29 April, 2013

အမျိုးသမီးတို့ ကျန်းမာရေးကို အားဖြည့်ပေးမည့် အချက်လေးရပ်



အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ အလှအပကို အားဖြည့်ပေးမယ့် အိမ်သုံးပစ္စည်းတွေနဲ့ သူတို့ရဲ့အသုံးဝင် ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။


အသားအရေအတွက် ပျားရည်

အပြစ်ကင်းစင်ပြီး ကျန်းမာလှပတဲ့ အသားအရေကို အမျိုးသမီးတိုင်းလိုချင်ကြပါတယ်။ ဒါကြောင့် ပျမ်းမျှ အားဖြင့် အမျိုးသမီးတစ်ဦးမှာ အသားအရေထိန်းပစ္စည်း အနည်းဆုံးရှစ်မျိုးလောက် ပိုင်ဆိုင်ကြောင်း ဗက်ဆလင်းလေ့လာမှုအရသိရပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဒီအသားအရေထိန်းပစ္စည်းတွေ သုံးတာ အပြင် သဘာဝအိမ်သုံးနည်းဖြစ်တဲ့ ပျာရည်ကိုလည်း မေ့မထားသင့်ပါဘူး။ ပျားရည်မှာ နယူးဇီလန်က ထုတ် တဲ့ Maunka ပျားရည်ကအကောင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ပျားရည်မှာ ပိုးသတ်အာနိသင်ရှိတာကြောင့် အသားအရေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အရေပြားပေါ်ကို ပျားရည်လိမ်းတဲ့အခါ အရေပြားကို သန့်စင်စေပြီး အရေပြား အေးမြနူးညံ့ပျော့ပျောင်းစေပါတယ်။

သွားအတွက် ဆော်ဒါမှုန့်နှင့် စတော်ဘယ်ရီသီး

သွားစပေါက်ပေါက်ချင်း ဖြူစင်နေပေမယ့် အသက်ကြီးလာလေလေ၊ စားတဲ့အစားအသောက်နဲ့ သွားကို ဂရု စိုက်တဲ့အလေ့အထပေါ် မူတည်ပြီး သွားတွေဝါတာ၊ သွားကြွေလွှာတွေ ထိခိုက်တာ၊ သွားကျိုးတာ စတဲ့ ဆိုး ကျိုးတွေ ဖြစ်လာတတ်ပါတယ်။ တကယ်လို့ သွားတွေကို ပုလဲလုံးတွေလို ဖြူစင်လှပစေချင်တယ်ဆို ရင် ဆော်ဒါမှုန့်နဲ့ စတော်ဘယ်ရီသီးကို သုံးပြီး အားဖြည့်လိုက်ပါ။ ဆော်ဒါမှုန့်က သွားအစွန်းတွေကို ကင်းစင်
စေပြီး စတော်ဘယ်ရီကလည်း သွားဝါတာကို လျော့ကျစေပါတယ်။ စတော်ဘယ်ရီသီးထဲက မိုင်လစ်အက် စစ်ဟာ သွားတွေကို သဘာဝကျကျ ဖြူစင်တောက်ပစေပါတယ်။ ပြုလုပ်ရမယ့်နည်းက စတော်ဘယ်ရီသီး ကို ကြိတ်ချေပြီး ပန်းကန်လုံးတစ်လုံးထဲထည့်ကာ ဆော်ဒါမှုန့်နဲ့ ရောမွှေပါ။ ပြီးရင် သွားတိုက်တဲ့နဲ့ သွားတိုက်
ဆေးယူသလို ယူပြီး သွားတိုက်ပေးပါ။ ဒီနည်းကို ပုံမှန်တော့ မသုံးသင့်ပါဘူး။

ဆံကေသာအတွက် အုန်းနို့

သန်စွမ်းတောက်ပတဲ့ ဆံကေသာအလှဟာ သင့်ခန္ဓာကိုယ်ကို ကြည့်ကောင်းစေပါတယ်။ ဒီလို ဆံကေသာ ကို လှပကြည့်ကောင်းစေချင်တယ်ဆိုရင် အုန်းနို့ကို အသုံးပြုနိုင်ပါတယ်။ အလှအပဆိုင်ရာ သိပ္ပံဂျာနယ်ရဲ့
လေ့လာမှုအရ ခေါင်းမလျှော်ခင်နဲ့ ခေါင်းလျှော်ပြီး အုန်းနို့လိမ်းတဲ့သူတွေဟာ ဆံပင်သားရှိမှ ပရိုတင်းဓာတ် က ဆံပင်သားကို ပျော့ပျောင်းနူးညံ့စေပြီး ဆံပင်သား ထိခိုက်ပျက်စီးမှုကိုလည်း လျော့ကျစေပါတယ်။

စိတ်ဖိစီးမှုလျော့ကျရေးအတွက်ဖတ်သင့်သော သတင်းကောင်း

PLoS ဂျာနယ်က ထုတ်စေတဲ့ လေ့လာမှုအသစ်အရ အဆိုးမြင်သတင်းတွေကို ဖတ်ရှုတဲ့ အမျိုးသမီးတွေရဲ့ စိတ်ဖိစီးမှုအဆင့်က မြင့်တက်မှုရှိကြောင်း သိရပါတယ်။ ဒီလို သတင်းဆိုးတွေကို ဖတ်ရှုတဲ့အမျိုးသားတွေ မှာတော့ စိတ်ဖိစီးမှုအဆင့် ပြောင်းလဲမှု မရှိတာကို လေ့လာတွေ့ရှိရပါတယ်။ အမျိုးသမီးတွေက အရာရာကို ကိုယ်ချင်းစာနာစိတ်နဲ့ တွေးတောခံစားတတ်တာကြောင့် စိတ်ဖိစီးမှုအဆင့်တိုးမြင့်ရတယ်လို့ လေ့လာသူ
တွေက မှတ်ချက်ပြုထားပါတယ်။ ဒါကြာင့် သင့်စိတ်ဖိစီးမှုအဆင့် တိုးမြင့်မှုမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ သတင်းဆိုးတွေကို မဖတ်ပါနဲ့။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်တာ၊ ထရစ်ပတိုဖန်ပါတဲ့ အစားအသောက်တွေ (ကြက်သား၊ ပဲပိစပ်၊ တူနာငါး၊ ငါး၊ ကြက်ဆင်သား အစရှိသဖြင့်)ကို စားတာတို့ လုပ်ဆောင်ပြီး စိတ်ဖိစီးမှုအဆင့်ကို
လျှော့ချသင့်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...