20 January, 2015

သွေးအားကောင်းလိုသူတို့အတွက် အပင်ထွက် အာဟာရ

                
  
               သွေးအားနည်းတတ်သူတွေ၊ အထူးသဖြင့် လစဉ် ဓမ္မတာရာသီသွေးဆင်းနေတဲ့ အမျိုးသမီးတွေ အနေနဲ့ သွေးအားကောင်းစေဖို့အတွက် စားသင့်တဲ့ သဘာဝ အပင်ထွက် အစားအစာ တွေကို မီးဖိုချောင်ထဲ မှာတွေ့ရှိနိုင်ပါတယ်။


စပျစ်သီး

           စပျစ်သီးမှာ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ ဗီတာမင် အများအပြားနဲ့ အမိုင်နိုအက်စစ်တို့ ပါဝင်မူ များတာကြောင့် အသက်ကြီးသူ အမျိုးသမီးတွေနဲ့ သွေးအားနည်းရောဂါရှိသူတွေ အတွက် အကောင်းဆုံးအားဆေးတစ်လက်ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စပျစ်သီးစားတာကြောင့် သန္ဓေသားဆီကို အာဟာရရောက်ရှိမှု ကောင်းစေရုံသာမက အသားအရေစိုပြည်နီမြန်းစေပါတယ်။

ရွှေဖရုံသီး

            ရွှေဖရုံသီးမှာ အပင်ွက် ပရိုတင်း၊ ကာရိုတင်း၊ ဗီတာမင်တွေ၊ မရှိမဖြစ် အမိုင်နိုအက်စစ်၊ ကယ်လ်စီယမ်၊ ဇင့်(သွပ်)၊ သံဓာတ်၊ ကိုဘော့၊ ဖော့စ်ဖရပ်စ်စတာတွေ အများအပြား ပါဝင်ပါတယ်။ ကိုဘော့ ဟာ ဗီတာမင် B12 ဖြစ်ပေါ်စေတဲ့ အဓိကဒြပ်စင်တစ်မျိုး ဖြစ်တာကြောင့် သွေးနီဥတွေရဲ့ ပုံမှန်လုပ်ငန်းဆောင် တာကို ကောင်းမွန်စေပါတယ်။ ဇင့်(သွပ်) ဓာတ်ဟာ သွေးနီဥရဲ့ လုပ်ငန်းဆောင်တာ အပေါ် တိုက်ရိုက် သက်ရောက်မှုရှိပြီး သံဓာတ်ကတော့ ဟေမိုဂလိုဘင် ထုတ်လုပ်မှုမှာ ဒြပ်စင်တစ်မျိုးအနေနဲ့ ဆောင်ရွက်ပါ တယ်။

မုန်လာဥနီ

             မုန်လာဥနီမှာ ကာရိုတင်း ပါဝင်မှု များပြီး သွေးအားကောင်းစေတာကြောင့် ဂျင်ဆင်းလို့တောင် ဂျပန်လူမျိုးတွေက တင်စားခေါ်ဝေါ်ကြပါတယ်။ မုန်လာဥနီစွပ်ပြုတ်ကို လူအများစုက စားလေ့ရှိသလို မုန်လာ ဥနီကို ဖျော်ရည်ဖျော်ပြီးလည်း သောက်သုံးနိုင်ပါတယ်။

ကြုံရိုး

             ကြုံရိုးမှာ သံဓာတ်၊ ဇင့်(သွပ်)၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီစ်ဓာတ်တွေ ပါဝင်မှု မြင့်မား တာ ကြောင့် သွေးအားကောင်းစေပါတယ်။

အနီရောင် စွန်ပလွံသီး

                 အနီရောင် စွန်ပလွံသီးမှာ ဗီတာမင်တွေ၊ ဖရက်တို့စ်နဲ့ အမိုင်နိုအက်စစ် အမျိုးမျိုးပါဝင်ပါတယ်။ တရုတ်ဆေးပညာ အယူအဆအရ အနီရောင် စွန်ပလွံသီးမှာ အနွေးဓာတ်ရှိတယ်လို့  ယုံကြည်တာကြောင့် 
သွေး အားကောင်းစေသလို သွေးလှည့်ပတ်မှု ကောင်းစေတယ်လို့ ဆိုပါတယ်။ အနီရောင် စွန်ပလွံသီးမှာ
သွေးထဲက သွေးနီဥတွေကို အားကောင်းစေတဲ့ ဒြပ်တွေ ပါဝင်တဲ့အပြင် ရိုးတွင်းခြင်ဆီလုပ်ငန်းဆောင်တာ ကို အားကောင်းစေပါတယ်။ 

ပဲမည်း

          ပဲမည်းဟာ လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးရှိပါတယ်။ ပဲမည်းမှာ ပရိုတင်းဓာတ် ပါဝင်မှုများပြီး ကယ်လိုရီပါဝင်မှု လျော့နည်းတာကြောင့် ပဲမည်းစားရင် သွေးအားကောင်းစေသလို ဆံကေသာကို မည်း နက်တောက်ပြောင်စေပါတယ်။ 

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...