26 August, 2013

မိုးရာသီ ကျန်းမာရေးလမ်းညွှန်


မိုးရာသီမှာ အေးမြတဲ့ မိုးရေစက်တွေကို အံတုရင်း ကျန်းမာလန်းဆန်းနေစေဖို့ လိုက်နာသင့်တဲ့အချက်တွေ ကို ရေးသားလိုက်ရပါတယ်။



(၁) အာဟာရပြည့်ဝစွာ စားသောက်ပါ


မိုးရာသီမှာ စားသောက်တဲ့အစာတိုင်း အာဟာရမျှမျှတပါဝင်ဖို့ လိုအပ်ပါ တယ်။ ရာသီပေါ်သီးနှံတွေကို များများစားပေးပါ။ အစားအစာထဲ သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေကို များများထည့်စားပေးပါက အသားအရေနဲ့ ဆံကေသာအတွက် အကျိုးရှိတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိစေ
နိုင်ပါတယ်။ နံနက်စာ၊ နေ့လည်စာနဲ့ ညစာစားတိုင်း ပရိုင်တင်း၊ အခွံချွတ် မထားတဲ့ ကောက်နှံစာ (ဆန်လုံးညို၊ အညိုရောင်ပေါင်မုန့်ညို) စတာတွေ ကိုလည်း စားပေးဖို့မမေ့ပါနဲ့။



 

 (၂) လေ့ကျင့်ခန်း လုပ်ပါ


မိုးရွာနေရင် အိမ်ထဲမှာပဲ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ ကခုန်တာ၊
ယောဂကျင့်တာစတဲ့ လှုပ်ရှားမှုတွေကို ချွေးထွက်အောင် လုပ်ဆောင် တာက သင့်အသားအရေကို ကြည်လင်လှပစေပါတယ်။ လေ့ကျင့်ခန်း လုပ်တာကြောင့် စိန်ခံစားချက်ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းတွေ ထွက်ရှိလာစေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးကာ ပျော်ရွှင်ကြည်နူး လာစေပါတယ်။ နံနက်တိုင်း ၁၀ မိနစ်ခန့် ယောဂကျင့်တာက ခန္ဓာကိုယ် တစ်ခုလုံး အနှံ့ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး ကျန်းမာသက်ရှည်
စေပါတယ်။


 

(၃) သစ်သီးဖျော်ရည်သောက်ပါ


မိုးတွင်းမှာ ရာသီပေါ် သီးနုံတွေကို ဖျော်ရည်ဖျော်သောက်တာ၊ ရေ များများသောက်တာတွေကို လုပ်ဆောင်ပေးပါက အသားအရေကို သန့်စင်ကြည်လင်စေပါတယ်။






(၄) ကြွက်သားဖြေလျှော့ပါ


ခြေထောက်ကြွက်သားတွေ ကစပြီး ဖြေလျှော့တဲ့နည်းကိုလုပ်
ဆောင်ပါ။ ခြေထောက်ကနေ ပေါင်၊ တင်ပါး၊ ၀မ်းဗိုက်၊ လက်
မောင်း၊ လည်ပင်းနဲ့ မျက်နှာကြွက်သားတွေကို တဖြည်းဖြည်း တိုးလာပြီး ကြွက်သားဖြေလျှော့ပေးသင့်ပါတယ်။ ဒီလိုလုပ် ရင်း တေးသီချင်း နားထောင်ပေးတာက ခန္ဓာကိုယ် တစ်ခုလုံး ကို အပန်းဖြေစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။



 

(၅) အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ


အသက်ရှူလေ့ကျင့်ခန်းလုပ်တာကလည်း အရေးကြီးပါတယ်။ နှာခေါင်း က တစ်ဆင့် အသက်၀၀ရှူပြီး ၀မ်းဗိုက်အပြည့်လေတွေ ၀င်ရောက်ပါစေ။ ပြီးရင် လေတွေကို ပါးစပ်မှ ပြန်ထ်ုလိုက်ပါ။ အသက်ပြင်းပြင်းရှူတာက စိတ်ဖိစီးမှုကို ပြေလျော့စေတဲ့ နည်းဖြစ်ပါတယ်။ စိတ်ဖိစီးမှုကင်းရင် အသားအရကို ကြည်လင်လှပစေပါတယ်။





(၆) အိပ်ရေး၀၀ အိပ်စက်အနားယူပါ


အိပ်ရေး၀၀ အိပ်စက်အနားယူတာက အသားအရေကို လှပ
စေပါတယ်။ အိပ်ရာမ၀င်ခင် နှာနာရီအတွင်း ထမင်းလို Heavy Meal ကို မစာပါနဲ့။ အိပ်ရာမ၀င်ခင် တစ်နာရီ အတွင်း ကော်ဖီကိုလည်း မသောက်ပါနဲ့။ ညဘက်မှာ အိပ်ရေး၀၀ အိပ်ပျော်ဖို့ ခက်ရင် အပန်းဖြေ အနားယူတဲ့ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။


★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...