20 May, 2013

Did You Know? ( လမ်းလျှောက်ခြင်း )


လမ်းလျှောက်တာက အလွယ်ကူဆုံး၊ အထိရောက်ဆုံးနဲ့ အန္တရာယ်အကင်းဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်တယ် ဆိုတာ သင်သိပါရဲ့လား။



လမ်းလျှောက်တာကြောင့် -

♦ စိတ်ဖိစီးမှု လျော့ကျစေပါတယ်။

♦ ဆေးလိပ်ပြတ်အောင် ကူညီပေးပါတယ်။

♦ နှလုံးကို သန်စွမ်းစေပါတယ်။

♦ ခြေထောက်ကို နှိပ်နယ်ပေးသလို သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။

♦ ကြွက်သားတွေကို သန်စွမ်းကျန်းမာစေပါတယ်။

♦ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်။

♦ သွေးလှည့်ပတ်မှု စနစ်ကို မှန်ကန်စေပါတယ်။

♦ လမ်းလျှောက်တာကို တစ်နေ့ မိနစ် ၃၀ ခန့် လုပ်ဆောင်ပေးရင် အထွေထွေကျန်းမာရေးကို ကောင်းမွန်
စေပါတယ်။

Good Health ဂျာနယ်

2 comments:

LinkWithIn

Related Posts Plugin for WordPress, Blogger...