28 August, 2013

သင့်စားပွဲခုံက ပြောပြနေသော သင့်အကြောင်း


စာအုပ်တွေ၊ စာရွက်တွေရှိနေတဲ့ သင့်စားပွဲခုံက သပ်ရပ်သလား၊ အစီအစဉ်တကျရှိရဲ့လား၊ ရှုပ်ပွနေသလား ဆိုတဲ့ အချက်တွေပေါ်မူတည်ပြီးသင့်ကိုယ်ရည်ကိုယ်သွေးကို သိနိုင်ပါတယ်။


သင့်စားပွဲခုံတွင် မိသားစုဓာတ်ပုံအပြည့်ရှိပါက

♦ ချစ်စရာကောင်းသူပါ ♦



သင့်ကွန်ပျူတာ စခရင်မှာ သင့်မိသားစုရဲ့ ပျော်ရွှင်ကြည်နူးဖွယ်ပုံကို တင်ထားပါသလား။ သင့်စားပွဲခုံမှာ ချစ် စဖွယ်ကောင်းတဲ့ သင့်ရင်သွေးလေးတွေပုံကို တင်ထားတာက သင့်ကို စိတ်ခံစားချက်တိုးစေရုံသာမက သင် ကလည်း ချစ်စရာကောင်းသူတစ်ဦးဖြစ်ကြောင်း ဖော်ပြနေပါတယ်။ ဒါ့အပြင်သင်ဟာရုံးခန်းမှာသာမက လုပ် ငန်းခွင်ပြင်ပမှာလည်း လူမှုရေးကျေပွန်သူတစ်ဦး ဖြစ်နေပါတယ်။ သင့်စားပွဲပေါ်က ကိုယ်ရေးကိုယ်တာ အ ချက်အလက်တွေဟာ သင့်ကိုပိုပြီး သဘောကျစရာကောင်းသူတစ်ဦးဖြစ်လာအောင် ပံ့ပိုးနေပါတယ်။
• • • • • • • • • •


သင့်စားပွဲခုံက သပ်ရပ်ပြီး အစီအစဉ်တကျရှိပါက

♦ အောင်မြင်မှုညှို့ဓာတ်ရှိသူပါ ♦



သင့်စာအုပ်တွေကို စစ်သားတွေလို စည်းကမ်းတကျ စီတန်းထားတတ်ပါသလား။ သင့်စာရွက်စာတမ်းတွေ ကလည်းအစီအရီရှိနေပါသလား။ အသပ်ရပ်လွန်နေတဲ့ သင့်စားပွဲဟာသင်က တာဝန်ကျေပွန်ပြီး တာဝန် ယူတတ်သူဖြစ်ကြောင်းပြသနေပါတယ်။ လုပ်ငန်းခွင်မှာ ထိပ်တန်းရောက်နေသူတွေရဲ့ထိပ်တန်း အရည်အ
သွေးခြောက်မျိုးအနက်တစ်မျိုးဟာ စည်းကမ်းရှိတာပဲ ဖြစ်ကြောင်း လန်ဒန်တက္ကသိုလ်ကောလိပ်က ဆိုပါ တယ်။ သင့်အလုပ်ခွင်မှာ စနစ်တကျစီရီထားတဲ့ စားပွဲခုံဟာ သင်က ရည်မှန်းချက်ကြီးမားကြောင်း ဖော်ပြ
နေပါတယ်။

• • • • • • • • • •


သင့်စားပွဲခုံက ရှုပ်ပွနေပါက

♦ ဖန်တီးတီထွင်နိုင်စွမ်းရှိသော ပါရမီရှင်ပါ ♦



သင့်စားပွဲခုံပေါ်မှာ စာအုပ်အမျိုးမျိုး၊ စာရွက်စာတမ်းအမျိုးမျိုးနဲ့ ရှုပ်ပွနေရင် သင့်မှာ ဖန်တီးတီထွင်နိုင်တဲ့ စိတ်ကူး စိတ်သန်းတွေရှိပါတယ်။ သင့်စားပွဲရှုပ်ထွေးမှုဟာသင်က ပွင့်လင်းတဲ့ စိတ်ထားရှိပြီး အရာရာကို စူးစမ်းလိုစိတ်ရှိကြောင်း ပြသနေပါတယ်။ လတ်တလော ဒတ်ခ်ျလေ့လာမှု တစ်ရပ်အရ သပ်ရပ်မှုမရှိဘဲ ရှုပ်ပွနေတဲ့ စားပွဲခုံ တစ်လုံးဟာ စိတ်ကိုလှုံ့ဆော်နိုင်စွမ်းရှိပြီး ပြဿနာတွေကို ပိုမိုထိရောက်စွာ ဖြေရှင်း နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။
• • • • • • • • • •



သင့်စားပွဲခုံတွင် စိတ်ခွန်အားရှိဖွယ် စာစုများရှိပါက

♦ ခေါင်းဆောင်တစ်ဦးပါ ♦



သင့်စားပွဲမှာ စိတ်ကိုစေ့ဆော်နိုင်တဲ့ ဆိုရိုးစကားတွေ ချိတ်ဆွဲထားရင် သင်ဟာ ဥာဏ်ကွန့်မြူးတတ်သူ တစ် ဦးဖြစ်ပါတယ်။ အမြဲအားသစ်အင်သစ်တွေနဲ့ မြူးကြွနေတတ်တဲ့အတွက် စိတ်ဖိစီးမှုကိုတွန်းလှန်နိုင်တဲ့ ဟာသ
တွေနဲ့ အမြဲအပြုံးမပျက် ရပ်တည်နေနိုင်သူပါ။ သင့်ယုံကြည်ချက်ကို အားပေးတဲ့ စာတိုတွေဟာ သင့်ကိုသန် စွမ်းခိုင်မာတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ပြသနေပါတယ်။ တစ်မျိုးလှည့်ပြောရရင် သင်က ဥာဏ်ရှိတဲ့ အကြီးအကဲပါ။
• • • • • • • • • •



သင့်စာပွဲခံတွင် တိုလီမိုလီများ ပြည့်နှက်နေပါက

♦ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်သောအသင်းသားတစ်ဦးပါ ♦



သင့်စားပွဲခုံမှာ အလှဆင်ထားတဲ့ အရာလေးတွေနဲ့ ဗြုတ်စဗျင်းတောင်း ပြည့်နှက်နေရင် သင်ကအရာရာကို လက်တွေ့ကျကျ ဖြေရှင်းတတ်သူပါ။ သင့်စားပွဲပေါ်က ချစ်စရာကောင်းတဲ့ ပစ္စည်းလေးတွေနဲ့ ပြင်ဆင်ထား တဲ့ တက်ကြွမှုရှိတဲ့ သဘာဝအနေအထားဟာ တခြားသူတွေ လာရောက်ကြည့်ရှုပျော်ရွှင်အောင် ဖိတ်ခေါ်
နေသလိုပါပဲ။ ဒါကအလုပ်ပြီးမြောက်အောင် ကြိုးစားတတ်တဲ့ သင့်စိတ်ကို ဖော်ပြနေရာ ရောက်ပါတယ်။

★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...