03 July, 2014

သင့်ကျန်းမာရေးအတွက် မိဘတို့ကို မေးသင့်သော မေးခွန်း ၁၀ ခု


သင့်မိဘတွေ သွားကျိုးတဲ့ အရွယ်ကနေ ရင်ပူဝေဒနာခံစားရတဲ့အထိ ကျန်းမာရေးရာဇ၀င်ကို မေးမြန်းပါ။ သင့်မိဘရဲ့ ကျန်းမာရေးရာဇ၀င်ကို သိနားလည်တာဟာ သင့်မှာ ရောဂါဝေဒနာအများစု ဖြစ်နိုင်ခြေကို ခန့်မှန်းသိရှိနိုင်တာကြောင့် သင့်မိဘတွေကို မေးသင့်တဲ့ မေးခွန်း ၁၀ခုကို ဖော်ပြပေးလိုက်ပါတယ်။


(၁) အရင်က ကင်ဆာနဲ့ ပတ်သက်ပြီးထိတ်လန့်ခဲ့ဖူးလား


ကင်ဆာနဲ့ ပတ်သက်ပြီး ထိတ်လန့်ဖူးတယ်လို့ မိဘတွေက ပြောချင်ကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက အထူး သဖြင့်အူမကြီး ကင်ဆာနဲ့ ပတ်သက်ရင် အသက်ကယ်နိုင်တဲ့ သတင်းအချက်အလက်ကို ပေးနိုင်ပါတယ်။ အူမကြီးထဲမှာ အသားလုံး(Polyps)လို့ခေါ်တဲ့ ကင်ဆာမဟုတ်တဲ့ အလုံးရှိတဲ့အခါ အဲဒီအသားလုံးကို အူမ ကြီးကြည့်မှန်ပြောင်း (Colono-scopy)နဲ့ ကြည့်ပြီး သေးငယ်အောင်ကုလိုက်ရင် ကင်ဆာဖြစ်ပေါ်မှုကို ရပ် တန့်နိုင်ပါတယ်။ ဒီအသားလုံးက မျိုးရိုးလိုက်နိုင်ခြေ ရှိတဲ့အတွက် သင့်မိဘမှာအသားလုံးရှိရင် သင့်မှာ အူမ ကြီးကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။ မိခင်မှာ သားအိမ်ခေါင်းဆဲလ်ပုံမမှန်ဖြစ်ဖူးရင် (ကုသမှုမ မခံယူပါက ကင်ဆာဖြစ်နိုင်) သမီးဖြစ်သူမှာ သားအိမ်ခေါင်းဆဲလ်ပုံမမှန်ဖြစ်နိုင်ခြေရှိလို့ သားအိမ်ခေါင်းအသားစ ယူ စစ်ဆေးမှုကို ခံယူသင့်ပါတယ်။


(၂) ဘယ်အချိန်က အကြားအာရုံ စတင်ဆုံးရှုံးခဲ့တာလဲ


အကြားအာရုံ စတင်ဆုံးရှုံးတဲ့ အသက်အရွယ်ဟာ အရေးကြီးပါတယ်။ အသက် ၆၀ အရွယ်မှာ နားနာ့ဗ်
ကြောတွေစတင်ထိခိုက်မှုကြောင့် အကြားအာရုံ စတင်ဆုံးရှုံးလေ့ရှိပါတယ်။ ဒါပေမဲ့ မိသားစု မျိုးရိုးနဲ့ ဆက်
နွှယ်ပြီး တချို့လူတွေကစောစောစီးစီး အကြားအာရုံ ဆုံးရှုံးလေ့ရှိပါတယ်။ သင့်မိဘနှစ်ပါးစလုံးက အသက် ၆၀ အရွယ်မှာ နားကြားကိရိယာတပ်ဆင်ရရင် သင့်မှာလည်း တပ်ဆင်ရနိုင်ခြေရှိပါတယ်။သင့်မိဘတွေက အသက် ၃၀အရွယ်ကစပြီး အကြားအာရုံဆုံးရှုံးရင် အလယ်နားရှိ အရိုးမာကျောမှုဖြစ်ပြီး အကြားအာရုံ တဖြည်းဖြည်းဆုံးရှုံးလာတာဖြစ်နိုင်ပါတယ်။ ဒါက လူ၁၀၀မှာ တစ်ဦးပဲ ဖြစ်တတ်ပြီး မျိုးဗီဇဆက်နွှယ်မှုရှိပါ တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အကြားအာရုံဆုံးရှုံးတာဟာ မျိုးရိုးလိုက်တတ်တဲ့အတွက် အသက်ငယ်စဉ်မှ စပြီး အကြားအာရုံ စစ်ဆေးမှုကို ပုံမှန် ခံယူပေးကာ ဆူညံတဲ့ အသံတွေနဲ့ ထိတွေ့မှုကို လျှော့ချသင့်ပါ တယ်။


(၃) ဆွေမျိုးထဲမှာ ရုတ်တရက် သေဆုံးသူ ရှိသလား


အ၀လွန်တာလို သိသာထင်ရှားတဲ့ဆိုးကျိုးမရှိဘဲ အသက် ၄၀ အောက်အရွယ်မှာ ရုတ်တရက် သေဆုံးတာ ဟာ မျိုးရိုးလိုက်တဲ့ နှလုံးရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ လူထောင်ပေါင်းများစွာမှာ ဒီအခြေအနေရှိပေမယ့် အများစုက ရှိမှန်းမသိကြပါဘူး။နှလုံးကြွက်သားကြီးပြီး အလုံအလောက် မညှစ်ထုတ်နိုင်ဘဲ နှလုံးခုန်နှုန်း ပုံ မမှန်ဖြစ်တဲ့ အခြေအနေ (Hypertrophic Cardiomyopathy)၊ နှလုံးညာဘက်အခန်းရှိ ကြွက်သားကြီးမား တဲ့အခြေအနေနဲ့ နှလုံးရဲ့ လုပ်ဆောင်အားကျဆင်းမှု စတာတွေက အဖြစ်များပြီးဆွေမျိုးအရင်းအချာ၊ တစ် ၀မ်းကွဲ၊ နှစ်ဝမ်းကွဲဆွေမျိုးထဲမှာ ဖြစ်ဖူးရင် သင့်မှာလည်း ဖြစ်နိုင်ခြေ များပါတယ်။ ဒီနှလုံးရောဂါတွေဟာ မိသားစုထဲမှာ ရုတ်တရက် သေဆုံးမှုဖြစ်စေတဲ့အကြောင်းရင်းဖြစ်ပြီး နှလုံးအခြေအနေကို သိနိုင်ဖို့ ECG ရိုက်ကာ စစ်ဆေးသင့်ပါတယ်။ ရောဂါတွေ့ပါက ဆေးကုသမှုခံယူပြီး ထိန်းချုပ်ပါ။


(၄) ဆီးကျိတ်ပြသနာဖြစ်ဖူးလား


ဒါကအမျိုးသားတွေက ဖခင်တွေကိုမေးသင့်တဲ့ မေးခွန်းပါ။ သင့်ဖခင် ဒါမှမဟုတ် အဘိုးမှာဆီးကျိတ်ကင်ဆာ ရှိရင် သင့်မှာ ဖြစ်နိုင်ခြေ ၂ ဒသမ ၆ ဆပိုများပါတယ်။ အမျိုးသားအများစုက ဆီးကျိတ်ဝေဒနာ အကြောင်း
ပြောရတာကိုသဘောမကျတတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မိသားစုထဲမှာ ဆီးကျိတ်ပြသနာရှိဖူးသလား ဆို တာ မေးမြန်းသင့်ပါတယ်။တကယ်လို့ ရောဂါရှိဖူးရင် သင့်အသက် ၄၀ အရွယ်ကတည်းက စတင်ပြီး ဆီး ကျိတ်စစ်ဆေးမှုကို ခံယူသင့်ပါတယ်။ ဆီးကျိတ်ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ဖို့ အနီရောင်အသားကို
ရှောင်တာ၊ ပြည့်ဝဆီကို ရှောင်တာ၊ လိုင်ကိုပင်း(ခရမ်းချဉ်သီးအရေခွံက ထုတ်ယူထား) ဖြည့်စွက်ဆေး မှီဝဲ တာ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်တာ စတဲ့ နည်းတွေကို လိုက်နာသင့်ပါတယ်။


(၅) သိုင်းရွိုက်ကျန်းမာရေးက ကောင်းရဲ့လား


အမျိုးသမီး ၂၀ ဦးမှာ တစ်ဦးနှုန်းဟာသိုင်းရွိုက်ဂလင်း ထိခိုက်တဲ့ သိုင်းရွိုက်ရောဂါရှိနေတတ်ပါတယ်။ သိုင်း ရွိုက်ဂလင်းဟာ ခန္ဓာကိုယ်ဇီဝရုပ်ဖြစ်ပျက်မှုကိုဟန်ချက်ညီမျှစေတဲ့ ဟော်မုန်းတွေကိုထုတ်ပေးနိုင်ပြီး ကြီး ထွားမှုနဲ့ တခြားလုပ်ငန်းဆောင်တာတွေအပေါ် သက်ရောက်မှု ရှိပါတယ်။ သင့်ဆွေမျိုးသားချင်းမှာ သိုင်းရွိုက်
ရောဂါရှိရင် သင့်မှာ ဖြစ်နိုင်ခြေ ၂၀ရာခိုင်နှုန်း မြင့်မားပါတယ်။ သိုင်းရွိုက်လုပ်ငန်း ကျန်းမာတာက ကိုယ်ဝန် ပထမသုံးလပတ်အတွင်း သန္ဓေသား ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့အတွက် ကိုယ်ဝန်မဆောင်ခင် သိုင်းရွိုက်စစ်ဆေးမှုကို ပြုလုပ်သင့်ပါတယ်။


(၆) ရင်ပူဝေဒနာ ရှိသလား


ရင်ပူတာက မျိုးရိုးလိုက်နိုင်ပါတယ်။ သင့်မှာ အားနည်းတဲ့ အစာရေမျိုပြွန်ကြွက်သားစုရှိရင် အစာအိမ်အက် စစ်တွေက အစာရေမျိုပြွန်ကနေ အထက်ကိုဆန်တတ်ပြီး ရင်ပူဝေဒနာဖြစ်နိုင်ပါတယ်။ သင့်မိခင် ဒါမှမဟုတ် ဖခင်ဟာ ရင်ပူဝေဒနာ ခံစားရရင် သင့်မှာ ဖြစ်နိုင်ခြေများပါတယ်။ နာတာရှည်ရင်ပူတာက အစာရေမျိုပြွန် ကင်ဆာရဲ့ အကြို လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ရင်ပူဝေဒနာ လျော့ကျစေဖို့ အဆီများတဲ့ အစာ၊ ကော် ဖီ၊ အယ်လ်ကိုဟော၊ ချောကလက်နဲ့ ဆေးရွက်ကြီး စတာတွေကို ရှောင်ပြီး ကိုယ်နေဟန်ထားကို မတ်မတ်
နေပါ။


(၇) အဘွားက ခါးကိုင်းသလား


သင့်မျိုးရိုးမှာ အရိုးပါးရောဂါရှိရင်သင့်မှာ ဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ အရိုးပွပြီး ခါးကိုင်းတာက အ
သက်ကြီးတဲ့ လက္ခဏာတစ်ခု မဟုတ်ပါဘူး။ အရိုးပါးရောဂါလက္ခဏာပဲ ဖြစ်ပါတယ်။ အရိုးပါးရောဂါဖြစ်သူ ၈၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ သင့်မိခင်က စောစောစီးစီး သွေးဆုံးရင် အရိုးပါးရောဂါ
ဖြစ်နိုင်ခြေ ပိုများပါတယ်။ အရိုးပါးရောဂါ ကာကွယ်နိုင်ဖို့ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီ ပါဝင်တဲ့ အစားအစာ
များကို စားပါ။ အသက် ၄၀အရွယ်မှာ အရိုးသိပ်သည်းဆ စမ်းသပ်စက်နဲ့ စစ်ဆေးပါ။ အရိုးပါးရောဂါဖြစ်နေ ရင် ကုသမှုခံယူသင့်ပါတယ်။


(၈) ကိုလက်စထရောပမာဏ မြင့်တက်နေသလား


ကိုလက်စထရောပမာဏ မြင့်တက်တာက မျိုးရိုးလိုက်နိုင်ပြီး နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေနိုင် သလို နှလုံးရောဂါထနိုင်ခြေ များပါတယ်။ မိသားစုဝင်တွေမှာ ကိုလက်စထရောပမာဏ မြင့်မားနေရင် သင့်မှာလည်း များနိုင်ခြေ ၅၀ရာခိုင်နှုန်း ရှိပါတယ်။ ဒါဆိုရင် အသက်၁၈ နှစ်အရွယ်ကတည်းက စတင်ပြီး ကိုလက်စထရော စစ်ဆေးမှုခံယူကာ များနေရင် ဆေးသောက်ပါ။


(၉) ဘယ်အချိန်က သွေးဆုံးခဲ့တာလဲ


သင့်မိခင်က အသက် ၄၀ အောက်အရွယ်မှာ စောစောစီးစီး သွေးဆုံးခဲ့ရင်သင်ဟာ လည်း စောစောစီးစီး
သွေးဆုံးနိုင်ခြေ ရှိပါတယ်။ အစာပိုင်းသွေးဆုံးတဲ့မျိုးရိုးရှိရင် သင်ရဲ့ မျိုးအောင်နိုင်စွမ်းကိုသိနိုင်ဖို့ အပါအ၀င်
ဟော်မုန်းစစ်ဆေးမှု ခံယူလိုက်ပါ။ မမျိုးဥထုတ်နိုင်စွမ်းကို သိနားလည်ပါလိမ့်မယ်။ သွေးဆုံးတာကို ကာကွယ်လို့ မရတာကြောင့် စောစောစီးစီး သွေးဆုံးတဲ့မျိုးရိုးရှိရင် မိသားစုဘ၀ကို စောစောရယူပါ။


(၁၀) သွားတွေ မရှိတော့ဘူးလား


သွားပိုးစားတာနဲ့ သွားဖုံးရောဂါတွေဟာ မျိုးရိုးလိုက်နိုင်ခြေ ရှိပါတယ်။ ခံတွင်းထဲက ဘက်တီးရီးယားတွေကို တွန်းလှန်ရာမှာ တံတွေးတွေက ဘယ်လောက်ထိရောက်မှု ရှိသလဲဆိုတာ သိနိုင်ဖို့ လေ့လာခဲ့ရာ မျိုးရိုးလိုက် မှုရှိကြောင်း သိရပါတယ်။ သင့်မိဘတွေက သွားတုတပ်ထားရရင်၊ သွားပိုးပေါက် ဖာထေးရရင် သင့်မှာ လည်းဖြစ်နိုင်ခြေများပါတယ်။ သွားပိုးစားတာနဲ့ သွားဖုံးရောဂါကင်းစင်ဖို့ သွားကို ပုံမှန်တိုက်ပေးပါ။ ဒါဆိုရင်သွားချေးဖတ်နဲ့ ဘက်တီးရီးယားကပ်ငြိမှု လျော့ကျစေပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...