28 August, 2013

ကြက်ညှာချောင်းဆိုးရောဂါ

လူအများစုက ကြက်ညှာချောင်းဆိုးရောဂါကို ကလေးတွေမှာပဲ ဖြစ်တယ်လို့ထင်နေပေမယ့် အသက်အရွယ် မရွေးဖြစ်တတ်ပါတယ်။ ချောင်းဆိုးတာကို မထိန်းနိုင်ဖြစ်ရသလို အသက်ရှူရခက်ခဲတဲ့ ဒီရောဂါဟာမွေးကင်း စကလေးတွေမှာဆိုရင် စိုးရိမ်ရပါတယ်။ ကြက်ညှာချောင်းဆိုးကာကွယ်ဆေးကို ၁၉၄ဝပြည့်နှစ်က တည်းက စတင်ထုတ်ခဲ့တဲ့အတွက် ရောဂါဖြစ်နှုန်းကျဆင်းခဲ့ပေမယ့် အခုအခါကြက်ညှာချောင်းဆိုးဖြစ်သူတွေ ကျန်ရှိ
နေပြန်ပါတယ်၊ လွန်ခဲ့တဲ့နှစ်က အမေရိကန်မှာ ကြက်ညှာချောင်းဆိုးရောဂါရှိသူလေးသောင်း တစ်ထောင်
ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။



ကူးစက်ပုံ


ကြက်ညှာချောင်းဆိုးရောဂါက အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေတဲ့ ဘက်တီးရီးယားပိုးဝင် ကူးစက်မှုဖြစ်ပြီး လူတစ်ဦးကနေ နောက်တစ်ဦးကို ချောင်းဆိုးတဲ့အခါ ဒါမှမဟုတ် နှာချေတဲ့အခါ လေကနေ တစ်ဆင့် ဘက်တီးရီးယားပိုးတွေ ပျံ့နှံ့ကူးစက်တတ်ပါတယ်။

လက္ခဏာများ


ကြက်ညှာချောင်းဆိုးဖြစ်တဲ့အခါ အစောပိုင်းတွေ့ရတဲ့ လက္ခဏာတွေက သိနိုင်ဖို့ခက်ပါတယ်။ ကူးစက်ခံရပြီး တစ်ပတ်အကြာမှာ လက္ခဏာ စတင်ပြတတ်ပြီး နှာချေတာ၊ နှာမွှန်တာတွေ ဖြစ်တတ်တဲ့အတွက် အအေးမိ တာ၊ ဓာတ်မတည့်တာနဲ့မှားတတ်ပါတယ်။ ပိုးဝင်ပြီး ၁ဝ ရက်အကြာမှာ အဓိက ဖြစ်တတ်တဲ့ လက္ခဏာက
ပြင်းပြင်းထန်ထန် ချောင်းဆိုးတာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အသက်ရှူရခက်ခဲတတ်ပါတယ်။ ချောင်းဆိုး တဲ့ ကာလက ၁ဝ ပတ်နဲ့ အထက် ကြာတတ်ပါတယ်။ ကလေးတွေမှာ ကြက်ညှာချောင်းဆိုးဖြစ်ရင် အလွန် အန္တရာယ်များပါတယ်။ အဆက်မပြတ်ချောင်းဆိုးတာကြောင့် ကလေးငယ်တွေ ပြာနှမ်းတာမျိုး ဖြစ်တတ်ပါ တယ်။

ကာကွယ်နည်း


ကာကွယ်ဆေးဟာ အကောင်းဆုံးကာကွယ်နည်းပါ။ မွေးကင်းစကလေးတွေမှာ ရောဂါမဖြစ်အောင် ကိုယ် ဝန်ဆောင် ဒုတိယသုံးလပတ်အတွင်း  Tdap ကာကွယ်ဆေးပေးဖို့ CDC က အကြံပြုထားပါတယ်။

ကုသမှု


ပဋိဇီဝပိုးသတ်ဆေးနဲ့ ကုသမှုပေးတာကြောင့် တခြားသူဆီကို ရောဂါကူးစက်နိုင်ခြေ လျော့ကျစေသလို
ရောဂါလက္ခဏာကိုလည်း သက်သာစေပါတယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...