17 May, 2013

ကျန်းမာစေရန် နေ့စဉ် လိုက်နာသင့်သော နည်းလမ်းကောင်း ၁၁ သွယ်

 

လွယ်ကူသော လေ့ကျင့်ခန်းလုပ်ပါ

အိပ်ထမတင် လေ့ကျင့်ခန်း၊ ထိုင်ထလေ့ကျင့်ခန်းစတဲ့ လွယ်ကူတဲ့ ကိရိယာလွတ် လေ့ကျင့်ခန်းတွေကို တစ်နေ့ ၅-၁၅ မိနစ်ခန့် လုပ်ပေးပါ။


အစာကို နည်းနည်းချင်းစားပါ

တစ်ကြိမ်တည်းနဲ့ အစာကို များများစားတာကို ရှောင်ပြီး နည်းနည်းချင်း မကြာခဏ စားပေးရင် အစာခြေ စနစ်ကို ပိုကျန်းမာစေပါတယ်။

၁၀ ကြိမ် အသက်ပြင်းပြင်း ရှူသွင်း ရှူထုတ်လုပ်ပါ

တစ်နေ့ ၁၀ ကြိမ်ခန့် အသက်ပြင်းပြင်းရှူသွင်း၊ ရှူထုတ်လုပ်ပေးတာကြောင့် အဆိပ်တွေကို ပိုမို ကင်းစင်စေ ပြီး ဦးနှောက်ထဲကို အောက်ဆီဂျင် ရောက်ရှိမှု ၂၀ ရာခိုင်နှုန်း ပိုများစေပါတယ်။

ဇွန်း၊ ခက်ရင်းကို ချထားပါ

အစာတစ်လုပ်နဲ့ တစ်လုပ်ကြားခက်ရင်းကို ချထားပြီး အစာကို ကြေညက်အောင် ၀ါးစားရင် အစာခြေ စနစ် ပြဿနာမဖြစ်အောင် ကာကွယ်ပေးနိုင်သလို အစာကို အလွန်အမင်း မစားဖြစ်အောင် ကာကွယ်ပေး ပါတယ်။

စာရင်းပြုစုပါ

စိတ်ဖိစီးမှု ကင်းစေတဲ့ နည်းပါ။ လုပ်စရာ အလုပ်တွေ များနေရင် စာရင်းပြုစုထားလိုက်ပါက ဦးနှောက်ကို ဖိစီးမှုဖြစ်စေပြီး တင်းအားဖြစ်စေတဲ့ အရာအားလုံးကို ရှင်းထုတ်လိုက်သလို ဖြစ်သွားစေပါတယ်။ ဒီနည်း ဟာ ခေါင်းကိုက်တာ၊ စိတ်ဓာတ်ကျတာနဲ့ သွေးတိုးတာတို့ကို လျော့ကျစေပါတယ်။

ခြေဖ၀ါးကို နှိပ်နယ်ပေးပါ

သွေးလှည့်ပတ်မှု မကောင်းတာကြောင့် လိုအပ်တဲ့ အိပ်ချိန်မရဘဲ အိပ်ရေးပျက်စေပါတယ်။ သွေးလှည့်ပတ် မှု မကောင်းတာကြောင့် ခန္ဓာကိုယ်ညောင်းညာတောင့်တင်းကာ စိတ်ပန်းကိုယ်ပန်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မအိပ်ခင် ခြေဖ၀ါးနဲ့ လက်ဖ၀ါးကို နှိပ်နယ်ပေးကာ သွေးလှည့်ပတ်မှု ကောင်းအောင် ကြိုးစားသင့် ပါတယ်။

တစ်နေ့ ပန်းသီးတစ်လုံးစားပါ

တစ်နေ့ သြဂဲနစ် ပန်းသီးတစ်လုံးစားတာကြောင့် ကျန်းမာရေးကောင်းမွန်စေပါတယ်။ သြဂဲနစ်မဟုတ်တဲ့ သစ်သီးတွေကို ဆားရေနဲ့ သေချာစင်အောင်ဆေးကြောပြီးမှ စားသင့်ပါတယ်။

လက်ဖက်စိမ်း လက်ဖက်ရည်သောက်ပါ

လေ့လာမှုအရ လက်ဖက်စိမ်းဟာ ရိုးရိုးလက်ဖက်ခြောက်ထက် အင်တီအောက်ဆီးဒင့်ပါဝင်မှု ပိုများပြီး ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်နိုင်စွမ်း ပိုများကြောင့် သိရပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်သောက် တာကြောင့် ကင်ဆာကို တွန်းလှန်နိုင်ပါတယ်။

သစ်သီးခြောက်စားပါ

သစ်သီးခြောက်တွေမှာ အဓိကတွေ့ရတဲ့ အာဟာရဓာတ်က သံဓာတ်ပါ။ ဒါကြောင့် မောပန်းမှု၊ စိတ်တို အလိုမကျမှုနဲ့ အာရုံစူးစိုက်နိုင်စွမ်း မရှိတာတို့ကိုကင်းဝေးစေပါတယ်။

ဟင်းသီးဟင်းရွက် အစိမ်းကိုစားပါ

သခွားသီး၊ ရှောက်ရွက်၊ တရုတ်နံနံ၊ သရက်သီးစိမ်း စတဲ့ အစိမ်းစားနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေကို ကြိတ် ၀ါးပြီးစားပေးပါ။ ဗီတာမင်နဲ့ သတ္တုဓာတ် အစုံအလင် ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။

ကိုယ့်ခံစားချက်ကို အာရုံစိုက်ပါ

တစ်နေ့ မိနစ် ၂၀ ခန့် လမ်းလျှောက်ရင်း ကိုယ့်ခံစားချက်ကို အာရုံစိုက်ပေးပါ။ တကယ်လို့ စိတ်ရော ကိုယ် ပါ ပင်ပန်းနေပြီလို့ ထင်ရင် အိပ်စက်အနားယူပါ။ မွန်းကျပ်နေရင် ကိုယ့်ခံစားချက်ကို ယုံကြည်ရသူတစ်ဦးထံ ရင်ဖွင့်ပြောဆိုလိုက်ပါ။ ကိုယ့်အတွက် သီးသန့်အချိန်ပေးဖို့ မမေ့ပါနဲ့။

ကြယ်စင်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...