19 March, 2015

မိတ်ကပ်လိမ်းမထားသော်လည်း ကြည့်ကောင်းနေစေမည့် အဆင့် ခုနစ်ဆင့်





မိတ်ကပ်လိမ်းမထားပေမယ့် မျက်နှာအသားအရေ ကြည်လင် ပြီး ကြည့်ကောင်းနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အမြဲယုံ ကြည်မှု ရှိနေမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ လှပ ကြည့်ကောင်းစေဖို့ အောက်ပါ အဆင့်ခုနစ်ဆင့်ကို လိုက်နာ သင့်ပါတယ်။





 အဆင့် (၁) ကိုယ်တွင်းမှ အားဖြည့်ပါ

အသားအရေ တင်းရင်းလှပစေဖို့တစ်ညမှာ အိပ်ချိန် အနည်းဆုံး ရှစ်နာရီရှိသင့်ပါတယ်။ ပြီးရင် ရေကို တစ်နေ့ ၅-၈ ဖန်ခွက်ခန့် သောက်ပါ။ ဒီနည်းလမ်းနှစ်ရပ်စလုံးဟာ မျက်ဝန်းတစ်ဝိုက် အရေးကြောင်း မထင်ဖို့နဲ့ မျက် ကွင်းမညိုဖို့ကာကွယ်ပေးပါတယ်။

အဆင့် (၂) တစ်နေ့ နှစ်ကြိမ် မျက်နှာသစ်ပါ

အသားအရေ ထိန်းသိမ်းတာဟာမိတ်ကပ်မပါဘဲ ကြည့်ကောင်းစေမယ့်အဓိကသော့ချက် ဖြစ်ပါတယ်။ မျက်နှာအသားအရေ လှပကြည့်ကောင်းစေဖို့ အခြေခံ အသားအရေ ထိန်းသိမ်းနည်းဖြစ်တဲ့ မျက်နှာကို မနက်တစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီး တစ်ကြိမ် သန့်စင်တာ၊ နေ့လိမ်းခရင်မ်၊ ညလိမ်းခရင်မ်လိမ်းတာ၊ အိုင်းခရင်မ်လိမ်းတာ စတဲ့ နည်းတွေကိုပုံမှန် လိုက်နာသင့်ပါတယ်။ အသားအရေထိန်းသိမ်းရာမှာ ငွေ ကုန်ကြေးကျမများတဲ့ သခွားသီး၊ ပျားရည်၊ ခရမ်းချဉ်သီး၊ လက်ဖက်အိတ်စတာတွေကို အသုံးပြုပြီး အသား အရေ ထိန်းသင့်ပါတယ်။

အဆင့် (၃) မျက်ခုံးကို ပုံသွင်းပါ

မိတ်ကပ်လိမ်းမထားလည်း ကြည့်ကောင်းနေစေဖို့ရာအတွက် မျက်ခုံးကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် ပုံသွင်း လိုက်ပါ။ပုံကျကျ ရိတ်ထားတဲ့ မျက်ခုံးတွေက မျက်ဝန်းကို ပိုမို လှပစေသလို မျက်နှာပုံစံကိုလည်း ပိုမို ကြည့်
ကောင်းသွားစေပါတယ်။

အဆင့် (၄) နှစ်ရက်ခြားတစ်ခါ ခေါင်းလျှော်ပါ

သင့်ဆံပင်တွေက အလွယ်တကူအဆီပြန်တတ်တယ်ဆိုရင် လျစ်လျူရှုမထားပါနဲ့။ ဆံပင်တွေကို နေ့တိုင်း
ခေါင်လျှော်ဖို့လည်း မလိုပါဘူး။ ဆံပင်သားကိုမှန်မှန် ခေါင်းလျှော်တာ၊ ကွန်ဒီရှင်နာလိမ်းတာနဲ့ ပေါင်းတင်ပြီး သပ်ရပ်အောင်ပြုပြင်ပေးတာတွေကလည်း သင့်ကို စမတ်ကျကြည့်ကောင်းစေပါတယ်။ ဆံပင်သားချောမွေ့
တောက်ပြောင်စေဖို့ ခေါင်းလျှော်တိုင်း ရေအေးနဲ့ ဆေးကြောပေးပါ။

အဆင့် (၅) လိုက်ဖက်သော ဆံပင်ပုံစံရှိပါစေ

သင့်မျက်နှာကျပုံစံ၊ သင့်အလုပ်အကိုင်၊ သင်ဝတ်နေကျ အ၀တ်အစားတွေနဲ့ လိုက်ဖက်မှု ရှိတဲ့ ဆံပင်ပုံစံ ရှိတာကအမြဲကြည့်ကောင်းနေစေပါတယ်။

အဆင့် (၆) နေ့စဉ် အစိုဓာတ်ထိန်းခရင်မ် နှင့် နေကာခရင်မ် လိမ်းပါ

နေကာနိုင်စွမ်းရှိတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို နေ့စဉ်မှန်မှန် လိမ်းပေးပါ။ တိမ်ထူတဲ့ နေ့နဲ့ နှင်းကျတဲ့ နေ့တွေ မှာလည်းခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်မှု ဖြစ်စေနိုင်တဲ့အတွက် နေကာခရင်မ်ကို လိမ်း ဖို့ မမေ့ပါနဲ့။

အဆင့် (၇) ပြုံးပါ

ပြုံးလိုက်တာကြောင့် ဖြစ်ပေါ်လာတဲ့ကောင်းမွန်တဲ့ စိတ်ခံစားချက်နဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့ စိတ်ထား ဟာ သင့်ပင်ကိုအလှကို ပိုမိုတောက်ပစေပါတယ်။
 
★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...