04 May, 2013

တမာရွက်၏ ကျန်းမာရေးအကျိုးကျေးဇူးများ






အညာဒေသမှာ ပေါပေါများများတွေ့ရတဲ့ တမာ ရွက်တွေကို ပြုတ်ပြီး ငါးပိရည်၊ ငါးပိချက်နဲ့ တို့စား
လေ့ရှိကြပါတယ်။ တမာပင်ကို မှော်သစ်ပင်လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ အကြောင်းကတော့ တမာရွက်မှာ ဆေးဖက်ဝင်အာနိသင်တွေရှိလို့ပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးရအောင် ကြိုးစားနေချိန်တွေမှာ တမာရွက်ကို မစားသင့်ပါဘူး။



(၁) အရေပြား ပြဿနာများကို ကုသပေးနိုင်ခြင်း

တမာရွက်ကို စေးပျစ်တဲ့ အနှစ်ပုံစံလုပ်ပြီး ၀ဲ၊ အဖုအပိမ့်ရှိနေတဲ့ အရေပြားပေါ် တိုက်ရိုက်လိမ်းပေးပါ။ ဒါမှမဟုတ် ချိုးရေထဲမှာ တမာရွက်ကြိတ်ခြေကာထည့်ပြီး ချိုးပါ။ ဒါဆိုရင် အရေပြားဝေဒနာတွေကို သက်သာလျော့ပါးစေပါတယ်။

(၂) ရေကျောက်သက်သာစေခြင်း

ရေကျောက်ပေါက်တဲ့အခါ သက်သာစေဖို့ တမာရွက်ကို အသုံးပြုနိုင်ပါတယ်။

(၃) ဆီးချိုကို ထိန်းနိုင်ခြင်း

ဆီးချိုရောဂါရှိရင် နံနက်စောစောဘာမှမစားခင် တမာရွက်ကို စားပေးပါက ဆီးချိုကို ထိန်းချုပ်နိုင်တယ်လို့ ဆိုပါတယ်။

(၄) ရောင်ရမ်းမှုကို လျော့စေခြင်း

ရောင်ရမ်းမှုကြောင့် အဖုအပိမ့်ဖြစ်နေရင် တမာရွက်အနှစ်သားကို လိမ်းပေးပါက ရောင်ရမ်းမှု လျော့ကျစေ ပါတယ်။

(၅) သွေးသန့်စင်စေခြင်း

တမာရွက်က အဆိပ်အတောက်ကင်းစေတဲ့ အာနိသင်ရှိတာကြောင့် သွေးကို သန့်စင်စေပါတယ်။

(၆) ဆာလောင်မှုကို ထိန်းနိုင်ခြင်း

အလွန်အမင်း ဆာလောင်မှုဖြစ်တတ်ပါက ဆန်လုံးညိုနဲ့ တမာရွက်ကိုရောပြီး စားပေးရင် ဆာလောင်မှုကို ထိန်းချုပ်နိုင်စေပါတယ်။

(၇)အရေပြားပိုးဝင်မှုကို သက်သာစေခြင်း

အရေပြား ကူးစက်ပိုးဝင်တဲ့ အခြေအနေတွေ သက်သာစေဖို့ တမာရွက်ကို ကြိတ်ချေပြီး နနွင်းမှုန့်နဲ့ရော လိမ်းပေးရင် အရေပြား ပိုးဝင်မှု သက်သာစေပါတယ်။

(၈) ၀က်ခြံပျောက်စေခြင်း

မျက်နှာပေါ်မှာ ၀က်ခြံတွေ ရှိနေရင်တမာရွက်အနှစ်ရည်ကို သုတ်လိမ်းပေးပါ။ တမာရွက်အနှစ်ရည်ဟာ ကူးစက်ပိုးဝင်မှုဖြစ်နိုင်ခြေကို လျော့ကျစေတာကြောင် ဒဏ်ရာ အသေးအဖွဲတွေကို ကုသပေးနိုင်ပါတယ်။

(၉) ဆီးလမ်းကြောင်းပိုးဝင်မှုကို သက်သာစေခြင်း

တမာရွက်ဟာ ဆီးလမ်းကြောင်း ပိုးဝင်မှုကို ကုသပေးနိုင်ပါတယ်။

(၁၀) ဆံကေသာကို ကျန်းမာစေခြင်း

တမာဆီဟာ ဆံပင်ကျွတ်တာနဲ့ အချိန်မတိုင်ခင် ဆံပင်ဖြူတာတို့ကို သက်သာစေပါတယ်။ ဦးရောပြားမှာ လိမ်းပေးတာကြောင့် ဗောက်ထတာနဲ့ သန်းပေါက်ဖွားမှုကို သက်သာစေပါတယ်။

(၁၁) ကာလသားရောဂါကုသမှုကို ထိရောက်စေခြင်း

ဂနိုဆီးပူညောင်းကျရောဂါနဲ့ ဆစ်ဖလစ်ရောဂါတို့လို ကာလသားရောဂါတွေကို ကုသမှုခံယူနေချိန်မှာ တမာရွက်ကိုစားပေးရင် အလွန်ကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေပါတယ်။

ကြယ်စင်

1 comment:

  1. တမာရွက်ကခါးလွန်းလို့ ...မစားနိုင်ဘူး.....

    ReplyDelete

LinkWithIn

Related Posts Plugin for WordPress, Blogger...