19 March, 2015

Health Tip! သွေးတိုးရောဂါရှိသူများ ရှောင်သင့်သည့် အစားအစာ ငါးမျိုး


♦ ပြု ပြင်ထားတဲ့ ဆား

♦ ပြု ပြင်ထားတဲ့ Ready made အစားအစာတွေ ထပ်ပြန်ကြော်ဆီ (Hydrogenated Oil) အသုံးပြု ထားတဲ့ အစားအစာ

♦ အဆီပါဝင်မှုများတဲ့ အစားအစာ

♦ အနီရောင်အသားတွေ (အဆိပ်ဖြစ်စေတဲ့ ပစ္စည်းနဲ့ ဒြပ်ပေါင်းတွေဟာ အနီရောင်အသားမှာ များသောအားဖြင့် ပါဝင်တတ်ပါတယ်။)

♦ သကြားဓာတ်ဟာ အ၀လွန်စေနိုင်တဲ့ အရေးကြီးအချက်တစ်ခုပါ။ အ၀လွန်တာကြောင့် သွေးတိုးနိုင်ပါသည်။ ဒါကြောင့် အချိုစာတွေကို ရှောင်ရပါမယ်။

ဆီးထဲ သွေးပါခြင်း


ဆီးထဲ သွေးပါတဲ့အခါ စိတ်ထဲမှာ တုန်လှုပ်ချောက်ချားတဲ့ ခံစံစားချက်ဖြစ်တတ်ပါတယ်။ တကယ်တော့ ဆီးထဲသွေးပါတဲ့ အခြေအနေအများစုဟာ ကုသလို့ရတဲ့ အခြေအနေဖြစ်တတ်ပါတယ်။ တချို့အခြေအနေ မှာသာကင်ဆာလို ပြင်းထန်တဲ့ ရောဂါတွေနဲ့ ဆက်စပ်မှု ရှိနေတာပါ။

ခရမ်းချဉ်သီးစားခြင်းက ဆီးကျိတ်ရောဂါရှင်များကို ဝေဒနာ ကိုးဆ သက်သာစေနိုင်




 ခရမ်းချဉ်သီးအား အနီရောင်ဖြစ်စေသည့် အင်တီအောက်
ဆီးဒင့် လိုင်ကိုပင်းသည် သက်ကြီးအမျိုးသားများတွင် ဖြစ်
တတ်သည့် ဆီးကျိတ်ကြီးခြင်းနှင့် ဆီးအိတ်တင်းခြင်းကို လျော့ ကျစေကြောင်း သိရသည်။ သို့ဖြစ်၍ ဗီတာမင်အပြည့်ပါသည့် ခရမ်းချဉ်သီးကို စားလျှင် ညဘက်မကြာခဏ ဆီးသွားနေရသူ အမျိုးသားတို့၏ ဒုက္ခကိုလျော့ပါးစေပါသည်။

အိပ်စက်ခြင်းနှင့် မှတ်ဥာဏ်ကောင်းမွန်မှု

◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ 
 
သင်ခန်းစာအသစ်ကို လေ့လာတဲ့အခါ အိပ်ရာဝင်ခါနီး လေ့လာတာက မှတ်မိနိုင်တဲ့ အကောင်းဆုံးနည်း ဖြစ်ပါတယ်။ အကြောင်းကတော့ အိပ်စက်တာဟာ သင့်မှတ်ဥာဏ်ကို တစ်နေ့တာလုံး ကောင်းမွန်စေတာကြောင့်ပါ။ ဒါ့အပြင် အိပ်ရေးဝပြီး နိုးထလာချိန်မှာ စိတ်ကူးစိတ်သန်းအသစ်တွေကိုဖန်တီးနိုင်စွမ်းလည်းရှိပါတယ်။

◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ ◘ 



မိခင်ဖြစ်ခွင့် အိပ်မက်ကို ထိခိုက်စေနိုင်သည့် အချက်သုံးရပ်


• • • • • • • • • • • • • •

အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖွားနိုင်မယ့် မိခင်ဖြစ်ခွင့်အိပ်မက်ကို ခြိမ်းခြောက်နေတဲ့ အရာသုံးမျိုးကို သတိပြုဆင်ခြင်သင့်ပါတယ်။

• • • • • • • • • • • • • •


မိတ်ကပ်လိမ်းမထားသော်လည်း ကြည့်ကောင်းနေစေမည့် အဆင့် ခုနစ်ဆင့်





မိတ်ကပ်လိမ်းမထားပေမယ့် မျက်နှာအသားအရေ ကြည်လင် ပြီး ကြည့်ကောင်းနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အမြဲယုံ ကြည်မှု ရှိနေမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ လှပ ကြည့်ကောင်းစေဖို့ အောက်ပါ အဆင့်ခုနစ်ဆင့်ကို လိုက်နာ သင့်ပါတယ်။


စိတ်ဖိစီးမှု ထိန်းချုပ်ရေး နည်းလမ်းကောင်းခြောက်သွယ်

♦ သီချင်းဆိုပါ

ကြိုက်နှစ်သက်တဲ့ တေးသီချင်းကို ရွတ်ဆိုတာက စိတ်ဖိစီးမှု မှန်သမျှ ပြေလျော့စေပါတယ်။

20 January, 2015

သွေးအားကောင်းလိုသူတို့အတွက် အပင်ထွက် အာဟာရ

                
  
               သွေးအားနည်းတတ်သူတွေ၊ အထူးသဖြင့် လစဉ် ဓမ္မတာရာသီသွေးဆင်းနေတဲ့ အမျိုးသမီးတွေ အနေနဲ့ သွေးအားကောင်းစေဖို့အတွက် စားသင့်တဲ့ သဘာဝ အပင်ထွက် အစားအစာ တွေကို မီးဖိုချောင်ထဲ မှာတွေ့ရှိနိုင်ပါတယ်။

22 September, 2014

အနံ့စူးရှသော်ငြား အမျိုးသမီးများအတွက် ကောင်းကျိုးရှိသည့် အစာလေးမျိုး


အနံ့ပြင်းပေမယ့် အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် စားသင့်တဲ့ အစားအစာလေးမျိုးကို ဖော်ပြပေးလိုက် ပါတယ်။

(၁) ဒူးရင်းသီး

အသီးဘုရင်လို့ တင်စားကြတဲ့ ဒူးရင်းသီးဟာ ချွန်ထွက်တဲ့ ဆူးတွေနဲ့ စူးရှတဲ့ အနံ့ရှိပါတယ်။ ဒူးရင်းသီးကို အသင့်အတင့် စားတာကြောင့် အမျိုးသမီးတွေမှာ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု ဝေဒနာကို သက်သာစေ ပါတယ်။

(၂) ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ကင်ဆာကို ကာကွယ်နိုင်ရုံသာမက သွေးခဲမှုမဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။ ဒါ့ အပြင် ဆံပင်သားကို စိုပြည်သန်စွမ်းစေပါတယ်။

(၃) နံနံပင်

သက်လတ်ပိုင်း အမျိုးသမီးတွေဟာ ဘိုရွန်ပါဝင်တဲ့ အစာကို စားပေးရင် ခန္ဓာကိုယ်မှ သတ္တုဓာတ်စုပ်ယူနိုင် စွမ်းအား ကောင်းစေပြီး အရိုးတွေကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဘိုရွန်ပါဝင်မှု မြင့်မားတဲ့ နံနံပင်ကို စားပေးသင့်တာဖြစ်ပါတယ်။

(၄) မုန်ညင်းစေ့က ထုတ်ထားသည့် စားမြိန်ရည်

ဟင်းခတ်အမွှေးကြိုင်အဖြစ် စားလေ့ရှိတဲ့ မုန်ညင်းစေ့စားမြိန်ရည်ဟာ အမျိုးသမီးတွေရဲ့ အင်ဒိုခရိုင်းစနစ်ကို ဟန်ချက်ညီစေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို အားကောင်းစေပါတယ်။ ဒါ့အပြင် မျက်နှာပြင်အနှံ့
သွေးလှည့်ပတ်မှု ကောင်းစေကာ ပန်းနုရောင်သမ်းတဲ့ အသားအရေကို ပိုင်ဆိုင်စေပါတယ်။

ဇွန်

05 September, 2014

အမျိုးသားအများစု ပြုလုပ်နေကျ ကျန်းမာရေး ထိခိုက်စေသည့် အပြုအမှု သုံးရပ်


အမျိုးသားအများစုမှာ ရှိတတ်တဲ့အပြုအမူသုံးရပ်ဟာ သက်ရှည်ကျန်းမာရေးကို ထိခိုက်စေပြီး ရောဂါဝေဒနာ
တွေကို ရရှိစေပါတယ်။

ကျန်းမာရေးအတွက် ရေနွေးကြမ်း၏ အသုံးဝင်ပုံ




ရေနွေးကြမ်းကို သောက်လေ့ရှိပါသလား။ လက်ဖက်ခြောက်၊ လက်ဖက်စိမ်းခြောက် စတာတွေ ခတ်ထားတဲ့ ခတ်ထားတဲ့ ရေနွေးကြမ်းသောက်တာကြောင့် အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

04 September, 2014

အသားအရေအကြောင်း အံ့အားသင့်စရာ အယူအဆလေးရပ်


အသားအရေနဲ့ ပတ်သက်ပြီး လူအများစုကြားမှာ တွေ့ရတဲ့ အယူအဆတွေကို ရေးသားလိုက်ရပါတယ်။

မျက်နှာပေါ်တွင် အညိုစက်များ မထင်စေရန်


           ခရမ်းလွန်ရောင်ခြည်ဒဏ်ကို နှစ်ရှည်လများ ခံခဲ့ရတာကြောင့် မျက်နှာပေါ်မှာ အညိုရောင် အစက် အပြောက်တွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့်မျက်နှာပေါ်မှာ အညိုစက်၊ အမည်းစက်တွေ မထင်စေဖို့ ကာ ကွယ်ကုသသင့်တဲ့ နည်းတွေကို ရေးသားလိုက်ရပါတယ်။

25 August, 2014

ချိုင်း မည်းနေသလား


ချိုင်း မည်းတာဟာ အရည်အသွေးနိမ့်တဲ့ ချိုင်းလိမ်းဆေး၊ အမွေးကျွတ်ခရင်မ်နဲ့ ချွေးထွက်များတာ စတဲ့ အကြောင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ချိုင်းချွေးထွက်နှုန်း များရင် တင်းကျပ်လွန်းတဲ့ အ၀တ်အစားတွေ ကို မ၀တ်ပါနဲ့။ ချိုင်းမည်းတာကို သက်သာစေဖို့ အောက်ပါ သဘာဝနည်းတွေကို လိုက်နာသင့်ပါတယ်။

ကျန်းမာရေးအတွက် ပွေ့ဖက်ခြင်း၏ အသုံးဝင်ပုံ


ပွေ့ဖက်တာက သင့်စိတ်ခံစားမှု အခြေအနေကို ဖော်ပြနိုင်ရုံသာမက ကျန်းမာရေးအကျိုးကျေးဇူးတွေကို လည်း ရရှိစေပါတယ်။ ချစ်ခင်သူနဲ့ ပွေ့ဖက်တာနဲ့လက်ချင်းဆုပ်ကိုင်တာတွေဟာ ပျော်ရွှင်မှုကို ရရှိစေ သလို နှလုံးရောဂါနဲ့ စိတ်ဓာတ်ကျတာလို ပြင်းထန်တဲ့ ရောဂါဝေဒနာတွေမရအောင်လည်း ကာကွယ်ပေး ပါတယ်။

ကလေး ကြီးထွားဖွံ့ဖြိုးမှု မှန်ကန်စေရန်


ကလေးရဲ့ ကိုယ်၊ စိတ်ကြီးထွားဖွံ့ဖြိုးမှု မြန်ဆန်စေဖို့နဲ့ မှန်ကန်စေဖို့ရာအတွက် မိဘအုပ်ထိန်းသူတိုင်း သိထားသင့်တဲ့ နည်းလမ်းတွေကို အကြံပြုပါရစေ။

23 August, 2014

သင်သောက်နေတဲ့ ဆေးတွေကြောင့် ကိုယ်အလေးချိန်တိုးလာတာလား


                ကိုယ်အလေးချိန် တိုးလာတာဟာ တချို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ ဆေးသစ်တစ်မျိုးကို သောက်ပြီး ကိုယ်အလေးချိန် အလွန်မြင့်တက်လာတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်နေပါပြီ။

သန္ဓေတားချင်တယ်


       ဒေါက်တာနီလာရဲ့ ဆေးခန်းကို လူနာအမျိုးမျိုး၊ အထူးသဖြင့် အမျိုးသမီးလူနာ အမျိုးမျိုး လာပြလေ့ရှိကြ ပါတယ်။ အမျိုးသမီးလူနာတွေထဲမှာ စုစုတို့လို ငယ်ရွယ်တဲ့ သူတွေလည်း ပါသလို အသက် ၆၀ ကျော် အမျိုး သမီးတွေလည်းပါတယ်။ စုစုတို့အရွယ်တွေက ဓမ္မတာရာသီနဲ့ပတ်သက်တဲ့ ဝေဒနာတွေ ခံစားရတာကြောင့်
လာပြတာများသလို အသက် ၆၀ ကျော်ချိန်မှာတော့ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ၊ သားအိမ်ကျတာစတဲ့
ဝေဒနာတွေကြောင့် လာတိုင်ပင်ကြတာ များပါတယ်။
      ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ လာပြတတ်ပေမယ့် သန္ဓေတားချင်လို့ဆိုပြီး လာရောက်တိုင်ပင်တာ
တော့ နည်းပါတယ်။ တစ်ခါတလေ လင်မယားစုံတွဲတွေ ရောက်လာပြီး သုံးလခံသန္ဓေတားဆေး ထိုးချင်လို့
ဆိုပြီး ရောက်လာတာရှိပေမယ့် ဒီသန္ဓေတားနည်းအကြောင်းကို ပြည့်ပြည့်စုံစုံမေးမြန်း တိုင်ပင်တတ်သူတွေ
တော့ ရှားလှပါတယ်။ ဒီနေ့တော့ ထူးထူးခြားခြားအသက် ၂၇ နှစ်အရွယ် စုံတွဲတစ်တွဲရောက်လာပါတယ်။

14 August, 2014

သင့်ချစ်သူကို ဘယ်လိုအဓိပ္ပာယ်နဲ့ နှင်းဆီပန်း ပေးချင်သလဲ



    ကိုယ်ချစ်တဲ့ ချစ်သူမိန်းကလေး၊ ဇနီးမယားတွေကို အမျိုးသားတွေက မွေးနေ့၊ Valentine's Day တွေနဲ့ ချစ်သူသက်တမ်းအထိမ်းအမှတ်နေ့ရက်တွေလို နေ့တွေမှာ နှင်းဆီပန်းလက်ဆောင်ပေးလေ့ရှိကြပါတယ်။
သင်ပေးတဲ့ နှင်းဆီပန်းအရောင်က ဘယ်လို အဓိပ္ပာယ်မျိုးရှိတယ်ဆိုတာ သင်သဘော ပေါက်နားလည်ပြီး
ပေးရင် သင့်ချစ်သူအတွက် ပိုလှပပြီး ပိုမွှေးမြနေမှာပါ။

31 July, 2014

ရင်သားအရေပြားနီမြန်းခြင်း ကင်းဝေးစေရန်

ရင်သားကြီးတဲ့ အမျိုးသမီးတွေဟာ တစ်ခါတစ်ရံ ရင်သားနီမြန်းမှု၊ အထူးသဖြင့် ပူပြင်းတဲ့ နွေရက်တွေမှာ 
ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးအများစုဟာ ရင်သားနီမြန်းတာ၊ နာကျင်တာ၊ ယားယံတာနဲ့ ပူစပ်ပူ
လောင်ဖြစ်တာ စတဲ့ ဝေဒနာတွေကို ဘယ်လို ကာကွယ်ရမယ်ဆိုတာ မသိကြပါဘူး။ ရင်သားအရေပြား နီမြန်းတာက အဖြစ်များပြီး ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ တကယ်တော့ ရင်သားအရေပြား နီမြန်းမှုမဖြစ်အောင် အလွယ်တကူ ကာကွယ်နိုင်ပါတယ်။

LinkWithIn

Related Posts Plugin for WordPress, Blogger...