ကလေးရဲ့ ကိုယ်၊ စိတ်ကြီးထွားဖွံ့ဖြိုးမှု မြန်ဆန်စေဖို့နဲ့ မှန်ကန်စေဖို့ရာအတွက် မိဘအုပ်ထိန်းသူတိုင်း သိထားသင့်တဲ့ နည်းလမ်းတွေကို အကြံပြုပါရစေ။
♦ ကလေးကို အမြန်စာ (Fast Food) များ မကျွေးပါနှင့်
ကလေး အငိုတိတ်ရင်ပြီးရော သဘောမျိုးနဲ့ အလွယ်တကူ စားနိုင်တဲ့ အချိုရည်၊ အဆင်သင့်အစာ စတာတွေ ကို ၀ယ်မကျွေးပါနဲ့။ ကလေး ငိုနေရင် စိတ်ရှည်ရှည် ချော့မော့ပြီး အာရုံလွှဲပါ။♦ ကလေးကို ပုံပြင်များ ဖတ်ပြပါ
ကလေး အသက်အရွယ်အလိုက် ဖတ်သင့်တဲ့ ပုံပြင်စာအုပ်တွေကို ရွေးချယ်ပြီး ဖတ်ပြပါ။ မိဘကြည့်တဲ့ ဇာတ်ကားတိုင်း ကလေးမကြည့်သင့်သေးပါဘူး။ အထူးသဖြင့် ရက်စက်ကြမ်းကြုတ်တဲ့ဇာတ်လမ်း၊ ၁၈ နှစ်အောက် မကြည့်သင့်တဲ့ ဇာတ်လမ်းတွေကို ကလေးက နားမလည်သေးဘူးဆိုပြီး အတူကြည့်တာမျိုး ရှောင် သင့်ပါတယ်။
♦ ကလေးကို စကားပြောပါ
ကလေးနဲ့ မျက်နှာချင်းဆိုင်ဖို့ အချိန်မရလောက်အောင် အလုပ်ရှုပ်နေတာမျိုး မဖြစ်သင့်ပါဘူး။ ကလေးနဲ့ အပြန်အလှန် စကားပြောဖို့ အချိန်ရှိပါစေ။ ဂရုစိုက်ချစ်ခင်ခံရတဲ့ ကလေးတွေက ကြီးပြင်းလာတဲ့အထိ လိမ္မာရေးခြား ရှိတတ်ပါတယ်။
♦ ကလေးရှေ့ တွင် ရန်ဖြစ်ခြင်းကို ရှောင်ပါ
ဒီနေရာမှာ ကိုရီးယားဇာတ်လမ်းလေးတွေကို အတုယူသင့်ပါတယ်။ မိဘက ရန်ဖြစ်တော့မယ်ဆိုရင် ကလေးကို အခန်းထဲဝင်နေခိုင်းလေ့ရှိပါတယ်။ ဒါက အသေးအမွှားလို့ သင်ထင်ကောင်းထင်နိုင်ပေမယ့် ကလေးကို စိတ်ဒဏ်ရာမရအောင်ကာကွယ်ပေးနိုင်ပါတယ်။ ကလေးရှေ့မှာ တစ်ဦးနဲ့ တစ်ဦး နင်ပဲငဆ
ပြောဆိုတာ၊ ပြစ်တင်ကြိမ်းမောင်းတာ၊ ရိုက်ပုတ်တာမျိုးကို ရှောင်ပါ။ ကလေးဘ၀တစ်လျှောက်လုံး စိတ် ဒဏ်ရာရကာ မလုံခြုံမှုခံစားရပြီး စိတ်အားငယ်တတ်ပါတယ်။
♦ ကလေးနှင့်အတူ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ
ကလေးတွေနဲ့အတူ မိသားစုလိုက် ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့ အကျင့်လေးက အင်မတန် ပျော်ရွှင်စရာကောင်းပါတယ်။ တီဗီ၊ ဂိမ်းစက် စတာတွေရှေ့မှာချည်း အချိန်ကုန်နေတဲ့ ကလေးတွေကို အလုပ်စားပွဲမှာ ချည်း အချိန်ကုန်နေတဲ့ မိဘတွေက ဆွဲခေါ်ပြီး အတူကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာက မိသားစု တစ်ခုလုံး ရဲ့ ကျန်းမာရေးကို စောင့်ရှောက်မှု ပေးနေတာပဲ ဖြစ်ပါတယ်။
ဇွန်
No comments:
Post a Comment