30 April, 2013

လမ်းလျှောက်စအရွယ် သင့်ကလေးငယ်အတွက် အဓိကအာဟာရ


အသက်တစ်နှစ်ကျော်ပြီးချိန်မှာ ကလေးတွေဟာ မိသားစုဝင်အားလုံးအတွက် ပြင်ဆင်ထားတဲ့ ဟင်းလျာ အများစုကို စားသောက်နိုင်လာပါပြီ။ ဒါပေမယ့် လူကြီးတွေလိုတော့ စားသောက်နိုင်ဦးမှာ မဟုတ်ပါဘူး။ စွမ်းအင်လိုအပ်ချက်မြင့်မားပေမယ့် အစာအိမ်က သေးငယ်နေတာကြောင့် တစ်နေ့မှာ ထမင်း၊ ဟင်း အနည်းငယ် ခြောက်ကြိမ်ခန့်နဲ့ သရေစာခြောက်ကြိမ်ခန့် ခွဲကျွေးဖို့လိုပါတယ်။ ထမင်း၊ ဟင်းကျွေးခါနီးနဲ့
ကျွေးနေတဲ့အချိန်မှာ သရေစာမကျွေးပါနဲ့၊ ထမင်း၊ ဟင်းကျွေးပြီး အချိန်တစ်နာရီလောက်ကြာမှ သရေစာ
ကျွေးပါ။ ဒီအရွယ်ကလေးတွေအတွက် အစားအသောက်ပုံစံ မျိုးစုံကျွေးဖို့လိုအပ်နေပါတယ်။


(၁) ပေါင်မုန့်၊ ကွေကာ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ထမင်းစတဲ့ ကစီဓာတ်တွေက ကလေးငယ်တွေ အတွက် အဓိက လိုအပ်တဲ့ အာဟာရပါ။

(၂) အသား၊ ငါး၊ နို့၊ ပဲနို့၊ ဥအမျိုးမျိုး၊ ပဲ အမျိုးမျိုးစတဲ့ အသားဓာတ်ပေါကြွယ်ဝတဲ့ အာဟာရကိုလည်း ကျွေး ဖို့လိုပါတယ်။

(၃) နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေမှာလည်း ကယ်လိုရီ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ပါဝင်နေပါတယ်။ အသက်
နှစ်နှစ်နဲ့ ကိုးနှစ်ကြားအရွယ်ကလေးငယ်တွေကို တစ်နေ့မှာ ဒိန်ခဲ၊ ဒိန်ချဉ်၊ နို့နဲ့ နို့ထွက်ပစ္စည်းပါတဲ့ အာဟာရ ကိုနှစ်ကြိမ်မှ သုံးကြိမ်အထိ ကျွေးနိုင်ပါတယ်။

(၄) ကလေးငယ်ကို အစားအသောက် ကျွေးတဲ့အခါ ဆီကြော်စာနဲ့ အဆီအဆိမ့်များတဲ့ အစာထက်
ပြုတ်ထားတဲ့အစာ၊ ပေါင်းထားတဲည အစာတွေကို အဓိကဦးစားပေးပြီး ကျွေးသင့်ပါတယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...