31 May, 2013

ဆယ်ကျော်သက်ပျိုမေတို့ သိသင့်သော ကျန်းမာရေး

 
        ကျောင်းမှာ ကျန်းမာရေးဟောပြောပွဲတစ်ခု လုပ်မယ်လို့သိရတုန်းက စုစုနဲ့ယုမွန်သိပ်မတက်ကြွသေး ဘူး။ ဟောပြောမယ့်သူက ဒေါက်တာနီလာ လို့လည်းသိရော စုစုနဲ့ ယုမွန်တင်မက မိုးနွယ်ပါရင်ခုန်ပြီး စိတ် လှုပ်ရှားမိတယ်။
        ''တို့ ဒေါက်တာလား မသိဘူးနော်'' ဆိုပြီးအချင်းချင်းလက်တို့ရင်း စိတ်ထဲကပါ အလိုလိုပျော်နေမိ တယ်။ ဟောပြောပွဲလုပ်မယ့် ခန်းမထဲကိုလည်းအစောဆုံးနဲ့ ရှေ့ဆုံးက နေရာဦးတဲ့သူတွေက သူတို့လေး
တွေ သုံးယောက်ပါပဲ။
        ''ဘာအကြောင်း ပြောမှာလဲ မသိဘူး''လို့ မိုးနွယ်ရဲ့ အမေးကို ''ငါတို့ ချစ်တဲ့ ဒေါက်တာဖြစ်ပါစေ''လို့ ကျိတ် ဆုတောင်းနေတဲ့ ယုမွန်က မကြားလိုက်ဘူး။ စုစုက ''ဘာအကြောင်းပဲပြောပြော ငါတို့ ဒေါက်တာဖြစ် လို့ကတော့ ငေးပြီး နားထောင်မှာ''လို့ ပြန်ဖြေတော့ မိုးနွယ်လည်း ခေါင်းညိတ်လက်ခံတယ်။

30 May, 2013

အ၀တ်အစားပေါ်က ၀ါနေသော ချွေးစွန်းကွက်ကို ဖယ်ရှားနည်းများ

 
သင့်အင်္ကျီရဲ့ ချိုင်းနေရာမှာ ၀ါကြန့်ကြန့်ဖြစ်နေတဲ့ ချွေးစွန်းကွက်တွေကို ဖယ်ရှားလိုပါသလား။ အောက်ပါ နည်းတွေက ချွေးစွန်းကွက်တွေကို ဖယ်ရှားလိုပါသလား။ အောက်ပါနည်းတွေက ချွေးစွန်းကွက်ဖယ်ရှားရာ မှာ အသုံးဝင် ထိရောက်တဲ့နည်းတွေဖြစ်ပါတယ်။ နူးညံ့လွန်းတဲ့ အ၀တ်အစားတွေက ချွေးစွန်းကွက်ကို မဖယ်ရှားခင်မှာ မာကျောတဲ့ ကော်လံလိုနေရာကို အရင်ဆုံးစမ်းသုံးကြည့်ဖို့ အကြုံပြုလိုပါတယ်။

အစာခြေစနစ်ဆိုင်ရာ ပြဿနာများ ကင်းဝေးပြီး အစာခြေလမ်းကြောင်းစနစ် ကျန်းမာစေရန်


လူအများစုဟာ ၀မ်းချုပ်တာ၊ ၀မ်းလျှောတာ၊ လေပွတာ၊ ပျို့အန်ချင်ဖြစ်တာ၊ အန်တာ စတဲ့အစာခြေလမ်း
ကြောင်းဆိုင်ရာ ပြဿရာတွေကို တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို ခံစားရတတ်ပါတယ်။ ဒီဝေဒနာသက် သာအောင် အောက်ပါနည်းလမ်းတွေကို လိုက်နာဖို့ အကြံပြုချင်ပါတယ်။

28 May, 2013

လေထုညစ်ညမ်းမှုများသော ပတ်ဝန်းကျင်သို့ရောက်ရှိနေချိန် ကာကွယ်သင့်သော နည်းများ


ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းမှု ဖြစ်
နေတာက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကားတွေ အသုံးပြုမှုများတာ၊ စက်ရုံအလုပ်ရုံတွေကနေ မီးခိုးငွေ့တွေ ထွက်ရှိမှုများတာတွေကြောင့် လေထုညစ် ညမ်းမှုအဖြစ်များနေပါတယ်။

ဒီလေတွေကို နေ့စဉ်ရှူသွင်းမိတဲ့အခါ နောက်ဆက်တွဲ ကျန်းမာရေး အန္တရာယ်တွေ ဖြစ်လာတတ်ပါတယ်။


လေထုညစ်ညမ်းမှုကြောင့် ဖြစ်ရသောကျန်းမာရေးပြဿနာများ

လေထုညစ်ညမ်းမှုနဲ့ ဆက်စပ်နေတဲ့ကျန်းမာရေးပြဿနာ အများကြီး ရှိပါတယ်။ အများအားဖြင့် အသက်ရှူ လမ်းကြောင်းစနစ်နဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေပဲဖြစ်ပါတယ်။ လေထဲက အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်း
တွေကို သွေးကစုပ်ယူပြီး ခန္ဓာကိုယ်အနှံ့ပို့ဆောင်တာကြောင့် ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေ တာဖြစ်ပါတယ်။ အိမ်တွင်းမှာ လေထုညစ်ညမ်းမှုဖြစ်နေရင် ပိုမိုဆိုးရွားတဲ့ကျန်းမာရေးအန္တရာယ်တွေကို
ဖြစ်စေနိုင်ပါတယ်။

♦ လေထဲက အမှုန်အမွှားတွေကြောင့် မျက်စိယားယံကာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ အသက်ရှူလမ်းကြောင်း ထိခိုက်တာ၊

♦ လေထုညစ်ညမ်းမှုဒဏ် အကြီးအကျယ်ခံရတာကြောင့် ရင်ဘတ်တင်းကျပ်တာ၊ မျက်စိ ပူစပ်ပူလောင်ဖြစ်တာ၊

♦ အဆုတ်ကင်ဆာနဲ့ နှလုံးရောဂါဝေဒနာတွေကလည်း လေထုညစ်ညမ်းမှုနဲ့ဆက်စပ်နေပါ တယ်။
♦ လေပြွန်ရောင်တာ၊ အဆုတ်ထိခိုက်တာ၊

♦ ရုတ်တရက်နဲ့ ပြင်းထန်တဲ့ ပန်းနာရင်ကျပ်ဖြစ်နှုန်းများတာ၊

 လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးပြဿနာမရှိစေရန် ကာကွယ်နည်းများ

(၁) အိမ်တွင်းနဲ့ အလုပ်ခန်းအတွင်းမှာ လေထုသန့်စင်စေမယ့် စနစ်ရှိရပါမယ်။ ဒါမှသာ လေထုထဲက အနံ့ အသက်၊ ဖန်းဂပ်စ်မှိုနဲ့ မိုးမွှားတွေကို ကင်းစင်စေပြီး လေထုသန့်စင်နေမှာ ဖြစ်ပါတယ်။

(၂) ညစ်ညမ်းတဲ့ ပတ်ဝန်းကျင်မှာ လေ့ကျင့်ခန်းလုပ်တာမျိုးကို ရှောင်ပါ။ လေ့ကျင့်ခန်းလုပ်ချိန် အတော အတွင်း အဆုတ်က လေကို ပိုမိုရှူသွင်းဖြစ်စေတာကြောင့် ညစ်ညမ်းတဲ့လေထုကို ရှူမိရင် ခန္ဓာကိုယ်ကို ထိခိုက်နိုင်ခြေများပါတယ်။

(၃) နေ့ခင်းနေ့လယ်အချိန်ဟာ လေထုညစ်ညမ်းမှု အမြင့်မားဆုံးအချိန်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန် အတောအတွင်း အိမ်ပြင်ပမှာ နေထိုင်တာကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

(၄) လေထုညစ်ညမ်းမှုများတဲ့ နေရာမှာ အလုပ်လုပ်ရင် အသက်ရှူလမ်းကြောင်းတစ်လျှောက်စိုစွတ်နေဖို့ အရည်များများသောက်သုံးသင့်ပါတယ်။ အယ်လ်ကိုဟောကိုရှောင်ပါ။ နှာခေါင်းစည်းတပ်ပါ။

★ ကြယ်စင် ★

27 May, 2013

ကင်ဆာရောဂါရှိကြောင်း သိလိုက်ရချိန်မှာ




ကင်ဆာရှိကြောင်း သိလိုက်ရချိန်မှာ စိတ်ဖိစီးမှု၊ ၀မ်းနည်းမှု၊ အားငယ်မှု၊ စိတ်လှုပ်ရှားမှု၊ တုန်လှုပ်မှု စတဲ့ ခံစားချက်တွေ ရောပြွမ်းပြီး ခံစားရတာ
ကြောင့် ရှေ့ဆက်ပြီး ဘာလုပ်ရမလဲဆိုတာကို တွေးတောရ ခက်နေနိုင် ပါတယ်။ ကင်ဆာရှိကြောင့် သိရှိချိန်မှာ အကောင်းဆုံးရင်ဆိုင်ကျော် လွှားနိုင်ဖို့ အကြုံပြုချက်တွေ ရှိပါတယ်။

အားကစားသမားကဲ့သို့ သန်စွမ်းကျန်းမာလာစေရန်


အားကစားသမားတွေရဲ့ သန်စွမ်းမှု၊ ပန်းတိုင်ရောက်အောင် ကြိုးပမ်းနိုင်မှုနဲ့ သက်လုံကောင်းမှုတွေကို အားကျနေပါသလား။ သူတို့ရဲ့ အောင်မြင်မှုက ညတွင်းချင်းရလာတာ မဟုတ်ပါဘူး။ အရင်ဆုံး ပန်းတိုင် ငယ်တွေ တစ်ခုပြီး တစ်ခုချမှတ်ပြီး စိန်ခေါ်မှုတွေကို ကျော်လွှားပြီးမှ ရခဲ့တာပါ။ နာမည်ကျော် အားကစား သမားအားလုံးက စိတ်ရော ကိုယ်ပါ လေ့ကျင့်ခန်းတွေ ဆောင်ရွက်ခဲ့သလို ခန္ဓာကိုယ်အတွက် မရှိမဖြစ် အာဟာရဓာတ်တွေကိုလည်း မှီဝဲခဲ့ကြပါတယ်။ ဒီလိုအစားအသောက်ဂရုစိုက်တာ၊ မှန်မှန် လေ့ကျင့်ကြိုး စားတာ၊ စိတ်ဖိစီးမှု ထိန်းချုပ်တာတွေအပြင် အောက်ပါနည်းလမ်းတွေကို ကျင့်သုံးပြီး ပိုမိုကျန်းမာသန်စွမ်း
အောင် အားထုတ်ကြပါတယ်။

ပေါင်ထိပ်ရိုးကျိုးခြင်း မဖြစ်စေရန်


ပေါင်ထိပ်ရိုးကျိုးတာက အသက်ကြီးတဲ့ အမျိုးသမီးတွေ လဲကျပြီးတဲ့အခါမှာ အဖြစ်များပါတယ်။ အဓိက အားဖြင့် အရိုးပါးရောဂါကြောင့် ဖြစ်ရတာပါ။ အရိုးပါးရောဂါကြောင့် ပေါင်ထိပ်ရိုးကျိုးတာမျိုး မဖြစ်အောင်
အောက်ပါနည်းတွေကို လိုက်နာသင့်ပါတယ်။

ဆိုးဆိုးရွားရွား ခေါင်းကိုက်နေသလား


ပြင်းပြင်းထန်ထန် ခေါင်းကိုက်နေရင် အကိုက်အခဲပျောက်ဆေးမသောက်ခင်အောက်ပါနည်းတွေကို ပြုလုပ် သင့်ပါတယ်။

LinkWithIn

Related Posts Plugin for WordPress, Blogger...