30 August, 2013

လူ့ခန္ဓာကိုယ်အကြောင်း အံ့အားသင့်ဖွယ်ရာ အချက်များ



♦ မျက်လုံးဖွင့်ပြီး နှာမချေနိုင်ပါဘူး။

♦ မျက်ခုံးတစ်ဖက်မှာ အမွေး ၅ဝဝ ရှိပါတယ်။

♦ အရိုးတွေက ကွန်ကရစ်ထက် လေးဆ ပိုသန်မာပါတယ်။

♦ လျှာဟာ လူ့ခန္ဓာကိုယ်မှာ အသန်စွမ်းဆုံး ကြွက်သားတွေပါ။

♦ ကလေးတွေမှာ လူကြီးတွေထက် အရသာခံအဖုပိုရှိပါတယ်။



♦ ကလေးတွေက ဆောင်းဦးရာသီမှာ ကြီးထွားနှုန်းပိုမြန်ပါ တယ်။

♦ သင့်အရပ်ဟာ ညဘက်မှာထက် မနက်ခင်းမှာပိုရှည်နေပါတယ်။

♦ မျက်တောင်တွေဟာ ၁၅ဝ ရက်ကြာရင် သက်တမ်းကုန်ပါတယ်။

 ♦ လူ့ဦးခေါင်းခွံကို မတူညီတဲ့ အရိုး ၂၆ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်။

♦ အရသာခံအဖုရဲ့ သက်တမ်းက ပျမ်းမျှအားဖြင့် ၁ဝ ရက်ပဲ ရှိပါတယ်။

♦ နှာချေလိုက်တဲ့အခါ လေဟာတစ်နာရီ ၁ဝဝ မိုင်နှုန်းနဲ့ ပျံ့နှံ့သွားပါတယ်။

♦ ပျမ်းမျှအားဖြင့် လူ့ခန္ဓာကိုယ်မှာ နာ့ဗ်ဆဲလ် ၁ဝဝ ဘီလျံလောက် ရှိပါ တယ်။

♦ ဆံပင်တွေက လက်သည်းမှာရှိတဲ့ တူညီတဲ့ ဓာတ်တွေနဲ့ ဖွဲ့စည်းထား ပါတယ်။

♦ သွေးထဲမှာရှိတဲ့ ဆားပမာဏနဲ့ ပင်လယ်ထဲမှာရှိတဲ့ ဆားပမာဏ အ တူတူပါပဲ။

♦ နှာချေလိုက်တဲ့အခါ လူ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့လုပ်ငန်းဆောင်တာ ရပ်သွားပါတယ်။

♦ ယေဘုယျအားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ခြောက်ကြိမ် ဆီးသွားလေ့ရှိပါတယ်။

♦ အစာတွေက ပါးစပ်ကနေ အစာအိမ်ဆီသို့ရောက်ရှိဖို့ အချိန် ခုနစ်စက္ကန့်ကြာပါတယ်။

♦ တစ်နေ့မှာ နှလုံးဟာ ခန္ဓာကိုယ်ထဲမှာ အကြိမ် ၁ဝဝဝ ခန့်သွေးလှည့်ပတ်မှု ရှိပါတယ်။

♦ လူတွေဟာ ခုံညင်းမပါဘဲ မွေးလာပြီး အသက် ၂-၆ နှစ်အရွယ်ထိတိုင်အောင် မထွက်လာသေးပါဘူး။

♦ မွေးဖွားချိန်မှာ အရိုး ၃ဝဝ ခန့်ရှိပေမယ့် အရွယ်ရောက်လာချိန်မှာ အရိုးတွေက ၂ဝ၆ ချောင်းပဲရှိပါတယ်။

♦ မျက်စိတွေက ဘဝတစ်လျှောက်လုံး အရွယ်အစားတစ်မျိုးတည်းပဲ ဖြစ်ပေမယ့် နားရွက်နဲ့ နှာခေါင်းတွေက
တော့ ဘယ်တော့မှ ကြီးထွားမှု မရပ်သွားပါဘူး။

♦ အမျိုးသားတွေက တစ်နေ့ဆံပင် အချောင်းရေ ၄ဝ ကျွတ်ပြီး အမျိုးသမီးတွေက တစ်နေ့ ဆံပင်အချောင်း
ရေ ၇ဝ ကျွတ်တတ်ပါတယ်။
 
ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...