19 March, 2015

ခရမ်းချဉ်သီးစားခြင်းက ဆီးကျိတ်ရောဂါရှင်များကို ဝေဒနာ ကိုးဆ သက်သာစေနိုင်




 ခရမ်းချဉ်သီးအား အနီရောင်ဖြစ်စေသည့် အင်တီအောက်
ဆီးဒင့် လိုင်ကိုပင်းသည် သက်ကြီးအမျိုးသားများတွင် ဖြစ်
တတ်သည့် ဆီးကျိတ်ကြီးခြင်းနှင့် ဆီးအိတ်တင်းခြင်းကို လျော့ ကျစေကြောင်း သိရသည်။ သို့ဖြစ်၍ ဗီတာမင်အပြည့်ပါသည့် ခရမ်းချဉ်သီးကို စားလျှင် ညဘက်မကြာခဏ ဆီးသွားနေရသူ အမျိုးသားတို့၏ ဒုက္ခကိုလျော့ပါးစေပါသည်။


အသက် ၄၀ မှ ၈၀ ကြား အမျိုးသား ၅၇ ဦးအားသုံးလကြာလေ့လာမှုတစ်ရပ်အရ လိုင်ကိုပင်းပါသော ဆေး
ပြားမှီဝဲသူတို့က အခြားပုံတူဆေးပြားမှီဝဲသူတို့ ထက်ညအချိန် အိမ်သာသွားရနှုန်း သုံးပုံတစ်ပုံကျော်လျော့ နည်း ပြီးဆီးအိတ်လုပ်ငန်းဆောင်တာ သိသိသာသာ ကောင်းမွန်ကြောင်းသိရသည်။

လိုင်ပိုပင်းဓာတ်သည် သွေးကြော ပျော့ပျောင်းသန်စွမ်းမှုကို တိုးစေပြီး သွေးလွှတ်ကြောမာကြောနှုန်းကို
လျော့ကျစေကြောင်း ကိန်းဘရစ်ခ်ျတက္ကသိုလ်မှ လေ့လာသူတို့က ရှင်းပြသည်။ လိုင်ကိုပင်းတွင် ဆီးကျိတ် ကြီးမားခြင်းအား ကုသမှုအတွက် သုံးသည့် အဓိကဆေးဝါး Finasteride နှင့် ဆင်တူသော ဓာတုတည်
ဆောက်ပုံရှိကြောင်း၊ လိုင်ကိုပင်းမှီဝဲသည့်အခါ ဆီးကျိတ်ဆဲလ်ရှိ အကျိုးပြုဘက်တီးရီးယားများ တိုးပွားလာ
ကြောင်း ချီကာဂိုလေ့လာမှုတစ်ရပ်ကလည်း ဖော်ပြထားသည်။

ZKO

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...