10 July, 2014

သင်ချစ်သောသူ သေဆုံးသည့်အခါ ပူဆွေးသောကရောက်နေခိုက် သက်သာရာရစေမည့် အပြုအမူများ

ကိုယ်ချစ်ခင်တဲ့သူ (ဥပမာ- ဆွေမျိုးသားချင်း၊ မိတ်ဆွေသူငယ်ချင်း ၊ ခင်မင်ရသူ) သေဆုံးသွားတဲ့အခါ “သေသောသူ ကြာရင်မေ့”   ဆိုတဲ့ စကားလိုမျိုး သူ့ကိုမမေ့နိုင်ဘဲ ၀မ်းနည်းကြေကွဲနေရင် အောက်ပါ နည်းလမ်းတွေကို လုပ်ဆောင်သင့်ပါတယ်။

♦ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ


ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာက စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးမှုနဲ့ပူပင်သောကတို့ကို သက်သာလျော့ ပါးစေပါတယ်။

♦ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ


ကိုယ့်ဘ၀ကို တန်ဖိုးထားပြီး ကျန်ရှိနေတဲ့ အချိန်အပိုင်းအခြားအတွင်းမှာကျန်းမာအောင် နေမယ်ဆိုတဲ့ စိတ် ကိုမွေးမြူပါ။ အနားများများယူပါ၊ အာဟာရပြည့်ပြည့်၀၀စားသောက်ပါ၊ အရက်နဲ့မူးယစ်ဆေးဝါးကို မသုံးပါနဲ့။

♦ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ပါ


သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေကို တတ်နိုင်သမျှ အကျိုးပြုနိုင်ဖို့အတွက်စေတနာ့ဝန်ထမ်းအလုပ်တွေကို ပါဝင်လုပ်ဆောင်ပေးပါ။ ပူဆွေးသောကကိုမေ့လျော့သွားပါလိမ့်မယ်။ ရောက်တတ်ရာရာ တွေးတောတာမျိုး မဖြစ်တော့ပါဘူး။


♦ နှစ်ပတ်လည်အခမ်းအနားအတွက်ကြိုတင်ပြင်ဆင်ပါ


သင်ချစ်တဲ့သူအတွက် အလှူဒါနကောင်းကောင်းပြုလုပ်နိုင်အောင် ကြိုတင်စဉ်းစားထားပြီး ပြင်ဆင်နေတာ
ကလည်း ၀မ်းနည်းပူဆွေးမှုကို လျော့ပါးစေပါတယ်။


♦ ခံစားချက်ကို ဖွင့်ဟပြောပါ


သင့်စိတ်ထဲမှာမြုံပြီး တစ်ယောက်တည်း ကျိတ်ခံစားမနေသင့်ပါဘူး။ သင်ချစ်တဲ့သူတွေကို အလွန်အမင်း သတိရလွမ်းဆွတ်တဲ့ အခိုက်မှာ သင့်ကို နားလည် စာနာပေးနိုင်မယ့်သူကို ဖွင့်ဟပြောပြလိုက်ပါ။ သင် ခံ စားနေရတဲ့ ဝေဒနာသက်သာသွားပါလိမ့်မယ်။


♦ ကုသမှုအစီအစဉ် ချမှတ်ပါ


တကယ်လို့ မေ့သင့်တဲ့အချိန် ရောက်ပေမယ့် မမေ့နိုင်ဘဲ အိပ်ရာထဲလှဲပြီး မစားနိုင်၊ မသောက်နိုင် ပူဆွေး
သောကရောက်ပြီး စိတ်ဓာတ်ကျနေရင် ဆရာဝန်နဲ့ တွေ့ဆုံပြီး ဆေးကုသမှု ခံယူဖို့ လိုအပ်နေပါပြီ။
★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...