03 July, 2014

နောက်တစ်ကြိမ် မိန်းမကိုယ်မှိုစွဲခြင်း မဖြစ်စေရန်

မိန်းမကိုယ်တစ်ဝိုက် ဘက်တီးရီးယားပိုးတွေ မမျှတမှုကြောင့် မိန်းမကိုယ်ယားယံတာနဲ့ မသက်မသာဝေဒနာ တို့ဖြစ်တတ်ပါတယ်။ မိန်းမကိုယ် မှိုစွဲဝေဒနာကို မကြာခဏ ရတတ်သူတွေအနေနဲ့ နောက်တစ်ကြိမ် မိန်းမ ကိုယ် မှိုစွဲဝေဒနာမဖြစ်စေဖို့ ရှောင်လွှဲနိုင်မယ့် နည်းတွေကိုရေးသားလိုက်ရပါတယ်။

ဖြည့်စွက်ဆေး မှီဝဲပါ


တစ်နှစ်မှာ သုံးကြိမ်ထက်ပိုပြီး မိန်းမကိုယ်မှိုစွဲဝေဒနာရရင် အကျိုးပြုဘက်တီးရီးယား လက်တိုဘက်ဆဲလ် လပ်စ်ပါဝင်တဲ့ ဖြည့်စွက်ဆေးကို နေ့စဉ်မှန်မှန် မှီဝဲပေးပါ။ လေ့လာမှုအရ ဒီဖြည့်စွက်ဆေးဟာ မိန်းမကိုယ်ရဲ့ စံကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်တဲ့ လက်တစ်အက်စစ်နဲ့ တခြားဓာတ်တွေ ထွက်ရှိမှုကို အားပေးပြီး မှိုပိုး
ပေါက်ဖွားမှု မဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။


ခြောက်သွေ့နေပါစေ


ပူနွေးစွတ်စိုတဲ့ ပတ်ဝန်းကျင်ဟာ မှိုပိုးပေါက်ဖွားစေတဲ့ အခြေအနေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အတွင်းခံဘောင်းဘီကို ချည်သားဝတ်ဆင်ပြီးတင်းကျပ်နေရင်၊ စိုစွတ်နေရင်၊ ချွေးထွက်နေရင် အတွင်းခံ
ဘောင်းဘီကို အသစ်လဲပေးပါ။



မလိုအပ်သော ဓာတုပစ္စည်းများကိုထိန်းချုပ်ပါ


မိန်းမကိုယ်သန့်ရှင်းရေးအတွက်သုံးတဲ့ အရာတွေ အားလုံးဟာ မိန်းမကိုယ်တစ်ဝိုက် နူးညံ့တဲ့ ဂေဟစနစ် မျှခြေကို မထိခိုက်စေတဲ့ အရာတွေဖြစ်ဖို့ အရေးကြီးပါတယ်။



သင့်ကိုယ်သင် ဂရုစိုက်ပါ


အားနည်းတဲ့ ကိုယ်ခံစွမ်းအားစနစ်ဟာ ကူးစက်ပိုးဝင်လွယ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို တတ်နိုင်သမျှ ထိန်းချုပ်ပြီး အိပ်စက်မှုကို ဦးစားပေးကိစ္စအနေနဲ့ ဆောင်ရွက်ပါ။





အချိုလျှော့ပါ


မှိုပိုးတွေက သကြားကို စားသုံးပြီးပွားများတတ်ပါတယ်။ ဒါကြောင့် သွေးတွင်း သကြားဓာတ် မြင့်တက်စေ မယ့် ချိုတဲ့ မုန့်ပဲသရေစာ၊ အချိုရည်နဲ့ ပြုပြင်ထားတဲ့ အစားအသောက်တွေကို ရှောင်ပါ။ ကောင်းတဲ့ ဘက်တီး ရီးယားတွေ ပါဝင်တဲ့ ဒိန်ချဉ်နဲ့ ကြက်သွန်ဖြူတို့ဟာ အစွမ်းထက် ဖန်းဂတ်စ်ပိုးသတ်အာနိသင်ရှိကြပါတယ်။




ပဋိဇီဝပိုးသတ်ဆေးကို ရှောင်ပါ


ပဋိဇီဝပိုးသတ်ဆေးတွေက ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ ဘက်တီးရီးယားတွေအပါအ၀င် ဘက်တီးရီးယား အားလုံးကို သေစေနိုင်တာကြောင့် ပဋိဇီဝပိုးသတ်ဆေးတွေကို ဆရာဝန်မညွှန်ကြားဘဲ မသောက်ပါနဲ့။ လိုအပ်မှသာသောက်သင့်ပါတယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...