16 May, 2013

အမျိုးသားတို့ သိထားသင့်သော မီးဖိုချောင်သုံးပစ္စည်းများသုံးပြီး ဝေဒနာကုသနည်းများ


အမျိုးသားအများစုဟာ ဗိုက်အောင့်တာ၊ မောပန်းနွမ်းနယ်တာ၊ လေပွတာ၊ နှာခေါင်းပိတ်တာစတဲ့ ဝေဒနာ
တွေဖြစ်ပေါ်တဲ့အခါ ဆေးခန်းကိုလည်း မသွားချင်၊ ဝေဒနာလည်း သက်သာလိုကြပါတယ် ဒီလိုအချိန်မှာ
ဝေဒနာသက်သာစေဖို့ မီးဖိုးချောင်ရှိဟင်းခတ်အမွှေးအကြိုင် ပစ္စည်းတွေက ကူညီပေးနိုင်တယ် ဆိုတာကို
ဖော်ပြပေးလိုက်ရပါတယ်။

အစာအိမ်အူလမ်းကြောင်း မသက်မသာ ခံစားနေရသလား စမြိတ်ပင်ကို သုံးပါ

စမြိတ်ပင်မှာပါတဲ့ လိုင်မိုနင်းဟာ ပဋိဇီဝပိုးသတ်ဆေးတွေလိုပဲ အစာအိမ်အူလိမ်းကြောင်းရှိအီးကိုလိုင်လို အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အစွမ်းရှိကြောင် အိန္ဒိယ သိပ္ပံပညာရှင်တွေက လေ့ လာတွေ့ရှိထားပါတယ်။
ပိုမိုအာနိသင်ကောင်းစေရန် တွဲဖက်စားသင့်သည်များ
ဆယ်လ်မွန်ငါး၊ ဥအမျိုးမျိုး၊ သခွားသီး၊ ကြက်သား၊ အရည်ကျဲကျဲ စွပ်ပြုတ်၊ မုန်လာဥနီ။

လေပွနေသလား တရုတ်နံနံကို သုံးပါ

တရုတ်နံနံမှာ အေမီရောနဲ့ မိုင်ရစ္စတီစင်တို့လို သဘာဝဆီးသွားစေတဲ့ ဓာတ်ရှိတာကြောင့် ခန္ဓာကိုယ် တစ်သျှူးတွေထဲကို ဆားပြန်လည် စုပ်ယူမှုမရှိစေဖို့ ကာကွယ်ပေးပြီး ရေဓာတ်စုပ်ယူမှုလည်း မရှိတာ
ကြောင့် လေပွတာကို သက်သာစေတာဖြစ်ပါတယ်။
ပိုမိုအာနိသင်ကောင်းစေရန် တွဲဖက်စားသင့်သည်များ
အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ကြက်သွန်နီ၊ ခေါက်ဆွဲ၊ ဟင်းရွက်သုပ်၊ ပင်လယ်စာ၊ ခရမ်းချဉ်သီး။

နှာခေါင်းပိတ်နေသလား ငရုတ်ပွသီးအနီကို သုံးပါ

ငရုတ်ပွသီးအနီမှာ ပါတဲ့ ကပ်ဆိုက်စင်ဓာတ်ဟာရောင်ရမ်းမှုနဲ့ ဆက်စပ်နေတဲ့ နျူရိုထရန်စမစ်တာ ဒြပ် P ရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။ ဒါကြောင့် နှာခေါင်းပိတ်တာနဲ့ အသက်ရှူကျပ်တာကို သက်သာစေတာ ပါ။
ပိုမိုအာနိသင်ကောင်းစေရန် တွဲဖက်စားသင့်သည်များ
အမြစ်ပါ စားနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ ထမင်း၊ ချောကလက်၊ အစိမ်းရောင် ဟင်းဟီးဟင်းရွက်တွေ၊ ပုစွန်၊ ဥအမျိုးမျိုး၊ ပြောင်းဖူးပေါက်ပေါက်၊ ချိစ်ဆင်းဒ၀ှစ်ခ်ျ၊ ပဲအမျိုးမျိုး၊ ခရင်မ်စွပ်ပြုတ်။

စိတ်ဓာတ်ကျနေသလား ပင်စိမ်းကို သုံးပါ

ပင်စိမ်းမှာပါတဲ့ ယူဂျီနောနဲ့ ရို့မ်မရီနစ်အက်စစ်တို့က ဦးနှောက်ထဲက စိတ်ခံစားမှုကောင်းမွန်စေတဲ့ ဒိုပါမင်း နဲ့ ဆီရိုတိုနင်ထုတ်လုပ်မှုကို အားကောင်းစေပါတယ်။ ပင်စိမ်းစားတာက နေသာတဲ့ နေ့တွေမှာလိုမျိုး စိတ်ခံစား ချက်ကို ကောင်းမွန်စေတယ်လို့ အိန္ဒိယလေ့လာသူတွေက ဆိုပါတယ်။
ပိုမိုအာနိသင်ကောင်းစေရန် တွဲဖက်စားသင့်သည်များ
ခရမ်းချဉ်သီး၊ သံလွင်သီး၊ စတော်ဘယ်ရီသီး၊ ဖရဲသီး၊ ပီဇာ၊ ခေါက်ဆွဲ၊ အဖြူရောင် ငါး။

အမြဲမောပန်းနွမ်းနယ်နေသလား နံနံပင်ကို သုံးပါ

နံနံပင်မှာပါတဲ့ ကာဘောက်ဇလစ် အက်စစ်ဟာ သွေးထဲက ပြဒါးဓာတ်လို အပြင်းစား သတ္တုတွေကို ပေါင်း စပ်ပြီး ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းအနေနဲ့ ထွက်ရှိသွားပါတယ်။ ဒီလို မစွန့်ပစ်ခင်မှာ ဒီဓာတ်တွေက တာ ရှည်ညောင်းညာနုံးနယ်တာ၊ အဆစ်နာတာနဲ့ စိတ်ဓာတ်ကျတာတို့ကို ဖြစ်စေနိုင်တဲ့အတွက် စွန့်ပစ်ပစ္စည်း အနေနဲ့ ထွက်ရှိသွားတဲ့ အခါ ဒီဝေဒနာတွေ ကင်းစင်ပြီး ပေါ့ပါးသွားပါတော့တယ်။
ပိုမိုအာနိသင်ကောင်းစေရန် တွဲဖက်စားသင့်သည်များ
ထောပတ်သီး၊ ပင်လယ်စာ၊ ပြောင်း၊ ပဲမည်း၊ အမဲသားကင်။

ပျို့ချင်အန်ချင်သလို ဖြစ်နေသလား ချင်း(ဂျင်း)ကို သုံးပါ

ချင်းထဲမှာ ပါတဲ့ Gingerol နဲ့ Shogaol တို့ဟာ အစာခြေလမ်းကြောင်း ဝေဒနာကို သက်သာစေတာကြောင့် ချင်းစားပေးတာက ကားမူးပျောက်ဆေးပြားတွေ သောက်တာထက် ပျို့ချင်အန်ချင်ဖြစ်တဲ့ ဝေဒနာကို ပိုမို သက်သာစေတယ်လို့ ဘရိုင်ဟမ်တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။
ပိုမိုအာနိသင်ကောင်းစေရန် တွဲဖက်စားသင့်သည်များ
အချဉ်အရာသာရှိတဲ့ သစ်သီးဝလံတွေ၊ လက်ဖက်ရည်၊ ကဇွန်းဥ၊ ၀က်သား၊ အုန်းသီး၊ ကြက်သွန်နီ၊ စွပ်ပြုတ်၊ သစ်တော်သီး၊ ထမင်း။

ကေအမ်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...