02 July, 2014

သင့်မျက်ခုံးက ပြောသော သင့်အကြောင်း




 
မျက်ခုံးတွေက မျက်နှာပုံပန်းသဏ္ဌာန်ကို ကြည့်ကောင်းအောင် ပုံဖော်ပေးရုံသာမက သင့် ကိုယ်ရည်ကိုယ်သွေးကိုပါ လှစ်ဟ
ဖော်ပြပေးနေပါတယ်။ သင့်အကြောင်းကို လေ့လာသိရှိစေဖို့ သင့်မျက်ခုံးပုံစံကို ဆန်းစစ်ကြည့်ပါ။


 

သင့်မျက်ခုံးတွေကသေးသွယ်နေရင်


♠ သင်က အာရုံစူးစိုက်တတ်သူပါ ♠


ပါးလျသေးသွယ်တဲ့ မျက်ခုံးပိုင်ရှင်ဟာ အလုပ်တစ်ခုလုပ်နေချိန်နဲ့လုပ်ပြီးချိန်တွေမှာ ဦးတည်ချက်တစ်ခုတည်း နဲ့ တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်တတ်ပါတယ်။ သံသယစိတ်ကို ဘေးမှာထားပြီး အတားအဆီးတွေ ကို ကျော်လွှားနိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူပါ။ သင့်အနေနဲ့ ကိုယ်လိုချင်တာကို သိနားလည်ပြီး အောင်မြင် တဲ့တိုင်အောင် မရပ်မနား ကြိုးစားဆောင်ရွက်တတ်ပါတယ်။


သင့်မျက်ခုံးတွေက ဖြောင့်တန်းနေရင်

 

♠ သင်က လက်တွေ့ကျတဲ့စိတ်ကူးယဉ်သမားပါ ♠

ဖြောင့်တန်းတဲ့ သင့်မျက်ခုံးတွေဟာ သင်ကလက်တွေ့ကျတယ်ဆိုတာ ဖော်ပြပေးနေပါတယ်။ အချက်အလက်
တွေကို သိနားလည်တာကြောင့်ပဟေဠိတွေကို စနစ်တကျဖြေရှင်းနိုင်သူပါ။ သင့်အတွေးတွေဟာ ကျောက်
ဆောင်၊ ကျောက်သားတွေလို ခိုင်မာတဲ့ ဖောင်ဒေးရှင်းတစ်ခုတည်ဆောက်နိုင်ပြီး တန်ဖိုးရှိတဲ့ အိပ်မက်တွေ ကို မက်တတ်ပါတယ်။


သင့်မျက်ခုံးတွေက ခပ်မြင့်မြင့်ကွေးနေရင်


♠ သင်က ဖန်တီးတတ်တဲ့ ဗြောက်အိုးပါ ♠

သင်က ကိုယ်ပိုင်စွဲလမ်းမှုဝါသနာထဲမှာ နေထိုင်ရှင်သန်သူပါ။ သင့်အ၀တ်ဗီရိုက ဘယ်တော့မှ ဟောင်းနွမ်း မနေပါဘူး။ သင့်မျက်ခုံးရဲ့ သိသာထင်ရှားတဲ့ ကွေးကောက်မှုဟာ သင်ရဲ့ တောက်ပတဲ့ ဆွဲဆောင်နိုင်စွမ်း အလှတရားကို ဖော်ပြနေပါတယ်။ ဒါကြောင့် ပါတီပွဲတွေ၊ လူမှုရေးပွဲတွေမှာသင်က တောက်ပ၀င့်ကြွားနေတာ အံ့အားသင့်စရာ မဟုတ်ပါဘူး။


 

 

 

သင့်မျက်ခုံးတွေက ပုံမှန် သဘာဝ မျက်ခုံးတွေဖြစ်ရင်


♠ သင်က စမတ်ကျတဲ့ ဒိုင်နမိုပါ ♠

သင့်မျက်ခုံးမှာရှိတဲ့ အမွေးအမှင်တွေဟာသင့်အနေနဲ့ သတင်း အ ချက် အလက်အများစုကို ချက်ချင်းရယူနိုင်တယ်ဆိုတာ ဖော်ပြနေ ပါတယ်။ သင်က တစ်ချိန်တည်းနဲ့ မတူညီတဲ့စိတ်ကူးတွေကို ဖန် တီးနိုင်ပေမယ့် အလုပ်မျိုးစုံကိုတော့ လုပ်နိုင်စွမ်းမရှိပါဘူး။ ဒါပေမဲ့
တွေးခေါ်နိုင်စွမ်း မြင့်မားတာကြောင့် အကြောင်းကိစ္စ အများစုကို ဉာဏ်အမြော်အမြင်ရှိရှိ တွေးခေါ်နိုင် စွမ်းရှိပါတယ်။ သင့်ပင်ကို မျက်ခုံးတွေဟာ သဘာဝကျကျ စပ်စုလိုစိတ်နဲ့စိန်ခေါ်မှုတွေကို ရင် ဆိုင်နိုင်စွမ်းရှိသူပါ။





သင့်မျက်ခုံးတွေက ၀ိုင်းနေရင်


♠ သင်က သဘာဝကို တန်ဖိုးထားသူပါ ♠

မျက်ခုံးရဲ့ ညင်သာတဲ့ ကွေးညွတ်မှုဟာ သင်ရဲ့ နူးညံ့တဲ့ ပုံပန်းသဏ္ဌာန်ကိုပြသနိုင်ပါတယ်။ သင့်စိတ်ခံစားမှု ဟာသင့်ကိုယ်ပိုင် အသားအရေလိုပဲ အမြဲသက်သောင့်သက်သာ ရှိနေတတ်ပါတယ်။ ဒီလို မျက်ခုံးပိုင်ရှင်တွေ က တခြားသူတွေကို ကူညီနေရတဲ့ အခါမျိုးမှာ အပျော်ရွှင်ဆုံးဖြစ်နေတတ်ပြီး ကလေးတွေ ကို စာသင်ကြား တာ၊ လိုအပ်နေသူတွေကိုပေးကမ်းကူညီတာတွေလို လူမှုရေးကိစ္စတွေမှာ စေတနာကောင်းသူပါ။


သင့်မျက်ခုံးတွေက ခဲတံနဲ့ ဆွဲထားသလို ထူထဲ လှပနေရင်


♠ သင်က ထိလွယ်ခိုက်လွယ်သူပါ ♠

သင့်မျက်ခုံးတွေက ခဲတံနဲ့ ဆွဲထားသလို မည်းနက်နေရင် သင်က အလွန်ထိလွယ်ခိုက်လွယ်ရှိသလို လိုက်
လျောညီထွေရှိသူလည်း ဖြစ်ပါတယ်။ တခြားသူတွေရဲ့ လိုအပ်ချက်နဲ့ လိုအင်ဆန္ဒတွေကိုအလေးထားတတ် တာကြောင့် ကိုယ့်အရေးကိစ္စကိုတောင် မေ့နေတတ်ပါတယ်။ကိုယ်ပိုင်အကြောင်းကိစ္စတွေ အဆင်ပြေစေဖို့ အချိန်ပေးသင့်သလို တခြားသူတွေအပေါ် စိတ်ရှည်တဲ့အတွက် သင်နဲ့ ပေါင်းသင်းရသူတွေ ပျော်ရွှင်တတ်ပါ တယ်။

★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...