06 May, 2013

အားလပ်ရက်တွင် ကိုယ်အလေးချိန်လျော့ကျစေရန် လိုက်နာသင့်သည့် နည်းငါးသွယ်

အားလပ်ရက်မှာ အနားယူပြီးတဲ့အခါ ကိုယ်အလေးချိန် တက်လာလေ့ရှိပါသလား။ ဒီလို မဖြစ်စေဖို့လိုက်နာ သင့်တဲ့ နည်းလမ်းငါးမျိုးကို ဖော်ပြလိုက်ရပါတယ်။


 

 

အစာကို မရှောင်ပါနှင့်

အစာတစ်နပ်ကို ရှောင်လိုက်တာကြောင့် နောက်တစ်နပ်စားချိန်မှာ အစာကို အလွန်အမင်း စားဖြစ်သွားစေပါတယ်။ အားလပ်ရက်မှာ ကိုယ်အလေးချိန်ကို ထိန်းချင်ရင် ဘယ်လောက်ပဲ အလုပ်များများ၊ တစ်နေ့တာ အတွင်း အစာသုံးကြိမ်ကို ပုံမှန်စားသင့်ပါတယ်။






စားသမျှ ပမာဏကို ရေတွက်ပါ

ယေဘုယျအားဖြင့် အစာတစ်လုတ်စားတာကြောင့် ၆၀ ကယ် လိုရီရရှိနိုင်ပါတယ်။ အစာငါးလုတ်စားလိုက်ရင် ကယ်လိုရီ ၃၀၀ လောက် ရရှိသွားပါတယ်။ စားတဲ့ ပမာဏကို တိုင်းတာ ပြီး ကယ်လိုရီကို တွက်ချက်သင့်ပါတယ်။






လိုအပ်သူများကို ကူညီပါ 

အားလပ်ရက် အပန်းဖြေပြီးရင် ဘောင်းဘီခါးအရွယ်အစားက တစ်ခု တိုးလာလိမ့်မယ်ဆိုတဲ့ အယူအဆတစ်ခုရှိပါတယ်။ ဒါက လူတိုင်းနဲ့ မသက်ဆိုင်ပါဘူး။ လူမှုရေးနဲ့ ဆေးပညာ ဆိုင်ရာ လေ့လာမှု တစ်ရပ်အရ အားလပ်ရက်မှာ လိုအပ်နေ သူတွေကို ကူညီအားပေးတဲ့ သူတွေဟာ ကယ်လိုရီများတဲ့ အစာတွေကို ထိန်းချုပ်စားဖြစ်စေတယ်လို့ သိရပါတယ်။ အကြောင်းကတော့ ဘယ်လိုအစာပဲဖြစ်ဖြစ် သူများတွေကို မျှဝေစားတတ်သွားလို့ပါ။




အားကစားလုပ်ပြီး အနားယူပါ

လေ့လာမှုအရ အားကစားလုပ်ပြီးပုံမှန် အနားယူတဲ့သူတွေ ဟာ ကြွက်သားတွေ ပိုမိုးသန်စွမ်းကျစ်လျစ်လာတဲ့ အပြင် အဆီပိုတွေ လျော့ကျမှု မြင့်မားစေတယ်လို့ သိရပါတယ်။




နေ့စဉ် ကိုယ်အလေးချိန် တိုင်းတာပါ

အားလပ်ရက်မှာ အစာစားချင်စိတ်၊ ပျင်းပျင်းနဲ့ လေ့ကျင့်ခန်း ရှောင်လိုစိတ်၊ ကယ်လိုရီများတဲ့ အစာတွေကို စားလိုစိတ်တို့ လျော့ပါးစေဖို့ နေ့စဉ် နံနက်တိုင်းပေါင်ချိန်ကြည့်ပါ။ ဒီနည်းဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတွေကို ပုံမှန်လုပ်ဖြစ်စေတဲ့ နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။




အားနာပြီး မစားပါနှင့်

အားလပ်ရက်မှာ တခြားသူတွေရဲ့ အိမ်ကို အလည်အပတ် သွားရောက်တဲ့အခါ ကျွေးသမျှ အစာတိုင်းကို အားနာပြီး မစားပါနဲ့။ "နောက်တစ်ကြိမ်ကျမှ အားရပါးရ စားပါ့မယ်" လို့ပြောပြီး အသင့်အတင့်ပဲ စားသင့်ပါတယ်။

................................................................................................................................
 
ကြယ်စင်

2 comments:

  1. Replies
    1. ခုလို အစဉ်တစိုက်အားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။

      Delete

LinkWithIn

Related Posts Plugin for WordPress, Blogger...