19 March, 2015

မိခင်ဖြစ်ခွင့် အိပ်မက်ကို ထိခိုက်စေနိုင်သည့် အချက်သုံးရပ်


• • • • • • • • • • • • • •

အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖွားနိုင်မယ့် မိခင်ဖြစ်ခွင့်အိပ်မက်ကို ခြိမ်းခြောက်နေတဲ့ အရာသုံးမျိုးကို သတိပြုဆင်ခြင်သင့်ပါတယ်။

• • • • • • • • • • • • • •


အိမ်တွင်း လေထုညစ်ညမ်းမှု


အိမ်တွင်း လေထုညစ်ညမ်းမှု များတာဟာအမျိုးသမီး
တွေရဲ့ သွေးလှည့်ပတ်မှုစနစ်၊ ကိုယ်ခံစွမ်းအားစနစ်၊ မျိုးဆက်ပွားကျန်းမာရေးနဲ့ ဇီဝကမ္မဆိုင်ရာ လုပ်ငန်း
ဆောင်တာတို့အပေါ် တိုက်ရိုက်သက်ရောက်မှု ဖြစ်
စေပြီး မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။



ဆေးလိပ်ငွေ့


ဆေးရွက်ကြီးမှာ အဆိပ်ဖြစ်စေတဲ့ ဒြပ်အများအပြားပါဝင်ပြီး သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။
ဆေးလိပ်မသောက်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် ဆေးလိပ်သောက်တဲ့ အမျိုးသမီး
တွေဟာ ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ ကလေးမွေးဖွားတာနဲ့ ကလေးအသေမွေးတာတို့ ဖြစ်နိုင်ခြေများ ပါတယ်။ ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေအနေနဲ့ မျိုးအောင်နိုင်စွမ်း ထိခိုက်မှုလည်း ရှိတတ်ပါတယ်။


အဖြူရောင် ကောက်နှံစာ အများအပြား


အခွံချွတ်ထားတဲ့ ကောက်နှံစာတွေဟာ အခွံချွတ်မထားတဲ့ ဆန်လုံးညို၊ အညိုရောင်ပေါင်မုန့်၊ ခေါက်ဆွဲညို စတာတွေလောက် ကျန်းမာရေးနဲ့မညီညွတ်နိုင်ပါဘူး။ အခွံချွတ်ထားတဲ့ ထမင်းဖြူ၊ခေါက်ဆွဲဖြူ စတာတွေကို များများ စားတာကြောင့်အမျိုးသမီးဟော်မုန်း ဟန်ချက်ညီမျှမှုကို အဟန့်အတားဖြစ်စေပြီး မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...