03 May, 2013

ဖျော်ရည်ဖျော်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်စေရန်


သစ်သီးတွေကို ဖျော်ရည် ဖျော်သောက်တာက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် သကြားအများ အပြား၊ အဆီ၊ အချိုတုစတာတွေကို သုံးတာကြောင့် ခါးအတိုင်းအတာကို တုတ်လာစေပါတယ်။

ရေခဲများများထည့်ပါ

ကျန်းမာရေးမဂ္ဂဇင်းရဲ့ လေ့လာမှုအရ ရေခဲများများ ထည့်ထားတဲ့ သစ်သီးဖျော်ရည် အပြည့်သောက်တဲ့ သူတွေထက်ပိုပြီး သွယ်လျစေတယ်လို့ သိရပါတယ်။ အကြောင်းကတော့ ရေခဲဟာ ကယ်လိုရီများတဲ့ ပါဝင်ပစ္စည်းတွေနေရာမှာ အစားထိုးဝင်ရောက်သွားလို့ပါ။

အဆီမပါသော နို့နှင့် နို့ထွက်ပစ္စည်းထည့်ပါ

ကယ်လိုရီများတဲ့ ဖျော်ရည်တွေက အဆီအပြည့်ပါတဲ့ ခရင်မ်၊ ဒိန်ချဉ်နဲ့ ဒိန်ခဲတွေကို အသုံးပြုထားပါတယ်။ အဆီမပါတဲ့ ဒိန်ချဉ်နဲ့ မလိုင်ထုတ်ထားတဲ့ ဒိန်ခဲပျော့တွေက ကယ်လိုရီအပိုမပါစေဘဲ မရိုတင်းဓာတ်ရရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။

သစ်သီးထည့်ပါ

သစ်သီးဖျော်ရည်ဖျော်တဲ့အခါ သစ်သီးအနံ့ပါတဲ့ အဆင်သင့်အရည်တွေနဲ့ ဖျော်မယ့်အစား သစ်သီးတွေကို စိတ်ပြီးထည့်ပါ။ သစ်သီးမှာ အမျှင်ဓာတ်အများအပြားပါဝင်တာကြောင့် ကြာကြာဗိုက်ပြည့်စေပြီး ဆာလောင် မှုကိုထိန်းထားနိုင်ပါတယ်။ ငှက်ပျောသီး၊ စတော်ဘယ်ရီသီး၊ ပန်းသီး၊ သစ်တော်သီး၊ နာနတ်သီး၊ ထောပတ် သီး စတဲ့ သစ်သီးစိတ်တွေကို အသုံးပြုပြီး ဖျော်ရည်ဖျော်ကြည့်ပါ။

ဟင်းသီးဟင်းရွက်လဲထည့်ပါ

အစိမ်းရောင်ဖျော်ရည်ကို သဘောကျရင် ကိုက်လန်၊ ဟင်းနုနယ်ရွက် စတာတွေကိုလည်း ဖျော်ရည် အဖြစ် ဖျော်သောက်နိုင်ပါတယ်။

အိုမီဂါ ၃ ဖက်တီးအက်စစ်ပါသော အစာထည့်ပါ

နှမ်းမည်းစေ့တစ်ဇွန်းလောက်ကို ထည့်သောက်တာကြောင့် ရောင်ရမ်းမှုကိုတွန်းလှန်ပေးနိုင်တဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို ရရှိစေသလို အမျှင်ဓာတ်လည်းရရှိစေပါတယ်။

ကောင်းသော အဆီထည့်ပါ

မပြည့်ဝဆီ (ဥပမာ- ထောင်ပတ်သီးအနည်းငယ်)ကို ထည့်ပြီး ဖျော်တာကြောင့် ဗိုက်ပြည့်စေပါတယ်။

သကြားအပိုမပါဘဲ ချိုမြိန်ပါစေ

သင်ဖျော်တဲ့ ဖျော်ရည်က အရသာမချိုမြိန်လွန်းဘူးဆိုရင် သကြားကို ထပ်မထည့်ပါနဲ့။ နွားနို့ထည့်ပြီး ချိုမြိန် ပါစေ။ ပျားရည်တစ်ဇွန်း၊ နှစ်ဇွန်းလောက်လည်း ထည့်ပေးပါ။

ကြယ်စင်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...