26 August, 2013

ရတနာလေးအတွက် ကြိုတင်ပြင်ဆင်မှု


လူနာကုန်သွားပြီအထင်နဲ့ ဆေးခန်းပိတ်ဖို့ ပြင်နေခိုက် ဆေးခန်းထဲကို ကောင်မလေးနှစ်ယောက်ဝင်လာကြ ပါတယ်။
             ''ဒေါက်တာ သမီးကို မှတ်မိလား.... သမီးက အရင်တစ်ပတ်က ဒေါက်တာ့ဆီကို မိုးနွယ်တို့နဲ့ လာပြခဲ့တာလေ.... ခိုင်လေးပါ..''
             ''သြော်.... မှတ်မိပါပြီကွယ်.... အခုကော ဘာကိစ္စများ ရှိလို့လဲ သမီး''


ခိုင်လေးက သူနဲ့ အတူပါလာတဲ့ကောင်မလေး ဘက်လှည့်ကြည့်ပြီး -
             ''အခုတစ်ခေါက်က သမီးသူငယ်ချင်း ဖြူဖွေးကြောင့်လာခဲ့တာပါ ဒေါက်တာ.... ဒီလိုပါ ဒေါက်တာ
ဖြူဖွေးကလွန်ခဲ့တဲ့ လကပဲ သူ့ချစ်သူနဲ့ ခိုးရာလိုက်ပြေးခဲ့တယ်လေ..သူတို့က အခုမှတက္ကသိုလ်တက်တုန်းဆို
တော့ မိဘတွေက အိမ်ထောင်ပြုဖို့ စောသေးတယ်လို့ပြောနေတဲ့ကြားက ခိုးရာ လိုက်ပြေးခဲ့တော့ မိဘတွေ က ပြန်မခေါ်သေးဘူး....
အဲဒါ သူတို့က ကိုယ်ဝန်မရအောင်လည်းတားဆီးတာတွေ မလုပ်ခဲ့မိဘူးတဲ့ ဒေါက်တာ.. သူတို့နှစ်ယောက် စလုံးက သားသမီးရလာရင် မိဘတွေ စိတ်ပြေသွားမှာပဲဆိုပြီး ကိုယ်ဝန်ရချင်လည်း ရပါစေဆိုပြီး သဘော မျိုးထားနေတယ်တဲ့..အဲဒါကိုယ်ဝန်မဆောင်ခင် ကိုယ့်ကိုယ်ကိုယ်ဘယ်လို ဂရုစိုက်ရမယ်ဆိုတာမျိုး ရှိလား
လို့ ဖြူဖွေးက သိချင်တယ်ဆိုတာနဲ့ ဒေါက်တာ့ဆီကို ခေါ်လာတာပါ''

 ♣ ♣ ♣ ♣ ♣ ♣ ♣ ♣

ဒေါက်တာနီလာလည်း နုနယ်ပြီးချစ်စဖွယ်ကောင်းတဲ့ ဖြူဖွေးကို ငေးကြည့်ရင်း သက်ပြင်းသဲ့သဲ့ ချမိတယ်။
             ''အခုလို လာမေးတာ ကောင်းတာပေါ့ သမီးရယ်..သမီးတို့ အရွယ်လေးတွေအများစုက မတော် တဆ ကိုယ်ဝန်ရှိပြီး မွေးခါနီးမှ ဆရာဝန်ဆီ ဗိုက်လာအပ်ကြတာ များကြတယ်လေ..ဒါနဲ့သမီးတို့လက်မှတ် ထိုးတာတွေ ဘာတွေရော လုပ်ပြီးကြပြီလား''
             ''ဟုတ်ကဲ့ ရုံးတက်ပြီး လက်မှတ် ထိုးထားပါတယ် ဒေါက်တာ''
ဖြုဖွေးက ခေါင်းငုံ့ရင်း ခပ်တိုးတိုးပြန်ဖြေပါတယ်။
             ''ကိုယ်ဝန်အတွက် စတင်ပြင်ဆင်ရမှာက နှစ်ပိုင်း ရှိပါတယ်။ တစ်ပိုင်းက ခန္ဓာကိုယ်ကျန်းမာရေး အတွက်၊ နောက်တစ်ပိုင်းက စိတ်ကျန်းမာရေးအတွက်..အဓိကအနေနဲ့ ကိုယ်ဝန်ဆောင်ကလေးမွေးမယ့် မိ ခင်ကော ကျွေးမွေးစောင့်ရှောက်မယ့် ဖခင်ကော သားသမီးလေးတွေကိုမေတ္တာအစစ်အမှန်ပုံအောပြီး တစ် သက်တာလုံး ပြုစုစောင့်ရှောက်နိုင်တဲ့ ရုပ်ပိုင်းနဲ့စိတ်ပိုင်း ခွန်အား ရှိနေဖို့ လိုသလို အမှန်တကယ် ချစ်ခင်ပြု စုနေချင်စိတ်ရှိဖို့လည်းလိုအပ်တယ် သမီး ..ကိုးလလွယ်ဆယ်လဖွားရမယ့် ကိစ္စက မလွယ်သလိုပဲ မွေးပြီး
ချိန်ကစပြီး အရွယ်ရောက်တဲ့အထိ လူတန်းစေ့နေနိုင်အောင်၊ ကျန်းမာပြီး ဥာဏ်ရည်ကောင်းမွန်အောင် ပြု စုစောင့်ရှောက်ဖို့ကလည်း ခက်ခဲတယ်လေ..မေတ္တာတရားနဲ့ ခွန်အားရှိမှ ဒီအခက်အခဲတွေကို အပြုံးမပျက်
ကျော်လွှားနိုင်မှာ''
              ''ဟုတ်ကဲ့..မောင်ရော ဖြူဖွေးရောကလေးချစ်တတ်ပါတယ် ဒေါက်တာ၊ နှစ်ယောက်စလုံးက ကလေးကို ပြုစုစောင့်ရှောက်ချင်စိတ် ရှိပါတယ်''

 ♣ ♣ ♣ ♣ ♣ ♣ ♣ ♣

              ''အင်း... ဟုတ်ပါပြီ . . .ဒါဆိုကိုယ်ဝန်ဆောင်မယ့် မိခင်လောင်းကအစားအသောက်ကို အာဟာ ရပြည့်ဝအောင် စားသောက်ပေးရမယ်။ ဆေးဝါးအနေနဲ့ ဖောလစ်အက်စစ်ကို တစ်နေ့ ၄ဝဝ မိုက်ခရိုဂရမ် မှီ ဝဲပေးရမယ်..ဖောလစ်အက်စစ်ကို ပုံမှန်မှီဝဲတာကြောင့် မွေးရာပါချို့ယွင်းချက်တွေမပါအောင် ကာကွယ်ပေး နိုင်တယ်လို့ သုတေသနတွေက အခိုင်အမာဆိုထားပြီးသား..''
               ''ဖောလစ်အက်စစ်ကို ဘယ်အချိန်စသောက်ရမလဲ ဒေါက်တာ''
               ''ကိုယ်ဝန်စယူမယ်လို့ ဆုံးဖြတ်လိုက်တဲ့နေ့ကစပြီး သောက်ရမယ်.. ကိုယ်ဝန်သုံးလအထိ သေ ချာသောက်ရင် မွေးရာပါချို့ယွင်းချက်မပါအောင်ကာကွယ်နိုင်တယ်.. ပြီးတော့ လိုအပ်တဲ့ ကာကွယ်ဆေး
တွေ ထိုးနှံရမယ်.. ဆေးလိပ်မသောက်ရဘူး..ဆေးလိပ်ငွေ့ကို ရှောင်ရမယ်..သမီးခင်ပွန်းက ဆေးလိပ်
သောက်တတ်ရင် ရှောင်ခိုင်းရမယ်..''
               ''ဆေးလိပ်တော့ မသောက်တတ်ပါဘူး ဒေါက်တာ''
               '' ဆေးလိပ်မသောက်တတ်တာ အရမ်း ကောင်းတယ်..နောက်ထပ် အရေးကြီးတာက သမီးအ
နေနဲ့ နာတာရှည်ရောဂါ ရှိသလား၊ ကျန်းမာရေးကောင်းရဲ့လား ဆိုတာ စစ်ဆေးရမယ်.. ကိုယ်ဝန်ဆောင် မယ့်သူက သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါစတဲ့ နာတာရှည်ရောဂါတွေ ရှိ၊ မရှိ၊ HIV ပိုး၊ ကာလသားရောဂါ၊ အ
သည်းရောင် အသားဝါပိုးတွေ ရှိ၊ မရှိ သေချာစစ်ဆေးရမယ်။ ဒါမှ ကြိုတင်ကာကွယ်သင့်တာ ကာကွယ်နိုင် မယ်၊ ကုသသင့်တာကို ကုသထားနိုင်မယ်.. ပြီးတော့ နေ့စဉ် နာရီဝက်လောက်လေ့ကျင့်ခန်း လုပ်ပေးရ မယ်..ဒါမှ သမီးရဲ့ ကလေးကို ရှောရှောရှုရှု မွေးဖွားနိုင်မယ်''
               ''သမီး ဒီအချက်တွေကို လိုက်နာနိုင်ပါတယ် ဒေါက်တာ.. အခုကစပြီးသမီး လိုအပ်တဲ့ ကျန်းမာ
ရေးစစ်ဆေးမှုတွေကိုလည်း လုပ်ပါ့မယ်..ဆေးတွေလည်း သောက်ပါ့မယ်..လိုအပ်တာကိုသာ ညွှန်ကြားပါ
ဒေါက်တာ..''

★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...