04 May, 2013

သွေးတိုးခြင်းကို ထိန်းချုပ်နိုင်မည့် နည်းလမ်း ၁၀


သွေးတိုးတဲ့အခါ ခံစားရတတ်တဲ့ လက္ခဏာတွေကတော့ ထိတ်လန့်တာ၊ ပူပင်သောကများတာ၊ ရင်တုန်တာ၊
ခေါင်းကိုက်တာ၊ နှာခေါင်းသွေးယိုတာ၊ ဦးနှောက်ထိခိုက်တာ၊ နှလုံးဝေဒနာ၊ အသက်ရှူမ၀တာနဲ့ ခေါင်းမူးပြီး သတိလစ်တာစတာတွေဖြစ်ကြပါတယ်။ ဒီလို လက္ခဏာတွေကို ထိန်းချုပ်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

၁) သင့်သွေးဖိအားကို 140/90 mm Hg အောက်မှာပဲထားပါ။ အပေါ်သွေးဖိအားက 140 ကျော်တယ်ဆို ရင် အဲဒီသွေးဖိအားကို လျှော့ချနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်နေပါပြီ။

၂) ဆရာဝန်ညွှန်ကြားထားတဲ့ သွေးတိုးကျဆေးကို နေ့စဉ်မှန်မှန်သောက်ပါ။

၃) ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့အနေအထားမှာ ထားပါ။ သင်က ကိုယ်အလေးချိန်များ
နေရင် ဒါမှမဟုတ် အ၀လွန်နေရင် အပိုကိုယ်အလေးချိန်တွေက သွေးဖိအားမြင့်တက်စေတဲ့ အန္တရာယ်ကို တိုးမြင့်စေပါတယ်။ ကိုယ်အလေးချိန်ကို BMI အရပုံမှန်အတိုင်းအတာထားနိုင်ရင် အကောင်းဆုံးပါ။ ဒါမှ မဟုတ် ခါးကို တိုင်းပါ။ ခါးအတိုင်းအတာက အမျိုးသမီး ၃၅ လက်မကျော်ရင်၊ အမျိုးသား ၄၀ လက်မကျော် ရင် ခါးတုတ်ကာ ဗိုက်ပူနေပါပြီ။ ဒါဆိုရင် ကိုယ်အလေးချိန်ထိန်းဖို့လိုပါတယ်။

၎) ကိုယ်လက်လှုပ်ရှားမှုကို တိုးမြှင့်လုပ်ဆောင်ပါ။ လမ်းလျှောက်တာလို အသင့်အတင့် လှုပ်ရှားမှုကို တစ်
နေ့ မိနစ် ၃၀ လုပ်ဆောင်ပေးပါ။ တစ်ကြိမ်တည်း အချိန်မပေးနိုင်ရင် ၁၀ မိနစ်သုံးကြိမ်လုပ်ဆောင်နိုင်ပါ တယ်။

၅) ဆားနဲ့ ဆိုဒီယမ်နည်းပါးတဲ့ အစာကို ရွေးချယ်စားသုံးပါ။ တစ်နေ့မှာ ဆား ၂ ဒသမ ၄ ဂရမ်ထက်ပိုမစား သင့်ပါ။ ဆားခြောက်ဂရမ်ဟာ လက်ဖက်စားဇွန်းတစ်ဇွန်းစာ ပမာဏနဲ့ ညီမျှနေပါတယ်။ သွေးတိုးနေရင် ဆားကို လျှော့စားသင့်ပါတယ်။

၆) အဆင်သင့်အစာတွေကို မ၀ယ်ယူခင် အာဟာရတန်ဖိုးကို ဖတ်ပါ။ အဆင်သင့်ထုပ်ပိုးထားတဲ့ အစာအား လုံးနီးပါးမှာ ဆိုဒီယမ်များများ ပါဝင်တတ်လို့ပါ။

၇) ဆိုဒီယမ်နဲ့ ပတ်သက်ပြီး မှတ်ထားပါ။ ဆိုလိုတာက တစ်နေ့တာ သင်စားခဲ့တဲ့ ဆိုဒီယမ် ပမာဏကို တွက် ချက်ကြည့်ပါ။ များလွန်းနေရင် တချို့အစာ (ဆိုဒီယမ် ပါဝင်မှု မြင့်မားတဲ့အစာ) တွေကို ရှောင်သင့်ပါတယ်။

၈) အိမ်မှာ ပြင်ဆင်တဲ့အစာတွေဆိုရင် ဆားအစား ဟင်းခတ်အမွှေးအကြိုင်တွေ၊ ဆေးဖက်ဝင်အပင်တွေ ထည့်ပြီး အရသာရှိအောင် ပြင်ဆင်စားသုံးပါ။

၉) သစ်သီဝလံ၊ ဟင်းသီးဟင်းရွက်၊ ကောင်နှံစာ၊ အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း စတာတွေကို များများ စားပါ။

၁၀) အယ်လ်ကိုဟောကို တတ်နိုင်သမျှရှောင်ပါ။ လုံးဝမရှောင်နိုင်သူဖြစ်ပါက အသင့်အတင့် ပမာဏပဲ
သောက်သင့်ပါတယ်။ ဆေးလိပ်မသောက်ပါနဲ့။

ကြယ်စင်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...