19 March, 2015

စိတ်ဖိစီးမှု ထိန်းချုပ်ရေး နည်းလမ်းကောင်းခြောက်သွယ်

♦ သီချင်းဆိုပါ

ကြိုက်နှစ်သက်တဲ့ တေးသီချင်းကို ရွတ်ဆိုတာက စိတ်ဖိစီးမှု မှန်သမျှ ပြေလျော့စေပါတယ်။


♦ ရေကူးပါ

တကယ်တော့ ကိုယ်ကာယလှုပ်ရှားမှုတိုင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။ ဒါပေမဲ့ ရေးကူးတာ ကတော့ စိတ်ကို လန်းဆန်းစေတဲ့ အာနိသင်ပါရရှိတာကြောင့် စိတ်ဖိစီးမှုတွန်းလှန်ရေးအတက် နည်းလမ်း
ကောင်းတစ်ခုပါ။

♦ အိမ်ထောင်ဖက်နှင့် ချစ်ခင်စွာ နေထိုင်ပါ

အိမ်ထောင်ဖက်နဲ့ ချစ်ခင်နွေးထွေးတဲ့ ပေါင်းသင်းဆက်ဆံရေးရှိတာက ကိုယ်တွင်း ကောင်းမွန်တဲ့ ဟော်မုန်း ဓာတ်တွေကို မြင့်တက်စေပြီး အိပ်ရေး၀၀ အိပ်ပျော်စေကာ စိတ်ဂနာမငြိမ်ဖြစ်တာတွေကို လျော့ပါးစေပါ တယ်။

♦ ဖြည့်စွက်ကုထုံးကို လိုက်နာပါ

စိတ်ဖိစီးမှုကို လျော့ချနိုင်ဖို့ ရနံ့ကုထုံးနဲ့ ကုသမှုခံယူရင်း အနှိပ်ခံတာဟာ သင့်ကို သင်းပျံ့တဲ့ ရနံ့ရရှိစေတာ
ကြောင့် အပန်းပြေအနားရစေပါတယ်။ သင့်အိမ်ထောင်ဖက်ကို နိုပ်ပေးခိုင်းတာကလည်း နွေးထွေးတဲ့ လက်
တွေရဲ့အထိတွေ့ရကာ စိတ်ဖိစီးမှုကို လွင့်ပျယ်သွားစေပါတယ်။ ဒါမှမဟုတ် ခြေထောက်ကို နူးညံ့တဲ့ ဖိအား သုံးပြီး ခြေထောက်ကြေးချွတ်တဲ့နည်းကလည်း စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။

♦ ဘာမှ မတွေးပဲနေပါ

ကျောခင်းပြီး ပယ်လက်လှန်လဲလျောင်းကာခြေသလုံး ကြွက်သားတွေကို အရင်ဆုံး ငါးစက္ကန့်ခန့်တင်းအား
ဖြေလျှော့ပေးပါ။ ပြီးရင် ခြေသလုံးကနေ ပေါင်၊ ပေါင်ကနေ တဖြည်းဖြည်း မျက်နှာ၊ နှုတ်ခမ်း၊ မျက်စိတွေ အထိ တင်းအားကို ဖြေလျှော့ပေးပါ။ အနားယူရင်း အသက်ပြင်းပြင်းရှူကာ ငြိမ်သက်မှုရဲ့ အရသာကို ကျေ
ကျေနပ်နပ်ခံစားပါ။

♦ လက်ဖက်ရည်နှင့် ချောကလက်မစ်ရှိတ် သောက်ပါ

လက်ဖက်ရည်နဲ့ အမည်းရောင် ချောကလက်မစ်ရှိတ်ကိုသောက်တာက ဖလေဗိုးနွိုက် ပါဝင်တာကြောင့်
နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ မဖြစ်အောင် ကာကွယ်ပေးနို်င်တဲ့အပြင် စိတ်ကိုပါ ချက်ချင်း လန်းဆန်း သွားစေပါတယ်။

ကြယ်စင်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...