30 August, 2013

လူသုံးမများသော သင့်ကို ပျော်ရွှင် ကြည်နူးမှု ရရှိစေမည့်နည်းများ


တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ကြိုက်နှစ်သက်တဲ့ အစားအစာတွေကို စားတာတွေဟာ ပျော်ရွှင်
စေ တဲ့အချက်တွေလို့ လူသိများကြပေမယ့် လူသိမများဘဲ သင့်ကို ပျော်ရွှင်ကြည်နူးမှုဖြစ်စေနိုင်တဲ့နည်းတွေ လည်း ရှိနေပါတယ်။

နားရွက်ကို ပွတ်သပ်ပါ


နားရွက်ရဲ့ ဖိအားဖြစ်စေတဲ့ အမှတ်တွေကို လှုံ့ဆော်တဲ့ အနေနဲ့ ပွတ်သပ်ပေးတာက ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီး (ခြေထောက်၊ ဆီးအိတ်၊ လေပြွန်) စတာတွေနဲ့ ဆက်စပ်မှု ရှိပြီး အဆိုးမြင်တဲ့ စိတ်ခံစားချက်ကို
လျော့ပါးစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ စိတ်ဓာတ်ကျတာ၊ စိတ်ကသိကအောက်ဖြစ်တာတို့
လျော့ပါးစေဖို့ နားရွက်အပြင်ဘက်ကို နှိပ်နယ်ပေးပါ။


ကမ်းခြေတွင်နေ့လယ်စာစားပါ


သင့်အလုပ်စားပွဲမှာ အစာစားရင်ပျော်ရွှင်မှုအဆင့်က နည်းလွန်းပါတယ်။ ပန်းခြံထဲမှာ မုန့်စားတာ၊ စား
သောက်ဆိုင်မှာ ညစာစားတာ၊ အိမ်မှာ ချက်ပြုတ်စားသောက်တာတို့ဟာ ပျော်ရွှင်မှုအဆင့်ကို မြင့်တက်
စေပါတယ်။ တကယ်လို့ပျော်ရွှင်မှုအဆင့် အမြင့်ဆုံးဖြစ်ချင်ရင်ပင်လယ်ကမ်းခြေမှာ နေ့လယ်စာစားပါ။


အိမ်ထောင်ဖက်နှင့်ချစ်ကြည်နူးပါ


လူဦးရေ တစ်သောင်းခွဲကျော်အားလေ့လာတဲ့ ကော်လိုရာဒိုတက္ကသိုလ်ရဲ့လေ့လာမှုအရ တစ်လမှာ ၂-၃ ကြိမ် လိင်ဆက်ဆံမှုရှိသူတွေဟာ ၁၂ လကြာ လိင်ဆက်ဆံမှု မရှိသူတွေထက် ပိုမိုပျော်ရွှင်မှုရှိကြောင်း သိ ရပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက တစ်ပတ်မှာ ၂-၃ ကြိမ်ခန့် ချစ်တင်းနှီးနှောတာက ပျော်ရွှင်မှုအဆင့် ကို တိုးမြင့်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြင့်မားစေတယ်လို့ ဆိုပါတယ်။


မြက်စားအသားကို စားပါ


အမျိုးသမီးဦးရေ ၁ဝဝဝ အား လေ့လာတဲ့ သြစတြေးလျ လေ့လာမှုတစ်ရပ်အရ အနီရောင်အသားစားသုံး တာနဲ့စိတ်ခံစားမှုအကြား ဆက်စပ်မှုကိုလေ့လာခဲ့ပါတယ်။ သတ်မှတ်ထားတဲ့ပမာဏ(တစ်ပတ်မှာ သုံး-လေး ကြိမ်) ထက် အမဲသား၊ သိုးသားကို လျှော့စားတဲ့သူဟာ စိတ်ဓာတ်ကျတာနဲ့ ပူပင်သောက များတဲ့ ဝေဒနာ
ဖြစ်နိုင်ခြေ နှစ်ဆပိုများတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ မြက်စားတဲ့ နွားကရတဲ့အသားဟာ ပရိုတင်း ဓာတ်ပါဝင်မှုများတဲ့အပြင် အိုမီဂါ ၃ ဖက်တီးအက်စစ်လို အဓိကအာဟာရဓာတ် မြင့်မားစွာပါဝင်နေပါတယ်။

 နော်ဝေသို့ သွားလည်ပါ


ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံအဖြစ်သတ်မှတ်ထားတဲ့ နော်ဝေကို သွားလည်ပါ။ နော်ဝေနိုင်ငံသူ၊ နိုင်ငံသား ၉၅ ရာခိုင်နှုန်းဟာ လွတ်လပ်ခွင့်အတွက်စိတ်ကျေနပ်မှုရှိကြကြောင်း၊ ၇၄ ရာခိုင်နှုန်းကတော့လူအများစုဟာ ယုံ ကြည်ထိုက်သူတွေ ဖြစ်တဲ့အတွက် နေပျော်ကြောင်း၊လေ့လာသိရှိရတဲ့အတွက် ဒီအချက်တွေကြောင့်အပျော် ရွှင်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ရတာ ဖြစ်ပါတယ်။


မြေအရောင်းအဝယ် လုပ်ပါ


ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးအလုပ်က ဘာလဲ။ အိမ်ရာမြေအကျိုးဆောင်တွေ ဖြစ်တယ်လို့ စစ်တမ်းတစ်ခု အရသိရပါတယ်။ အလုပ်ဝက်ဘ်ဆိုက်တစ်ခုမှာ လုပ်ငန်းခွင်က လူဦးရေ ခြောက်သောင်း ခွဲကျော်ကို စာရင်း
ကောက်ခံပြီး ရုံးခန်းပတ်ဝန်းကျင်၊ သဘာဝအနေအထားစတဲ့ အချက်တွေပါ လေ့လာခဲ့တဲ့အခါ အိမ်ရာမြေ အကျိုးဆောင်တွေက ပျော်ရွှင်မှု ထိပ်ဆုံး အဆင့်မှာရှိကြောင်းတွေ့ရပါတယ်။


ဗီဒီယိုဂိမ်း ကစားပါ


အသက် ၇၇နှစ်မှာ ဗီဒီယိုဂိမ်း ကစားသူ ၆၇ ရာခိုင်နှုန်းဟာ စိတ်ဓာတ်ကျဝေဒနာ လျော့ကျပြီး စိတ်ခံစားမှုနဲ့ လူမှုရေးလုပ်ငန်းဆောင်တာတွေကို တိုးမြုင့်လုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။

ဇွန် (Ref;RD)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...