26 August, 2013

ပတ်ဝန်းကျင်ကို ပုံမှန်ကူညီလေ့ရှိသူများ အရွယ်မတိုင်မီ သေဆုံးနိုင်ခြေ ၂ဝ ရာခိုင်နှုန်းလျော့နည်း


          လူမှုရေး အသိစိတ်ရှိကာ ကူညီတတ်သူများသည် ကျန်းမာရေးပိုမို ကောင်းမွန်ပြီး အသက်ရှည်ရှည်
နေရကြောင်း သိပ္ပံနည်းကျလေ့လာမှုအရသိရသည်။


          နိုင်ငံတကာ လေ့လာမှု ၄ဝ အရ အခြားသူတို့အား ကူညီတတ်သူတို့သည် စိတ်ကျန်းမာရေးကောင်း မွန်ခြင်း၊ စိတ်ဓာတ်ကျမှု လျော့နည်းခြင်းနှင့် မိမိဘဝအပေါ်စိတ်ကျေနပ်မှု အပြည့်ရှိခြင်းတို့ ခံစားရတတ်ကာ မကူညီတတ်သူတို့နှင့်ယှဉ်လျှင် အရွယ်မတိုင်မီသေဆုံးနိုင်ခြေ ၂ဝ ရာခိုင်နှုန်းလျော့နည်းကြောင်းသိရသည်။

          ကျန်းမာရေးပိုကောင်းသူတို့သည် သူတစ်ပါးအားကူညီရန် အချိန်နှင့်စွမ်းအင် ပိုရှိခြင်းကြောင့်လော သို့မဟုတ် သူတစ်ပါးကို ကူညီခြင်းဖြင့် ကျန်းမာရေးကို တကယ်ကောင်းစေသည်လော ဆိုသည်ကိုမူ သိပ္ပံ ပညာရှင်တို့က မသေချာသေးကြောင်း ရှင်းပြထားသည်။

          ''စေတနာ့ဝန်ထမ်းလုပ်တာက ကျန်းမာရေးကောင်းမွန်တိုးတက်စေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေ မယ့် ဘာကြောင့် ကျန်းမာရေး ပိုကောင်းရသလဲဆိုတာ ဆက်လေ့လာဖို့လိုသေးတယ်'' ဟု လေ့လာမှုခေါင်း
ဆောင် ဒေါက်တာရစ်ချာ့ဒ်က ရှင်းပြထားသည်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...