22 April, 2013

သုက်ကောင်အရေအတွက် တိုးမြင့်လာစေရန်

ကမ္ဘာတစ်ဝန်းက အမျိုးသားအများစုဟာ သုက်ကောင်အရေအတွက် လျော့နည်းနေကြကြောင်း သိရပါ တယ်။ ဒါကြောင့် သုက်ကောင် အရေအတွက် ထုတ်လုပ်မှု အားကောင်းစေဖို့ရာ လိုက်နာသင့်တဲ့ နည်းတွေ ကို ဖော်ပြလိုက်ပါတယ်။

ဆေးလိပ်နှင့်အရက် ရှောင်ပါ

ဆေးလိပ်နဲ့ အရက်ဟာ သုက်ကောင်အရေအတွက်ကို ထိခိုက်စေရုံသာမက တစ်ကိုယ်လုံးကျန်းမာရေး ကိုလည်း ထိခိုက်စေနိုင်ပါတယ်။
♦ အရက်ဟာ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်သလို အီစထရိုဂျင်အဆင့်ကို သိသိ သာသာ မြင့်တက်စေပါတယ်။ တက်စတိုစတီရုန်းကျားဟော်မုန်းက သုက်ကောင်ကျန်းမာရေး၊ သုက်ကောင် ထုတ်လုပ်မှုတို့နဲ့ တိုက်ရိုက်ဆက်စပ်မှုရှိတာကြောင့် နေ့စဉ် အရက်နှစ်ခွက်သောက်တာက ရေရှည်မှာ သုက်ကောင်ထုတ်လုပ်မှုအပေါ် သက်ရောက်မှု ရှိစေပါတယ်။
♦ လေ့လာမှုတစ်ရပ်အရ ဆေးလိပ်သောက်တဲ့ အမျိုးသားတွေဟာ မသောက်တဲ့သူတွေထက် သုက်ကောင် အရေအတွက ၂၂ ရာခိုင်နှုန်း လျော့ကျမှုရှိတယ်လို့ သိရပါတယ်။ ဆေးလိပ်သောက်တာက သုက်ကောင်
ဖြစ်ပေါ်မှုကို နှေးကွေးစေသလို သုက်ကောင်တွေကို ပိုလျော့နည်းစေပါတယ်။

ပုံမှန် လေ့ကျင့်ခန်းလုပ်ဆောင်ပါ

လေ့ကျင့်ခန်းလုပ်တာကြောင့် သုက်ကောင်တွေ ပိုမိုထွက်ရှိလာအောင် အားပေးနိုင်ပါတယ်။
♦ လေ့ကျင့်ခန်းလုပ်တာကြောင့် ကိုယ်တွင်းမှာ တက်စတိုစတီရုန်းဟော်မုန်းအထွက်တိုးစေပြီး သုက်ကောင် ထွက်ရှိနှုန်းလည်း ကောင်းမွန်စေပါတယ်။ အလေးမတာနဲ့ လေ့ကျင့်ခန်းလုပ်တာကြောင့် ကြွက်သားတွေ သန်စွမ်းလာစေပြီး တက်စတိုစတီရုန်းဟော်မုန်းလည်း အထွက်တိုးစေပါတယ်။
♦ လေ့ကျင့်ခန်းကို အပြင်းအထန်မလုပ်ပါနဲ့။ လေ့ကျင့်ခန်းအပြင်းအထန်လုပ်တာကြောင့် အဒရီနယ်စတီး ရွိုက် ဟော်မုန်းထွက်ရှိမှုအပေါ် သက်ရောက်စေပြီး တက်စတိုစတီရုန်း ချို့တဲ့မှုဖြစ်နိုင်ပါတယ်။
♦ ကြွက်သားတွေ ကြီးထွားစေတဲ့ စတီးရွိုက်ဆေး(Anabolic Steroid)ကို မသုံးပါနဲ့။ ဒီဆေးတွေက ဝှေးစေ့ ကို ကျုံ့စေပြီး မျိုးမအောင်တာကို ဖြစ်စေနိုင်ပါတယ်။

ကျန်းမာရေးနှင့်အညီ စားပါ

အဆီနည်းပြီး ပရိုတင်းများတဲ့ အစာ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံတစ်ခုလုံးအစာတွေက သင့်ကျန်းမာ
ရေးကို သာမက သုက်ကောင်ကိုပါ ကျန်းမာစေပါတယ်။
♦ ငါး၊ အသား၊ ဥအမျိုးမျိုး၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် များများစားပါ။
♦ မြေပဲ၊ သီဟိုဠ်စေ့၊ သစ်ကြားသီး၊ ရွှေဖရုံစေ့နဲ့နေကြာစေ့တို့ဟာ သုက်ကောင်အရေအတွက် တိုးစေပါ တယ်။
♦ အချိုရည်နှင့် ပဲပိစပ်ထုတ်ကုန်တွေကို ရှောင်ပါ။ ဒါတွေက သုက်ကောင်အရေအတွက် လျော့နည်းစေပါ တယ်။

ဝှေးစေ့ကို မပူလွန်းပါစေနှင့်

ဝှေးစေ့ဟာ ခန္ဓာကိုယ်တခြားအင်္ဂါအစိတ်အပိုင်းတွေထက် ပိုအေးမြနေဖို့ လိုပါတယ်။
♦ ခပ်ပွပွ ချည်သားအတွင်းခံ ဘောင်းဘီ ၀တ်ပါ။ အိပ်တဲ့အခါ အတွင်းခံဘောင်းဘီမ၀တ်ပါနဲ့။ ရေပူနဲ့
ရေချိုးတာ၊ ရေပူစိမ်တာကို ရှောင်ပါ။

ကိုယ်အလေးချိန်ထိန်းပါ

ကိုယ်အလေးချိန်များနေရင် ပုံမှန်ဖြစ်အောင် လျှော့ချတာကြောင့် သုက်ကောင်အရေအတွက်လျော့နည်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
♦ ပြင်သစ်လေ့လာမှုတစ်ရပ်အရ အ၀လွန်တဲ့အမျိုးသားတွေက မ၀သူတွေထက် သုက်ကောင်အရေအတွက် ၄၂ ရာခိုင်နှုန်း ပိုလျော့နည်းနေကြောင်း သိရပါတယ်။

ဆေးဖက်ဝင်အဆီဖြင့် နှိပ်နယ်ပါ

ပုံမှန်လေ့ကျင့်ခန်းလုပ်တာလိုပဲ ခန္ဓာကိုယ်ကို ဆေးဖက်ဝင်အဆီလိမ်းပြီး နှိပ်နယ်တာကြောင့် သွေးလှည့် ပတ်မှုကို ကောင်းမွန်စေပြီး ကျန်းမာတဲ့ သုက်ကောင်တွေ တိုးပွားစေပါတယ်။

စိတ်ဖိစီးမှု လျှော့ချပါ

ယောဂကျင့်တာ၊ တရားထိုင်တာ၊ ပြေးတာ၊ ရေကူးတာစတဲ့ နည်းတွေနဲ့ စိတ်ဖိစီးမှုကို လျှော့ချတာကြောင့် တက်စတိုစတီရုန်းထုတ်လုပ်မှုကို ဟန်ချက်ညီအောင် ထိန်းချုပ်နိုင်ပါတယ်။ စိတ်ဖိစီးမှု များနေတတဲ့အခါ သူုက်ကောင်ထွက်ရှိမှု လျော့ကျစေပါတယ်။

အားဆေးသောက်ပါ

လေ့လာမှုအရ ဖောလစ်အက်စစ်နဲ့ ဇင့်(သွပ်)ဓာတ်အားဆေးကို ပုံမှန်မှီဝဲတဲ့ အမျိုးသားတွေက သုက်ကောင်အရေအတွက် ၇၅ ရာခိုင်နှုန်းတိုးမြင့်စေကြောင်း သိရပါတယ်။ ဗီတာမင်စီနဲ့ ဆီလီနီယမ်က လည်းသုက်ကောင်ထုတ်လုပ်မှုကို တိုးစေပါတယ်။

ကေအမ်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...