်းမှာ သိသာထင်ရှားတဲ့ အမည်းစက်တွေတောင် လျော့ပါးသက်သာစေနိုင်ပါတယ်။


တင်းတိပ်ဖြစ်နိုင်ခြေရှိ


သင့်နှုတ်ခမ်းအထက်၊ နဖူး၊ နားထင်နဲ့ ပါးပြင်မှာ အမည်းကွက်တွေကို မြင်တွေ့နေရရင် တင်းတိပ်ဖြစ်
ကောင်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် အီစထရိုဂျင်ဟော်မုန်းများတာ၊ ဟော်မုန်းကုထုံးခံယူတာ၊ သန္ဓေတားဆေးသောက်တာတွေကြောင့် တင်းတိပ်ဖြစ်ပေါ်အောင် အားပေးနိုင်ပါတယ်။ ဟော်မုန်း အဆင့်တည်ငြိမ်သွားတဲ့အခါ တင်းတိပ်ပျောက်သွားနိုင်ပါတယ်။

မိတ်ကပ်လိမ်းပြီး ဖုံးကွယ်ပါ


မျက်နှာပေါ်က အညိုစက်၊ အမည်းစက်တွေ လျော့ပါးဖုံးအုပ်နိုင်စေဖို့ ဖောင်ဒေးရှင်းခရင်မ်ထက် နှစ်ဆင့်ခန့် ပိုလင်းတဲ့ ကွန်ဆဲလ်လာကို အရင်လိမ်းပါ။ ပြီးမှအသားအရေအရောင်နဲ့ လိုက်ဖက်ညီတဲ့ဖောင်ဒေးရှင်း မိတ် ကပ်ကို လိမ်းပါ။ ကွန်ဆဲလ်လာက အညိုစက်၊ အမည်းစက်တွေကို လျော့ပါးစေပြီး ဖောင်ဒေးရှင်း ခရင်မ်ဟာ အသားအရေကို ချောမွေ့တင်းရင်းစေပါတယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...