17 May, 2013

ခန္ဓာကိုယ်သွယ်လျစေရန် နမ်းရှူသင့်သော အစာ ငါးမျိုး


တချို့အနံ့တွေကို ရှူရှိုက်တာဟာ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသလို တချို့အနံ့တွေက အစာစားချင် စိတ်ကို လျော့ပါးစေပါတယ်။ အထူးသဖြင့် အောက်ပါအစာတွေရဲ့ အနံ့တွေကို ရှူသွင်းတာကြောင့် ကိုယ် အလေးချိန်လျော့ကျအောင် ကူညီနိုင်ပါတယ်။

(၁) သံလွင်ဆီစစ်စစ်

ဂျာမန်သုတေသနစင်တာရဲ့ လေ့လာမှုအသစ်တစ်ခုအရ သံလွင်ဆီစစ်စစ်အနံ့ကို ရှူရှိုက်တာကြောင့် ဗိုက်ပြည့်တဲ့ ခံစားချက်ကို ရရှိစေကြောင်း သိရပါတယ်။ သံလွင်ဆီထည့်ထားတဲ့ ဒိန်ချဉ်ကို သောက်တာက ဒိန်ချဉ်အလွတ်ကို သောက်တာနဲ့စာရင် ကယ်လိုရီစုပ်ယူရရှိမှု နည်းပါးကြောင်း သိရပါတယ်။ သံလွင်ဆီပါတဲ့ ဒိန်ချဉ်သောက်တာကြောင့် ဆီရိုတိုနင်ဟော်မုန်းအဆင့် မြင့်တက်မှုရှိကာ ဗိုက်ပြည့်စေပါတယ်။ သံလွင်ဆီ မှာပါတဲ့ အဆီက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဖြစ်တာကြောင့် ဗိုက်ပူတာကို လျော့ကျစေပါတယ်။

(၂) ကြက်သွန်ဖြူ

အနံ့အကြောင်း လေ့လာမှုတစ်ရပ်အရ ကြက်သွန်ဖြူရဲ့ စူးရှတဲ့ အနံ့အသက်ဟာ အစာတွေကို နည်းနည်း ချင်းစီပဲ ကိုက်ယူစားသောက်ဖြစ်စေတယ်လို့သိရပါတယ်။ ကြက်သွန်နီနဲ့ ငရုတ်သီးလို စူးရှတဲ့ အနံ့ပါတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေလို ရှူရှိုက်စားသုံးတာကလည်း ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။

(၃) အစိမ်းရောင် ပန်းသီးနှင့် ငှက်ပျောသီး

အနံ့နဲ့ အရသာကုသမှုဆိုင်ရာလေ့လာမှုတစ်ရပ်အရ ငှက်ပျောသီးအနံ့ ဒါမှမဟုတ် အစိမ်းရောင်ပန်းသီး အနံ့ကို ရှူရှိုက်တဲ့ ကိုယ်အလေးချိန်များသူတွေဟာ မရှူရှိုက်သူတွေထက် ဆာလောင်မှု လျော့နည်းပြီး ကိုယ်အလေးချိန်ဆုံးရှုံးမှု ပိုများကြောင်း သိရပါတယ်။ သဘာဝကျကျ ချိုမြိန်တဲ့ အနံ့တွေကို နမ်းရှုပ်ရတာ
ကြောင့် အစာစားချင်တဲ့ ဆန္ဒကိုဟန့်တားပေးနိုင်တာကို ယုံကြည်ကြပါတယ်။

(၄) စမုန်နက်

လန်းဆန်းသွားစေတဲ့ စမုန်နက်အနံ့ဟာ အစာစားချင်တဲ့ ဆန္ဒကို လျော့ပါးအောင် ချိုးနှိမ်းပေးတယ်လို့ ရနံ့ ကုထုံးလေ့လာမှုအရ သိရပါတယ်။

(၅) ဂရိတ်ဖရုသီး

ဗီတာမင်စီနဲ့ လိုင်ကိုပင်းတို့ များစွာပါဝင်တဲ့ ဂရိတ်ဖရုသီးဟာ ၀ိတ်လျှော့နေသတို့ အနှစ်သက်ဆုံးအစာပါ။ ဂရိတဖရုသီးကို မစားခင် နှစ်စက္ကန့်လောက် အနံ့ရှူလိုက်ရုံနဲ့ ကိုယ်အလေးချိန်ကို သိသိသာသာလျော့ ကျစေလို့ပဲ ဖြစ်ပါတယ်။ ဂရိတ်ဖရုအဆီအနံ့ကို ၁၅ မိနစ်ခြား တစ်ကြိမ်ရှူရှိုက်တဲ့ ကြွက်တွေဟာ အစာစား ချင်စိတ်နဲ့ ကိုယ်အလေးချိန် လျော့နည်းသွားကြောင်း အိုဆာကာတက္ကသိုလ်ရဲ့ လေ့လာသူတွေက ဆိုပါ တယ်။ ဂရိတ်ဖရုအနံ့ဟာ အသည်းအင်ဇိုင်းတွေနဲ့ ဆက်စပ်နေတာကြောင့် ဖြစ်နိုင်ကြောင်း လေ့လာသူတွေ က ယုံကြည်ကြပါတယ်။

ဇွန် (Ref;RD)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...