29 April, 2013

သင့် ဆိုဖာပုံစံက ပြောပြနေသော သင့်ကိုယ်ရည်ကိုယ်သွေး


ညမှာ တီဗီကြည့်တာကနေ မိစားစု စကားဝိုင်းဖွဲ့ပြောတာအထိ သင့်အိမ်က ဆိုဖာတွေက အရေးပါတတ်ပါ တယ်။ သင့်မှာရှိတဲ့၊ သင်ကြိုက်တဲ့ဆိုဖာက သင့်အကြောင်းကို အများကြီးပြောပြနိုင်ပါတယ်။

သင့်မှာ ရိုးရာ ထိုင်ခုံသုံးခုတွဲပါတဲ့ ဆိုဖာရှိရင် ဒါမှမဟုတ် ဒီဆိုဖာကို ကြိုက်ရင်

♦ သင်က တည်တံ့ပြီး အဆင့်အတန်းရှိသူပါ
အရိုးရှင်းဆုံး ရိုးရာ ဆိုဖာမျိုးကို ရွေးချယ်တဲ့ သင့်စိတ်ခံစားမှုက သင်က ရိုးရာယဉ်ကျေးမှုကို တန်းဖိုးထားပြီး အဆင့်အတန်းရှိကြောင်း ဖော်ပြနေပါတယ်။ ပရိဘောဂပစ္စည်းရွေးချယ်ရာမှာ မသေးလွန်း၊ မကြီးလွန်းတဲ့ အမျိုးအစားတွေကို ဟန်ချက်ညီညီ ရွေးချက်တာကြောင့် သင့်အိမ်ကို လာလည်သူတိုင်း စိတ်ကြည်နူးမှု ဖြစ် ရပါတယ်။

သင့်မှာ လဲလျောင်းမှီနိုင်တဲ့ ဆိုဖာရှိရင် ဒါမှမဟုတ် ဒီဆိုဖာကို ကြိုက်ရင် 

♦ သင်ကခံ့ညားပြီး လွတ်လပ်သူပါ
ပြင်သစ်လို ထိုင်ခံရှည်လို့ အဓိပ္ပာယ်ရတဲ့ တစ်ဖက်အမှီပါတဲ့ ဆိုဖာထိုင်ခုံဟာ မှီနွဲ့ပြီး ကျက်သရေ ရှိရှိ ထိုင်နိုင်ပါတယ်။ ဒီဆိုဖာပိုင်ရှင်တွေက သက်သောင့်သက်သာ နေလိုပြီး ဘယ်တော့မဆို ခံ့ခံ့ညားညား ကြည့်ကောင်းတတ်ပါတယ်။

သင့်မှာ နောက်မှီကို လှန်ချနိုင်တဲ့ ဆိုဖာရှိတယ်ဆိုရှင် ဒါမှမဟုတ် ဒီဆိုဖာကို ကြိုက်ရင်

♦ သင်က လိုက်လျောညီထွေရှိတဲ့ အလုပ်ပေါင်းစုံ လုပ်သူပါ
ထိုင်ခုံလို ထိုင်လို့ရသလို အပန်းဖြေတဲ့ နောက်မှီဆိုဖာလို အသုံးချလို့ရတဲ့ ဒီဆိုဖာဟာ သင်ရဲ့ လိုက်လျော ညီထွေရှိမှုကို ဖော်ပြနေပါတယ်။ အလုပ်ပေါင်းစုံ လုပ်နိုင်တဲ့အရာကို ရွေးချယ်တဲ့ သင့်စိတ်က သင်ဟာ အလုပ်ပေါင်းစုံကို လုပ်ဆောင်တတ်သူဖြစ်ကြောင်း ဖော်ပြနေပါတယ်။ အားလပ်ချိန်မှာ ဒီလိုဖာပေါ်ထိုင်ပြီး တီဗီကြည့်ရင်းဇာထိုးပန်းထိုး လုပ်တတ်သူလည်း ဖြစ်ပါတယ်။

သင့်မှာ အိပ်စက်နိုင်တဲ့ ဆိုဖာရှိရင် ဒါမှမဟုတ် ဒီဆိုဖာကို ကြိုက်ရင် 

♦ သင်က အားကိုးအားထား ပြုနိုင်သူပါ
သင့်မှာ ထိုင်လို့လည်းရ၊ လှဲလျောင်း အိပ်စက်လို့ရတဲ့ ဆိုဖာထိုင်ခုံရှိတယ်ဆိုရင် သင်က အမြဲတမ်းအရာရာ ကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်တယ်ဆိုတာ ပြောပြနေတာပါ။ သင့်ဘ၀ထဲကို ၀င်လာတဲ့ မိတ်ဆွေ သူငယ် ချင်း၊ ဆွေမျိုးသားချင်းအတွက် နေရာတစ်ခုခုကို အမြဲပြင်ဆင်ပေးနိုင်သူလည်း ဖြစ်ပါတယ်။ သင့်ကို အကူ အညီတောင်းလာသူတွေကို နွေးထွေးတဲ့ စကားစမြည်ပြောဆိုမှုတွေ၊ အကြံဥာဏ်တွေ ပေးနိုင်လို့ သင်က အားကိုးအားထား ပြုနိုင်သူပါပဲ။

 

 သင့်မှာ နှစ်ယောက်တွဲထိုင်နိုင်တဲ့ ဆိုဖာရှိရင် ဒီဆိုဖာကို ကြိုက်ရင်

♦ သင်က စစ်မှန်တဲ့ သူငယ်ချင်းပါ
ချစ်စရာကောင်းတဲ့ နှစ်ယောက် ထိုင်ခုံဟာ သင်က လူအများနဲ့ စုရုံးနေထိုင်ရတဲ့ဘ၀ထက် အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်း အနည်းငယ်နဲ့ပဲ အချိန်ဖြုန်းချင်သူပါ။ သင်ရဲ့ နှစ်ယောက်ထိုင် ဆိုဖာလေးက သက်
သောင့်သက်သာ ရှိတာကို သဘောကျတဲ့ သင့်စိတ်ကို ဖော်ပြနေသလို အချိန်အများကြီး ဖြုန်းရတာကို ပျင်း ရိပျင်းတွဲထိုင်ရတာကို သဘောမကျကြောင်းလဲ ဖော်ပြနေပါတယ်။ တစ်ခါတစ်ရံမှာ မိတ်ဆွေတွေနဲ့ အပြင် ထွက်ပြီး မုန့်စားတာ၊ ရုပ်ရှင်ကြည့်တာတို့ကို အချိန်ပေးပြီး လုပ်ဆောင်တာကြောင့် သင့်အနေနဲ့ ဘ၀ရဲ့ အရ သာကို သိနားလည်ပြီး လွတ်လပ်ပေါ့ပါးနေပါလိမ့်မယ်။

သင့်မှာ အကန့်လိုက်ပိုင်းထားတဲ့ ဆိုဖာရှိရင် ဒါမှမဟုတ် ဒီဆိုဖာကို ကြိုက်ရင်

♦ သင်က နွေးထွေးပေမယ့် အေးအေးလူလူနေတတ်သူပါ
ကြီးမားပြီး ဧည့်သည်အများ ထိုင်နိုင်တဲ့ သင့်ဆိုဖာကို ကြည့်လိုက်တာနဲ့ သင်က နွေးထွေးတဲ့သူဆိုတာ ပေါ် လွင်ပါတယ်။ ဒါပေမယ့် အကန့်လိုက်ပိုင်းထားတာကြောင့် သီးသန့်အေးအေးဆေးဆေး နေလိုသူပါ။ ပေါင်း သင်းဆက်ဆံရေးကောင်းတာကြောင့် ဘယ်လိုလူနဲ့ မဆို လိုက်လျောညီထွေနေတတ်သူပါ။

ကြယ်စင်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...