30 April, 2013

အမျိုးသားတို့၏ သွေးတွင်း အယ်လ်ကိုဟော ပမာဏအနည်းအများနှင့် ပြောင်းလဲမှု


ဒီအတိုင်းအတာတွေက ပေါင် ၁၈၀-၂၀၀ ရှိတဲ့အမျိုးသားတွေကို အခြေခံပြီး အချိန်တစ်နာရီအတွင်း
လေ့လာမှတ်တမ်းတင်ထားတာပဲ ဖြစ်ပါတယ်။ အရက်ပြင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဥပမာ- အရက်
ပြင်းနှစ်ပက်သောက်ရင် သွေးတွင်းကို ရောက်ရှိသွားတဲ့ အယ်လ်ကိုဟော ပမာဏက ၀ ဒသမ ၁၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။


ဝ ဒဿမ ၀၂ ရာခိုက်နှုန်း (၂ ပက်)
အပန်းပြေသလို စတင်ခံစားရပြီး ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်း မဆိုစလောက် လျော့သွားပါတယ်။ ဒီအတိုင်းအတာနဲ့ ရပ်လိုက်မယ်ဆိုရင် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ဝ ဒဿမ ၀၅ ရာခိုင်နှုန်း (၃ ပက်)
ဦးနှောက်ရဲ့ ညာဘက်ရှိ Frontal Cortex အစိတ်အပိုင်းရဲ့ တက်ကြွမှု လျော့ကျပြီး ထိန်းချုပ်နိုင်စွမ်း ဆုတ်ယုတ်လာပါတယ်။

ဝ ဒဿမ ၀၇ ရာခိုင်နှုန်း (၄ ပက်)
ဦးနှောက်က မကောင်းတဲ့ တုံ့ပြန်မှုတွေကို အလုံအလောက် အားရုံစူးစိုက်နိုင်စွမ်း မရှိတော့ပါဘူး။ ဒါကြောင့်
ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ဆန်းစစ်အကဲဖြတ်နိုင်ဖို့ ခက်ခဲလာပါတယ်။

ဝ ဒဿမ ၀၈ ရာခိုင်နှုန်း (၅ ပက်)
သင့်မှတ်ဥာဏ်က စတင်ပြီး စွမ်းအား ကျလာပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ မိနစ် ၃၀ က ဘာဖြစ်ပျက်ခဲ့သလဲ ဆိုတာကို အသေးစိတ်ပြန်မှတ်မိနိုင်စွမ်းလျော့ကျလာပါတယ်။

ဝ ဒဿမ ၁၀ ရာခိုင်နှုန်း (၆ ပက်)
ခန္ဓာကိုယ်ဟန်ချက်ထိန်းနိုင်စွမ်းမှာ ပြဿနာရှိလာတာကြောင့် ခြေတစ်လှမ်းနဲ့ တစ်လှမ်း၊ ဘယ်နဲ့ညာ ဟန်ချက်ညီညီ သွားလာနိုင်စွမ်း ထိခိုက်လာပါတယ်။ ဒီအချိန်မှာ ခါတိုင်းထက်ပိုပြီး စိတ်တိုစိတ်ဆတ်လွယ် လာပါတယ်။ ဒါကြောင့် ရန်ပွဲဖြစ်နိုင်ခြေများတတ်ပါတယ်။

ဝ ဒဿမ ၁၁ ရာခိုင်နှုန်း (၆ ပက်)
ဒီအချိန်မှာ ဦးနှောက်ရဲ့ Frontal Lobe Middle Cerebellar Peduncle နဲ့ Thalamus အစိတ်အပိုင်းတွေ မှာ ထိခိုက်မှုရှိနေပါပြီ။ ဒါကြောင့် စိတ်ခံစားမှုကို မထိန်းနိုင်ဘဲ ချဲ့ကားတွေးခေါ်တတ်ပြီး လှုပ်ရှားမှုကို ထိန်း
နိုင်ဖို့လည်း ခက်ခဲလာပါတယ်။

ဝ ဒဿမ ၁၅ ရာခိုင်နှုန်း (၇ ပက်)
အရက်သောက်လွန်မှုကြောင့် အစာအိမ်က အဆိပ်တွေကို တွန်းထုတ်ကာအရင်ဆုံးပျို့အန်ချင်စိတ် ဖြစ်ပေါ် ပြီး နောက်ပိုင်းမှာ အန်ချတတ်ပါတယ်။

ဝ ဒဿမ ၂၀ ရာခိုင်နှုန်း (၁၀ ပက်)
ဒီအချိန်မှာ မှတ်ဥာဏ်က တချို့အရာတွေကိုပဲ မှတ်မိတာမျိုးဖြစ်လာပြီး ခေတ္တခဏမေ့တာမျိုးဖြစ်လာပါ တယ်။ အဲဒီလိုဖြစ်ပြီး အန်ချပစ်တတ်ပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်က အပူဆုံရှုံးမှုချက်ချင်းဖြစ်လာပါတယ်။ အကြောင်းကတော့ အယ်လ်ကိုဟောက သွေးကြောတွေကို ကျယ်စေလို့ပါပဲ။ ကိုယ်တွင်းအပူချိန်ကျဆင်း မှုက ဆိုးဆိုးရွားရွားဖြစ်တတ်ပါတယ်။

ဝ ဒဿမ ၂၅ ရာခိုင်နှုန်း (၁၂ ပက်)
စိတ်ခံစားမှုက ထုံထိုင်းသွားပြီး ဘေးမှာ ရပ်နေတဲ့အမျိုးသမီးတစ်ဦးကို ခပ်ရိုင်းရိုင်းစကားတွေ ပြောဆိုတာ မျိုး လုပ်တတ်လာပါတယ်။ သင့်ရဲ့ တုံ့ပြန်မှုက လုံးဝကို မကောင်းတော့ပါဘူး။ အထိန်းအချုပ်မရှိ ဆီးကို သွားချင်သလို သွားတာမျိုးဖြစ်လာသလို အနဲ့ဆိုးထွက်နေတဲ့ နေရာမှာ အိပ်စက်တာမျိုးလည်း လုပ်နေနိုင် ပါတယ်။

ဝ ဒဿမ ၃၀ ရာခိုင်နှုန်း (၁၆ ပက်)
သင်ဘယ်မှာ ရောက်နေလဲဆိုတာတောင် မသိနိုင်တော့ပါဘူး။ ဒီအတိုင်းအတာအထိ သောက်ထားတဲ့ လူငယ်တွေဟာ ပါတီပွဲအပြီးမှာ ပျောက်ဆုံးတာမျိုးဖြစ်တတ်ပါတယ်။ ကြွက်သားထိန်းချုပ်နိုင်စွမ်းမရှိတာ၊ အမြင်ဝါးတာတ်တာတို့လို ဆိုးကျိုးတွေ ဖြစ်တတ်ပါတယ်။

ဝ ဒဿမ ၃၅ ရာခိုင်နှုန်း (၁၈ ပက်)
ခွဲစိတ်ကုသမှုခံယူဖို့ မေ့ဆေးပေးခံထားရသလိုမျိုး သတိမေ့သွားနိုင်ပါတယ်။ မကြာခင်ဆေးရုံရောက်နိုင်တဲ့ အနေအထားမျိုးပါ။

ဝ ဒဿမ ၄၀ ရာခိုင်နှုန်း (၂၀ ပက်)
သင့်အဆုတ်က ထိခိုက်နေပါပြီ။ အန်တဲ့အခါ ဆို့နင့်နေနိုင်ပါတယ်။ သွေးဖိအားက အန္တရာယ်ရှိလောက်
အောင် ထိုးကျသွားပါပြီ။ ဒါကြောင့် အသက်အန္တရာယ်ရှိတာ ဒါမှမဟုတ် သတိမေ့မြောတာတို့အထိ ဖြစ်နိုင်
ခြေရှိပါတယ်။

ကေအမ်

1 comment:

LinkWithIn

Related Posts Plugin for WordPress, Blogger...