30 April, 2013

အစာစားချင်စိတ် မများစေရန် လှည့်စားနည်း


အစာစားချင်စိတ်များတာကြောင့် အ၀လွန်မှာကို စိုးရိမ်နေပါသလား။ အစာစားချင်စိတ် မများစေဖို့ သင် လုပ်ဆောင်သင့်တဲ့ နည်းလမ်းလေးသွယ်ကို ရေးသားလိုက်ရပါတယ်။


(၁) နံနက်စာ၊ နေ့လယ်စာနှင့် ညစာကို မရှောင်ပါနှင့်

တစ်နေ့ အစာသုံးနပ်နဲ့ သရေစာတစ်ကြိမ် စားပေးပါ။ စားတဲ့ ပမာဏကို နည်းနည်းပဲ စားတာကြောင့် သွေး တွင်း သကြားဓာတ်ကို ဟန်ချက်ညီမျှစေပြီးဆာလောင်မှုဟော်မုန်းကို ထိန်းချုပ်နိုင်ပါလိမ့်မယ်။ အစာမစား ဘဲ အချိန်လေးနာရီကျော်ကြားတဲ့အထိ မနေပါနဲ့။

(၂) အိပ်ရေး၀၀ အိပ်စက်ပါ

တစ်ညမှာ ရှစ်နာရီခန့် အိပ်စက်တာကြောင့် ဆာလောင်မှုဟော်မုန်းကို ထိန်းချုပ်နိုင်သလို အလုပ်ကိုလည်း
ကောင်းကောင်းလုပ်နိုင်ပါတယ်။

(၃) သဘာဝ သစ်သီးပါသော ရေကိုသောက်ပါ

ရေသန့်ထဲမှာ သံပုရာသီးစိတ် ထည့်တာ၊ လတ်ဆတ်တဲ့ စတော်ဘယ်ရီသီးထည့်တာကြောင့် ရေသောက် ရတာ အရသာရှိနေပြီး ဗိုက်ပြည့်သလို ခံစားမှုရရှိစေကာ အစာကို အလွန်အမင်းမစားဖြစ်တော့ပါဘူး။

(၄) ဆာလောင်မှုကို ဆန်းစစ်ပါ

လေးနာရီအတွင်း အစာတစ်ခုခုစားထားရင် ဘာကိုမှ ထပ်စားဖို့ မလိုသေးပါဘူး။ ဒီအချိန်အတွင်း အစာစား ချင်စိတ်ဖြစ်ပေါ်တာက စိတ်ခံစားမှုအရ ဆာလောင်တာပဲ ဖြစ်ပါတယ်။

ကြယ်စင်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...