28 August, 2013

ဆံပင်သားအား တောက်ပစေမည့် ဆံပင်လိမ်းဆီများ


ဆံကေသာ သန်စွမ်းတောက်ပြောင်ဖို့အတွက် ဦးရေပြားကို နှိပ်နယ်တာ၊ ဆံပင်ပေါင်းတင်တာ၊ ကွန်ဒီရှင်နာ လိမ်းတာတို့ကို လိုက်နာဖို့ ဆံပင်ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ ဒါ့အပြင် ဆံကေသာလှပဖို့ အ တွက် ဆံပင်သားအမျိုးအစားပေါ်မူတည်ပြီး ဆံပင်လိမ်းဆီတွေကိုရွေးချယ်အသုံးပြုတတ်ဖို့ အရေးကြီးပါ တယ်။


ဂျိုဂျိုးဘားဆီ (Jojoba Oil)


ကြမ်းတမ်းပျက်စီးနေတဲ့ ဆံပင်သားအတွက် သင့်တော်တဲ့ အဆီပါ။ ဂျိုဂျိုးဘားအဆီကို လိမ်းပေးရင် ဆံကေ သာကိုပျော့ပျောင်းနူးညံ့စေပြီး ရှုပ်ထွေးမှု ကင်းစေပါတယ်။

သံလွင်ဆီ (Olive Oil)


ဆံပင်သားအမျိုးအစား အမျိုးမျိုးအတွက် သင့်တော်တဲ့ အဆီပါ။ သံလွင်ဆီ လိမ်းတာကြောင့် ဆံပင်သားကို သန်စွမ်းစေပြီး ဆံပင်သားကို ထူထဲလှပစေပါတယ်။

အုန်းဆီ  (Coconut Oil)


အုန်းဆီမှာ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ်တို့လိုအာဟာရဓာတ်တွေ အပြည့်အဝပါဝင်ပါတယ်။ အုန်းဆီက ကြမ်းတမ်းခြောက်သွေ့နေတဲ့ ဆံပင်သားကို အားဖြည့်သန်စွမ်းစေတဲ့အပြင် ဆံပင်သားကို စိုပြည်
တောက်ပစေပါတယ်။

ရို့စ်မေရီဆီ (Rosemary Oil)


ဗောက်ရှိတဲ့ ဆံပင်သားတွေအတွက်အသုံးဝင်ပါတယ်။ ရို့စ်မေရီဆီဟာ ဦးရေပြားကို ကြည်လင်သန့်ရှင်းစေ ပါတယ်။

ပက်ပါးမင့်ဆီ (Peppermint Oil)


ပက်ပါးမင့်ဆီဟာ ခြောက်သွေ့နေတဲ့ဆံပင်သားကို အစိုဓာတ်ဖြည့်တင်းပေးနိုင်တဲ့အပြင် ဆံပင်သားကို သန် စွမ်းစေပါတယ်။

မက်မွန်သီးဆီ (Almond oil)


မက်မွန်သီးဆီမှာ ဗီတာမင်အီးအပြည့်အဝပါဝင်တဲ့အပြင် ရနံ့သင်းပျံ့ပါတယ်။ မက်မွန်သီးဆီဟာ ကွန်ဒီရှင် နာလို အသုံးဝင်တာကြောင့် ဆံပင်သားကိုကောင်းကောင်း ချောမွေ့လှပစေကာ ဆံပင်မကျွတ်အောင်ကာ ကွယ်ပေးပါတယ်။ 

★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...