14 May, 2013

လျော့ရဲနေသော အရေပြား တင်းရင်းလှပစေမည့် သဘာဝနည်းများ

 
အရေပြားလျော့တွဲတာက အသက်ကြီးလာတာကြောင့် ဖြစ်ပေါ်လာတဲ့ မျက်နှာအရေပြားရဲ့ သဘာဝဖြစ်စဉ် တစ်ခုပါ။ မေးအောက်ပိုင်းနဲ့ မျက်စိအောက်ပိုင်းတွေမှာ ပိုသိသာတတ်ပါတယ်။ အရေပြားလျော့တွဲတာက အရေပြားတင်းရင်းစေတဲ့ အီလက်စတင်နဲ့ ကော်လာဂျင်တို့ ဆုံးရှုံးမှုကြောင့် ဖြစ်ရတာပါ။ အရေပြား လျော့ တွဲမှုကင်းပြီး ပုံမှန်ဖြစ်စဉ်ပြန်ရဖို့ဆိုရင် အောက်ပါ အိမ်သုံးနည်းတွေကို လိုက်နာသင့်ပါတယ်။

ကြက်ဥအကာ၊ ဘဲဥအကာဖြင့် ပေါင်းတင်နည်း

ကြက်ဥအကာ၊ ဘဲဥအကာကို သံလွင်ဆီနဲ့ ရောပြီးမျက်နှာပေါ်လိမ်းရင် အရေပြားလျော့တွဲမှုနဲ့ အရေး
ကြောင်းတွေကို လျော့ကျစေပါတယ်။ ကြက်ဥ၊ ဘဲဥအကာဟာ အရေပြားမှာ ကော်လာဂျင် ထုတ်လုပ်မှုကို
ကောင်းစေပြီး သံလွင်ဆီက အသားအရေကို ရေဓာတ်ပြည့်ဝကာ စိုပြည်စေပါတယ်။ ဒီနှစ်ခုပေါင်းပြီး ပေါင်း တင်ပေးတာကြောင့် လျော့ရဲနေတဲ့ အရေပြားကို တင်းရင်းသွားစေတာပါ။

ငှက်ပျောသီးဖြင့် ပေါင်းတင်နည်း

ကြိတ်ချေထားတဲ့ ငှက်ပျောသီးမှည့် တစ်လုံး၊ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းနဲ့ သံလွင်ဆီလက်ဖက်စား ဇွန်း တစ်ဇွန်းတို့ကို ရောပြီး မျက်နှာပြင်အနှံ့လိမ်းပေးတာကြောင့် အရေပြားကို တင်းရင်းစေပြီး ချက်ချင်း ကြည်လင်တောက်ပစေပါတယ်။ အရေပြားမှာ အစိုဓာတ်ရှိနေစေတဲ့အပြင် ဆီကြည်ထွက်ရှိမှုကို ထိန်းညှိ
ပေးပါတယ်။

နနွင်းမှုန့်နှင့် ရေတို့ဖြင့် ပေါင်းတင်နည်း

နနွင်းမှုန့်နဲ့ ရေးကို စေးပျစ်အောင် ရောမွှေပြီး မျက်နှာအရေပြားအနှံ့ ညီညီမျှမျှလိမ်းပါ။ ပြီးရင် ၁၅ မိနစ် ကြာ ခြောက်သွေ့အောင် ထားပြီး ရေအေးနဲ့ ဆေးကြောလိုက်ပါ။ ဒီအိမ်တွင်းကုထုံးဟာ အသားအရေကို တင်းရင်းလှပစေပါတယ်။

စတော်ဘယ်ရီသီးနှင့် ဒိန်ချဉ်တို့ဖြင့် ပေါင်းတင်နည်း

စတော်ဘယ်ရီသီးအနည်းငယ်ကို ကြိတ်ချေလိုက်ပါ။ ပြီးရင် ဒိန်ချဉ်နဲ့ရောပြီး အနှစ်သားရအောင်လုပ်ကာ မျက်နှာအနှံ့ သုတ်လိမ်းပေးပါ။ မိနစ်အနည်းငယ်ကြာမှ ရေနဲ့ ဆေးချလိုက်ပါ။ ဒီနည်းက တိုနာအနေနဲ့လည်း အသုံးဝင်တာကြောင့် ချွေးပေါက်ကျဉ်းစေပါတယ်။ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး မျက်နှာကို နုနယ် လှပစေပါတယ်။

ခရမ်းချဉ်သီး အနှစ်ရည်ဖြင့် ပေါင်းတင်နည်း

ခရမ်းချဉ်သီးအရည်ကို မျက်နှာအရေပြား အနှံ့သုတ်လိမ်းကာ စက်ဝိုင်းပုံစံအတိုင်း ညင်ညင်သာသာ နှိပ် နယ်ပါ။ အချိန် ငါးမိနစ်ကြာမှ ရေအေးနဲ့ဆေးကြောရမှာ ဖြစ်ပါတယ်။ ခရမ်းချဉ်သီးအရည်ကို အဆတ်မပြတ် လိမ်းတာကြောင့် လျော့တွဲနေတဲ့ အရေပြားကို တင်းရင်းစေပြီး ချွေးပေါက်ကျဉ်းကာ အသားအရေကို ကြည် လင်တောက်ပစေပါတယ်။

ပင်လယ်ဆားဖြင့် ကြေးချွတ်ပါ

တစ်ပတ်တစ်ကြိမ် ပင်လယ်ဆားခတ်ထားတဲ့ကြက်သီးနွေးရေနဲ့ ရေချိုးလိုက်ရင် အရေပြားကို တင်းရင်းစေ ပြီး ငယ်နုတဲ့ အသွင်အပြင်ဖြစ်စေပါတယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...