02 July, 2014

နို့နှင့် နို့ထွက် ပစ္စည်းတို့၏ ကျန်းမာရေးအကျိုးကျေးဇူးများ


အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးတာကြောင့် အသက်ရှည်တာ၊ စိတ်ခံစားမှုကောင်းတာနဲ့ ကိုယ်အလေးချိန်ထိန်းနိုင်တာစတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေကြောင်း သိပြီးဖြစ်ပါတယ်။ အခု အခါ သိပ္ပံပညာရှင်တွေရဲ့ လတ်တလော လေ့လာအတည်ပြုထားတဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးသွားမှာ
ဖြစ်ပါတယ်။

 

(၁) ဆီးချိုသွေးချိုရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်

 အာဟာရဆိုင်ရာ အမေရိကန် လေ့လာမှုတစ်ရပ်အရ တစ်နေ့ ဒိန်ခဲအနည်းဆုံး ၅၅ ဂရမ်မှီဝဲပေးရင် အမျိုး အစား (၂) ဆီးချိုရောဂါဖြစ်နိုင်ခြေကို ၁၂ ရာခိုင်နှုန်းကို လျော့ကျစေကြောင်း သိရပါတယ်။ ဒိန်ချဉ်နဲ့ ဒိန်ခဲမှာ ပါတဲ့ အကျိုးပြုဘက်တီးရီးယားဟာ သွေးတွင်းကိုလက်စထရော အဆင့်ကို လျော့ကျစေတယ်လို့ လေ့လာ သူတွေက ဆိုပါတယ်။


(၂) အစာစားပြီး ဒိန်ခဲစားရင် သွားပိုးစားတာကို ကာကွယ်နိုင်ပါတယ်

ဒိန်ခဲစားတာကြောင့် သွားပိုးစားစေနိုင်တဲ့ အက်စစ်ထွက်ရှိမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကယ်လ် စီယမ်နဲ့ ဖော့စ်ဖိတ်ဟာ ဘက်တီးရီးယားပိုးစုဆောင်းမှုကို ကွဲပြားသွားစေပြီး အက်စစ်အထွက်များတာကို ဟန့်တားနိုင်ပါတယ်။

(၃) နှလုံးသွေးကြောရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်

ဒိန်ခဲမှာ ရောင်ရမ်းမှုဆန့်ကျင်တဲ့ အစွမ်းရှိတာကြောင့် နှလုံးသွေးကြောရောဂါဖြစ်နှုန်းကို လျော့ကျစေတယ် လို့ သိပ္ပံပညာရှင်တွေက လတ်တလောမှာ တွေ့ရှိထားပါတယ်။ နှစ်ချို့ဒိန်ခဲတွေကို ဆေးအနေနဲ့ရော အိုမင်း မှုတားဆီးမှု အနေနဲ့ပါ သုံးနိုင်ပါတယ်။

(၄) အိပ်မောကျစေပါတယ်

အိမ်မပျော်တဲ့ ရောဂါဝေဒနာခံစားနေရသူတွေအနေနဲ့ နွားနို့သောက်တာကြောင့် နွားနို့ထဲမှာပါတဲ့ ပရိုတင်း ဓာတ်ရရှိကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေရုံသာမက နောက်တစ်နေ့မှာ လန်းဆန်းနေစေပါတယ်။ ဒါ့ အပြင် နွားနို့ထဲက ထရစ်ပတိုဖန်ဟာ ဆီရိုတိုနင်နဲ့ မယ်လတိုနင်အဆင့်ကို မြင့်တက်စေပြီး အိပ်ရေး၀၀ အိပ်ပျော်စေပါတယ်။ နွားနို့၊ ဒိန်ချဉ်နဲ့ ဒိန်ခဲတွေမှာ ကယ်လ်စီယမ်ပါဝင်တဲ့ အတွက် ထရစ်ပတိုဖန်ကို စိတ် တည်ငြိမ်စေတဲ့ မယ်လတိုနင်အဖြစ် အလွယ်တကူ ပြောင်းလဲပေးနိုင်ပါတယ်။


 

(၅) ပူစပ်မှုကို လျော့ကျစေပါတယ်

ပူစပ်တဲ့ အစားအသောက်စားပြီးချိန်မှာ
နွားနို့သောက်တာကြောင့် ပူစပ်တဲ့ ခံစားမှုကို
လျော့ကျစေပါတယ်။ ပူစပ်တဲ့ အစားအသောက်တွေနဲ့ အတူဒိန်ချဉ်ကို ရောစားတာကြောင့် ကလေးတွေကို
မိသားစုစားနေကျ အစာတွေ စားနိုင်သွားစေပါတယ်။

 

 

 

 

(၆) ဆာလောက်မှုကို ထိန်းသိမ်းကာ ကိုယ်အလေးချိန် ထိန်းနိုင်ပါတယ်

ဒိန်ခဲ၊ ဒိန်ချဉ်စတာတွေကို သရေစာအဖြစ် စားတာကြောင့် ကြာကြာစိတ်ကျေနပ်မှု ရှိစေပြီး ကိုယ်အလေး ချိန်ကို ပုံမှန်အတိုင်းထိန်းပေးနိုင်ပါတယ်။

(၇) ပရိုတင်းရရှိမှု မြင့်မားစေပါတယ်

ကြက်သား၊ ငါး၊ ပဲအမျိုးမျိုးစတာတွေမှာလိုပဲ ဒိန်ခဲမှာလဲ ပရိုတင်းဓာတ် ပါဝင်မှု မြင့်မားပါတယ်။ ဒိန်ခဲမာတွေ က ဒိန်ခဲပျော့တွေထက် ပရိုတင်းပါဝင်မှု ပိုများပါတယ်။

(၈) အရိုးအဆစ် သန်စွမ်းစေပါတယ်

နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲစတာတွေမှာ ပါဝင်တဲ့ ကယ်လ်စီယမ်ဟာ အရိုး၊ အဆစ်တွေကို သန်စွမ်းစေပါတယ်။

(၉) အဆင်သင့်ခေါက်ဆွဲတွေမှာ ဆိုဒီယမ်ပမာဏကို လျော့ကျစေပါတယ်

ဒိန်ခဲကို ရေထဲ မိနစ်အနည်းငယ်စိမ်ထားပြီး ဆေးကာ ဟင်းရွက်သုပ် ဒါမှမဟုတ် ခေါက်ဆွဲထုပ်ပြုတ်ထဲ ထည့်လိုက်ရင် ဆိုဒီယမ်ပမာဏကို သိသိသာသာလျော့ကျစေပြီး အရသာကို ပြောင်းလဲစေနိုင်ပါတယ်။

(၁၀) လင်တို့စ်နဲ့ မတည့်ရင်လဲ ဒိန်ခဲစားနိုင်ပါတယ်

လက်တို့စ်နဲ့ မတည့်သူတွေမှာ နွားနို့သောက်ရင် ၀မ်းပျက်ဝမ်းလျှောဖြစ်နိုင်ခြေများ ပါတယ်။ နှစ်ချို့ဒိန်ချဉ် မှာတော့ လက်တို့စ် မပါသလောက်နည်းတာကြောင့် စားနိုင်ပါတယ်။

★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...